အညတရ
ကောင်မလေးရေ
. .
သုံးဘက်မြင် ပုံရိပ်တစ်ခုထဲမှာ
နင်ခဏလောက် ရပ်နေပေးပါလား ?
ခဏလေးပါ
.. တကယ်။
ကောင်မလေးရေ
. .
အယ်လကိုဟောတစ်ပုလင်းထဲမှာ
နင်ခဏလောက် တို့ရစ်မူးကြည့်မလား?
ခဏလေးပါ
.. . တကယ် ။
ကောင်မလေးရေ
..
ငါဟာ နင်တို့သဘောကြတဲ့ 3D ကင်မရာတစ်လုံးမဟုတ်သလို
နင်တို့တွေ ဂုဏ်မောက်လိုကြတဲ့ ဂျော်နီဝါကား တစ်ပုလင်းလည်းမဟုတ်ခဲ့ပါဘူး။
သေချာတာကတော့
. .
ငါက ကဗျာ တစ်ပုဒ်ရယ်ပါ။
ဒိုးကြီး(ဝိဘဇ္ဇ)
Comments