မျက်ကဏ်းတန်ဘိုး တိုး၍တက်ချေပြီ


အမှားတစ်ခုကို မဝေဖန်အထောက်ပြဘဲ နေကြမယ်ဆိုရင် ကမ္ဘာမှာ ဥပဒေပြုမှုနှင့် ယင်းဥပဒေစီရင် ထုံးဆိုတာတွေ ပေါ်ပေါက်လာစရာအကြောင်းမရှိပေ  ပိဋကတ်စာပေနယ်အရပြောရပါရင် ဝိနည်းပိဋ ကတ်ကို မီးရှို့ပစ်ဖို့သာလိုတော့သည်မဟုတ်ပါလော ။
စက္ခုဒွါရရှိသော လူသားသည် အလင်းကိုသိခြင်းနှင့်အမှောင်ကိုသိခြင်းဟူသော စက္ခုပသာဒကို ခံစား ခွင့်ရမည် ယင်းလူသားသည် အလင်းကိုအလင်းဟု အမှောင်ကိုအမှောင်ဟု ထုတ်ဖေါ်ပြောကြားခြင်း ဝန်ခံခြင်း ဝေဖန်ခြင်း စစ်ကြောဝေဖန်ခြင်းတို့သည် ယင်းလူသား၏ ဝါယမအာသိသဖြစ်သလို အလင်း အမှောင်တို့၏ ကောင်းကျိုးဆိုးပြစ်အား ဆင့်ပွားသိရှိလာကြပြီး လောကသားများအတွက် ဆောင်ခြင်း ရှောင်ခြင်းဟူသော ဓမ္မသဘာဝသတ္တိကို သိရှိနိုင်ကြမည်ဖြစ်သည်။
အက်ဒီဆင်သည် ယင်းဓမ္မသဘာဝသတ္တိကို သူရူးတစ်ယောက်နှယ်ကျိုးစားရှာဖွေ တင်ပြနိုင်ခဲ့သော ကြောင့် ယနေ့ကမ္ဘာကြီးလင်းနေသည်မဟုတ်ပါလော ။ ထို ဥပမာကိုဆောင်၍ လူသားသည် မိမိဝန်း ကျင်တွင် အမှန်ကို အမှန်ဟု အမှားကို အမှားဟု ရဲဝံ့စွာပြောရမည် ဝေဖန်ရမည် တင်ပြရမည်  ထိုသို့ မဟုတ်ဘဲ ကောင်းဆိုးနှစ်တန် ဖြစ်ရပ်မှန်ကို ရေငုံနှုတ်ပိတ်နေရမည်ဆိုပါက လောကတွင် မျက်ကဏ်း တို့၏ တန်ဘိုး တိုး၍တက်လာစရာသာရှိတော့မည်။
ကျုပ်ကဲ့သို့ အခုလို စာတွေရေးနေသူ ခင်ဗျားကဲ့သို့ ယခုလိုစာတွေဖတ်နေသူ တို့နှစ်ဦး မျက်လင်းသ မားတို့အတွက် တန်ဘိုးသည် တိုး၍ ဆုတ်ယုတ်ဖွယ်ရာသာရှိတော့မည်။
သမ္မတကို မဝေဖန်ဝေမထောက်ပြရတော့ဘူးလား ?
နိုင်ငံတော်အတိုင်ပင်ကို မဝေဖန်မထောက်ပြရတော့ဘူလား?
အမတ်တွေကို မဝေဖန်မထောက်ပြရတော့ဘူးလား?
ဒါဆိုရင်  ..
သူတို့လုပ်သမျှဟာ ဘုရားအလားမို့ အမှားဆိုတာ မြူမှမရှိ ပကတိအကောင်းတွေချည်းပဲလား?
ယင်းသို့ဖြင့်ရင်တော့ ကျုပ် အခုကစပြီး ရေငုံနှုတ်ပိတ်နေလိုက်ပါတော့မယ်။ သို့သော် ကျုပ်သည် မျက်ကဏ်းတော့မဟုတ် မျက်ကဏ်းတို့၏ တန်ဘိုး တိုးတက်နေပါကလည်း ကျုပ်နှင့်မဆိုင်တော့ချေ။
ကျုပ်တို့သည် လောကကို မှီတွယ်သူတွေသာဖြစ်သည် လောကကိုကောင်းကျိုးပြုသူရယ်လို့ ရှာ၍ ရနိုင်သူက ရှားလှသည် ကျုပ်တို့သည် မြင်မြင်ကာမျှ ကြားကြားကာမျှ အဆိုးနှင့်အကောင်းတွေကို ဝေဖန်ထောက်ပြ ငြင်းခုံခြင်း ပြုခွင့်မရပါက ပြုခွင့်မပေးပါက မျက်ကဏ်းဘဝနှင့်ဘာများ ကွာခြားနေပါ သလဲ? ထိုကဲ့သို့ ဝိဘဇ္ဇခေါ် မှားမှန်ကောင်းဆိုး ကြောင်းကျိုးနှစ်တန်ကို ခွဲခြားစိတ်ဖြာ ဝေဖန်ပိုင်းခြား ဆောင်ခြင်းရှောင်ခြင်း မပြုလုပ်ရပါက ယင်းကို လူသားဟူ၍ရော သမုတ်နိုင်မည်နည်း?
ပြစ်မှုလွန်ကျူးသည် သူလွန်ကျူးမှုကို အမှားကိုအမှားဟုသိခြင်းဖြင့် နောင်တစ်ကြိမ် မဖြစ်ပွားအောင် ဆင်ခြင်နိုင်သည် ။ ပြစ်မှုလွန်ကျူးနေသူအား မျက်ကဏ်းအသိကဏ်းတို့ကဲ့သို့ ရေငုံနှုတ်ပိတ်နေမည် ဆိုပါက ပြစ်မှုလွန်ကျူးသူအတွက် နောက်ထပ်အကြိမ်ရာပေါင်းများစွာဖြစ်ပေါ်ဖို့ရန် အားပေးအား မြောက်ပြုသလိုဖြစ်နေသည်။
ထို့ကြောင့် လောကတွင် ရေငုံနှုတ်ပိတ် ခဏလောက်နေကြမည်ဆိုပါ ယင်းခဏအတွင်းတွင် ဘယ်စံ နှုန်းဖြင့်ညီမျှသော ပြစ်မှုများ လွန်ကျူးနိုင်ကြမလဲ? ဟု တွေးဆင်ခြင်မိကြပါသလား?
အမှားကို အမှားဟု သိခြင်း ဝန်ခံခြင်း ဝေဖန်ခြင်းတို့သည် သူတော်ကောင်းလောကတွက် စံတန်ဘိုး တစ်ခုပင်ဖြစ်သည်ကို ပိဋကတ်စာပေတို့ကို ထဲထဲဝင်ဝင်လိုက်စားဖူးပါက သိနိုင်သည်။ ဗုဒ္ဓသည် ပြစ်မှု ကျူးလွန်သူအတွက် ဘယ်မျှပင် ပြစ်မှုကြီးစေကာမူ ῍ အာယတိံ သံဝရေယာထ῎ ဟုသာ ဆုံးမတော် မူသည်။ ပြစ်မှုအား မျက်ကဏ်းသဖွယ် ဖုံးကွယ်ခြင်းကို ဗုဒ္ဓါဝါဒက လက်မခံပေ ။
အမှားသည် ပုထုဇဉ်ကမ္ဘာအတွက် ယဉ်ပါးနေပြီဖြစ်သည်ကို ဗုဒ္ဓသည် သဗ္ဗညုတဉာဏ်ဖြင့်သိ၏ သိ သည့်အလျှောက် အမှားတို့အား ထုတ်ဖေါ် ဝန်ခံခြင်းကို ဗုဒ္ဓကိုယ်တော်တိုင် လိုလားနှစ်သက်တော်မူ ခဲ့သည်မှာ မဟာပရိနိဗ္ဗာန္နသုတ္တံကို ထဲထဲဝင်ဝင်ဖတ်မှတ်ဖူးပါကလည်း သိနိုင်ပါသေးသည်။
ထို့ကြောင့် အမှားလောကအမှန်လောကဆိုရာမှာ . .
ခွေးတိရိစ္ဆာန်တို့သည် မဝေဖန်ကြပေ  . .
ခွေးတိရိစ္ဆာန် တို့သည် မငြင်းခုံကြပေ  . .
ခွေးတိရိစ္ဆာန် တို့သည် ကြောင်းကျိုးဆက်ယှက်မသိနိုင်ကြပေ  ..
သို့သော်  ..
ခွေးတိရိစ္ဆာန် တို့သည်တစ်ကောင်နှင့်တစ်ကောင် ကိုက်တက်ရုံသာရှိကြသည်။
ထိုသို့ဆိုပါက လူသားသည် မျက်ကဏ်းဘဝဟုသမုတ်ခြင်းထက် ခွေးတိရိစ္ဆာန်တစ်ကောင်၏ဘ၀နှင့်  အလားတူနေပါရောဟု ဘယ်သူသည် ကျုပ်ကဲ့သို့ တွေးတောဆင်ခြင်မိပါသနည်း။ ထိုကြောင့် ယခု စာမူလေးသည် လောကတွင် မျက်ကဏ်းများ တန်ဘိုးယုတ်လျှော့စေချင်သော စေတနာအာသိသ သမ္မာဆန္ဒတစ်ခုသာဖြစ်ပါသည်ဟု  .. ။
အမှန်တရားအတွက် မည်သူမဆို လွတ်လပ်စွာ Share ခွင့်ရှိပါသည်။
ကိုးကား  ..
သုတ္တံပိဋကတ်
ဗြဟ္မဇာလသုတ်
မဟာပရိနိဗ္ဗာနသုတ်
ဒိုးကြီး(ဝိဘဇ္ဇ)25.Apr.17-10;15pm

Comments

Popular posts from this blog