ပတဲကောကြီး အမြစ်
ပုံသဏ္ဌာန် : အပင် အမြဲစိမ်း အပင်ငယ် မျိုးဖြစ်သည်။ အမြင့် ၅-၈ ပေ
အထိ မြင့်သည်။ရွက်ယောင် ပင်စည် ဖြစ်ပြီး ထောင်မတ်၍ ပေါက်သည်။ ပင်စည် လုံးမာ ၍
ချောမွေ့ သည်။ အရွက်ပင်စည် လုံး အား ပတ်၍ ရွက်လွှဲ ထွက်သည်။အလျား ၁-၂ ပေ အထိ ရှိ၏။
ရွက်ပြား ကျဉ်း၏။ ရွက်ရင်းပိုင်း သို့မဟုတ် သွယ်ပြီး ရွက်ထိပ်သို့ ချွန်သွယ်
သွားသည်။ဂုံမင်း ရွက်နှင့် တူသည်။ရွက်ညှာ တိုသည်။ရွက်လယ်ကြော ထင်ရှား၍
မြောင်းပါသည်။ အရွက် မျက်နှာပြင် နှစ်ဖက်လုံး ချောမွေ့ပြီး ရွက်နားညီသည်။
အပွင့်သေးငယ်ပြီး အဖြူ ရောင်တွင် နီညို စင်းကလေး များ ရှိသည်။ အမြစ်ဥ - ဥပုံသဏ္ဌာန်
ဖြစ်ပြီး နနွင်း တက်နှင့် တူသည်။ အမြှေး ဖတ်များဖြင့် ဖုံးအုပ်ထားသည်။ မြစ်မြွှာ
နည်းသည်။ အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ : ဥတက်။
မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့ အပြား တွင် သဘာ၀
အလျောက် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ သဘာ၀ ပေါက်ပင် ဖြစ်သည်။ အသုံးဝင်ပုံ :
အာနိသင် မြန်မာ ဆေးကျမ်း များ အလိုအရ ပတဲကော မြစ်သည် ပူ ၊ စပ်၊ ခါး သော အရသာ ရှိ၏။
ပူ၍ ထက်မြက်သော ဂုဏ်သတ္တိ ရှိ၏။ သွေး ၊ သလိပ်ကို ကြေစေ၍ အဆိပ် ကို လည်းကောင်း ၊
ရောင်ရမ်း သော အနာ ကို လည်းကောင်း နိုင်သော သတ္တိ ရှိ၏။ ဝမ်းမီးကို တောက်စေသည်။
နှလုံး ကို အကျိုး ပြုသည်။ နှုတ်ကို မြိန်စေသည်။ အသုံးပြုပုံ- ဥတက် ၁။ပတဲကောကြီး
ကို ဝမ်းကိုက် ရောဂါ၊ သွေးဝမ်းကျ ရောဂါ၊ ပန်းနာရောဂါ၊ နှလုံး ရောဂါ ပျောက် ဆေးများ
အဖြစ် ဖော်စပ် အသုံးပြု၏။ ၂။ဆီးခဲလျှင် ပတဲကော ကို ဆန်ဆေးရည် နှင့် သွေးသောက်က
ဆီးရွှင်စေ၏။ ၃။ပတဲကောကြီး မြစ်ကို ချင်းစိမ်းအရည်၊ ပျားရည်နှင့် လျက်ပေးက
ချောင်းဆိုး ရောဂါ ပျောက်၏။ ၄။ပတဲကောကြီး နှင့် စမုန်ဖြူ၊ ဆားမီးဖုတ် တို့ကို
အမှုန့် ပြု၍ အနည်းငယ်မျှ လျက်ပေး သော် ရင်နာ၊ ဝမ်းနာ ပျောက်၏။ ၅။ဆီးအိမ်တွင်
ဆီးရှိလျက် ဆီးအောင့် ဆီးချုပ်နေမူ ပတဲကောကြီး မြစ်ကို ရေနှင့် သွေးသောက် သော်
ပျောက်၏။ ၆။အဖျား ရောဂါ များ အတွက် အဖျားကို နိုင်စေ သော ငန်းဆေးနှင့် ပတဲကောကြီး
ပြုတ်ရည် တိုက်ပါက လျင်မြန်စွာ ပျောက်ကင်း၏။ ၇။ပတဲကောကြီး၊ ချင်းခြောက်၊
သိန္ဓောဆား တို့ကို ဆတူ စပ်၍ အမှုန့်ပြု သောက်သော် အစာ မကြေ ရောဂါ ပျောက်ကင်း၏။
ကိုးကား
ဒိုးႀကီး(ဝိဘဇၨ)
Comments