အသဲတစ်ခြမ်းကို လွမ်းဖို့သိမ်းထားမယ်


ဂန္တဝင်ဂီတစာဆိုတော်ကြီးလို့ပင် ချီးကျူးကော်ရော်ထိုက်ပေသည် အကြောင်းမှာ ကျုပ်အသက်လေးဆယ် ကျော်ရှိပြီဆိုတော့က ယင်းတေးသီချင်းသည် ကျုပ်အသက်နှင့်ပင် ကြီးပင်ကြီးနိုင်ပါသေးသည် သို့တိုင် အောင် မဟာရန်ကုန် မြို့လည်ခေါင်တည့်တည့်ဖြစ်သော ပန်းဆိုးတန်းမှာ ခေတ်စားနေတုန်းပင်ရှိသေးသည် ။ ပြန်ဆို တေးသံရှင် ပန်းအိဖြူကလည်း အဆိုကောင်းသည်မို့ ကျုပ်ကဲ့သို့သော ဘီးကြဲကြီး၏အသဲသည်ပင် အရေ ပျှော် ခဲ့ရပေသေးသည်။
ပြောချင်တာကတော့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာနယ် မုံရွေးကြေးမုံသား ဂီတစာဆို ဂုရုကြီးမောင်ကြေးမုံ၏ စကားလုံးတွေ သံစဉ်အ နိမ့်အမြင့်တွေသည် နောက်ထပ် ဘယ်ကမ္ဘာအထိများ ယင်း အသဲတစ်ခြမ်းကို လွမ်းဖို့သိမ်းထားရဦးမယ်ဆိုတာ မတွေးတက်အောင်ပင်။
မည်သို့ပင်ဆိုစေကာမူ ကျုပ်ကဲသို့သော ဘီကြဲကြီးသည်ပင် ကျန်နေသော အသဲတစ်ခြမ်းကို လွမ်းဖို့အတွက် အခုလိုသိမ်းထားလိုက်ရပါသတည်း။


ဒိုးကြီး(ဝိဘဇ္ဇ) 1.Jun.17 – 2;09pm

Comments

Popular posts from this blog