ပါဠိတော်ကို ဖျက်ဆီးကြသူများ


ယနေ့ခေတ် ဆိုရှယ်မီဒီယာတွေပေါ်မှာ ပိဋကတ်တော်လာ ပါဠိတော်စကားများကို ပေါ့ဆဆ ပေါ့ပျက်ပျက်တွေ ရေးနေတာ တွေ့ရလို့ ဒါလေးချရေးလိုက်တာပါ။ ယင်းပါဠိစကားလုံးများသည် ဗုဒ္ဓလက်ထက်က တိုက်ရိုက် မ သုံးနှုံးခဲ့သော်လည်း ပိဋကတ်ထဲရှိ ပါဠိစာကားလုံးများကို ဓမ္မခန္ဓာရှစ်သောင်းလေးထောင်ဟူ၍ အက္ခရာတစ်လုံး ကို ဘုရားတစ်ဆူအနေဖြင့် ပူဇော်ထားကြတာပါ။
ဒါကို သုံးစွဲသူတို့က အပျက်အချော်အနေနဲ့ ဆိုပါရင် ကာယကံရှင်တို့သာ အကျိုးနည်းဖွယ်ရာဖြစ်စေမှာပါ။ ပွင့် ထွန်းပေါ်ပေါက်တော်မူခဲ့ပြီးသော ဘုရားအဆူဆူတို့၏ ဓမ္မခန္ဓာပေါင်းများစွာတို့သည် မည်သူတစ်ဦးတစ်ယောက် ကမှ ဖျက်ဆီးပျက်ချော်လုပ်သော်လည်း လုပ်သောသူသာ အကျိုးနည်းမည်သာဖြစ်ပါသည်။
သာဓကကိုထုတ်ပြရသော် မကြာသေးမှီ 2011 - ခုနှစ်လောက်က အာဖဂန်နစ္စဂန်နိုင်ငံရှိ ဧရာမ သဲကျောက် တောင်ကြီးများတွင် ရှေးခေတ်ဗုဒ္ဓဘာသာဝင်သူတော်ကောင်းတို့က ဗုဒ္ဓရုပ်ပွားတော်များကို ထွင်းထုပူဇော်တော် မူခဲ့ကြသည်ကို မိစ္ဆာအယူရှိသူ အိုစမာဘင်ဘာဒင်က မိုင်းခွဲဖျက်ဆီးခဲ့ပါသည်။
ဘုရားဆင်းတုတော်များ ပျက်ဆီးခဲ့သည်မှန်သော်လည်း ယင်း ငတိမိစ္ဆာ အိုစမာဘင်လာဒင်သည် ထို အချိန်မှစ ၍ အမေရီကန်၏ အလိုရှိသော မိစ္ဆာကောင်စရင်းဝင်ဖြစ်သွားပြီး လူလိုမနေ လူလိုမသေရဘဲ ခွေးလိုနေ ခွေးလို သေခဲ့ရသည်ကို မီဒီယာအဆက်မပျက်သူများသိကြပြီးဖြစ်ပါတယ်။
ထို့ကြောင့် ပါဠိတော်များသည် ဥပမာ မင်္ဂလ ဆိုပါဆို့ ၊ ယင်းပါဠိတော် သုံးလုံးသည် ဘုရားသုံးဆူပင်ဖြစ်ပါသည် သို့ဖြစ်ပါ၍ ပါဠိတော်များကို သုံးစွဲမည်ဆိုပါက ယင်းပါဠိတော်၏ အနက်အဓိပ္ပါယ်များကို ထိုက်သလောက်သိကြ ပြီး ရိုသသမှုဖြင့် သုံးစွဲပါက ဘုရားတစ်ဆူတည်သကဲ့သို့အကျိုးများမည်ဖြစ်ပါသည်။ ယင်းကြောင့်ပင် သဗ္ဗ ဒါနံ ဓမ္မဒါနံ ဇိနာ တိ ဟု ခပ်သိမ်းသော ကုသိုလ်တို့တွင် ဓမ္မ အလင်းကိုဆောင်သောသူသည် အမြတ်ဆုံးစရင်းဝင် ဖြစ်ပါသည်။ ယခု စာရေးသော သူပင်လျှင် ယင်းအမြတ်ဆုံးကုသိုလ်ရှင်ဖြစ်သကဲ့သို့ ယင်းကိုနှစ်သက်သဘော ထား တူမျှသည်လည်း စာရေးသူနှင့်ပင် အလားတူ အမြတ်ဆုံးကိုသိုလ်ရှင်များဖြစ်ကြပါသည်။
နိဂုံးချုပ်သော်  .. .
ပါဠိတော်များကို ပေါ့ဆဆ မသုံးစွဲဘဲ ၊ ယင်းပါဠိတော်သည် ပိဋကတ်သုံးပုံတွင် မည်သည့်ပိဋကတ်ကဆင်း သက်လာခြင်းဖြစ်၍ မည်သည့်သောအဓိပ္ပါယ်ကို ဆောင်သနည်း စသည်ဖြင့် သိရှိမှသာ ကိုယ်တိုင်ကိုယ်ကြ တင်သင့်ပါသည်။ တင်ရင်ပါလည်း မည်သည့် နိကာယ် မည်သည့် ဝဂ် မည်သည့်သုတ်ဟူ၍ ကိုးကားညွှန်းကို လည်း ထည့်ရန်မမေ့သင့်ပေ။ သို့မှသာ ဆင့်ပွားစာဖတ်သူများသည် ယင်းပါဠိကို ဆက်လက်၍ လေ့လာသုံးသပ်နိုင်မည်ဖြစ်သည်ဟု ဓမ္မဒါနအလင်းဝေငှမိပါသည်။

ဒိုးကြီး(ဝိဘဇ္ဇ)24.Jun.17-4:27pm

Comments

Popular posts from this blog