2017 အတိတ် တဘောင်


နတ်တို့ ပြောယောင် အတိတ်တဘောင်ကို ပေါရဏကဝိတို့က ကဗျာလင်္ကာတို့ဖြင့် သီကုံးဖွဲ့နွဲ့တော်မူခဲ့ ကြသည်ကို မြန်မာစာပေတွင် လေ့လာလိုက်စားသူတို့ သိမှတ်ခွင့်ရကြသည်။ မကြာသေးမှီက ဗိုလ်အောင်ဒင်သီ ချင်းခေတ်စားတော့ ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာတွင် လူဆိုးလူမိုက်တို့ သေနတ်ဖြင့် ဗိုလ်အောင်ဒင်ရုပ်ရှင် ကွက်ကို မင်းသားကြီး ကြည်လင်းမှတကယ်ပြခဲ့သည်။
အခုလည်း ခလိန်ရွာ ရွှေထွက်နေသည့်သတင်းကို ဒီမိုကရက်တစ်သတင်းတွင် ကြည့်လိုက်ရလို့ အခု တဘောင် ကိုချရေးမိခြင်းသာဖြစ်ပါတယ်။
ရွှေထွက်ရင် ပြည်သူတွေချမ်းသာပြီ ပေါ့။ ကဲ  . .စာဖတ်သူတို့ တဘောင်၏ အဓိပ္ပါယ်နိဿယကို သိမှီနိုင်ကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ ရွှေ ထွက်ရင် ချမ်းသာပြီနော်  ..  ရွှေကြီးက အသေထွက်မလား အရှင်ထွက်မ လား စာဖတ်သူတို့ ဆက်တွေးလိုက်ကြစမ်းပါ။ ဗုဒ္ဓပြောတဲ့ ဗာဟုသိပဉ္စမင်္ဂလာဆိုတာ ဒီလိုတွေးနိုင်ဖို့ကိုပြောတာ မို့ စာရေးသူ အဖြေမထုတ်ပေးပါရစေနဲ့  ကိုယ်တိုင်သာ ရွှေအသေထွက်မလား အရှင်ထွက်မလား တွေးလိုက်ကြ ပေတော့  .. ။

ဒိုးကြီး(ဝိဘဇ္ဇ) 22.Mar.2017 – 9း19am

Comments

Popular posts from this blog