Posts

Showing posts from September, 2024

ခဏလေးပါ

Image
၈၈ လောက်က... အင်းစိန် မော်စကို ရဲ့နံရံကြီးမှာ.. ကိုယ်ဖြစ်ချင်တာလုပ်၊ ကိုယ်ဖြစ်ကိုယ်ခံ ၊ ဆုမပန်နဲ့ ၊ ငါဘုရားသည် အချဥ်မဟုတ်...။ အဲလိုရေးထားတယ် ၊ ဘယ် ဂုရုကြီးက ဘယ်အချိန်မှာရေးထားခဲ့သည်ကိုတော့ မော်စကိုသားများ တိတိပပမသိကြလို့ ဆိုပါတယ်။ စာရေးသူသည်...  အဘတောင်တွင်းကအောင်းသင်းပြောသ လို စာရူးပေရူးမို့ အထက်ပါ မော်စကိုနီတိ ကိုရေးသယးပြုစုခဲ့သော ဂုရုကြီးကို သိမိချင်၍ စုံစမ်းပါသည်။ ရန်ကုန် ပြည်လမ်းကထောင်ကြီးကို အင်းစိန်သို့ရွှေ့ပြောင်းစဥ် ကာလ မတိမ်းမယိမ်း သောအချိန်က ပြစ်မှုနှစ်ရှည်ကျသော ထောင်မင်းသားကြီးတစ်ဦး၏ နီတိဒဿန ဟူ၍သိရပြီး အတိအကျမသိရ။ မည်သို့ပင်ဆိုစေကာမူ.... စာရေးသူ၏ နီတိအလိုအရ  ခဏလေးပါ...။ ဘယ်သူမှ မသေချာပါဘူး...။ ဟူသော ဒဿနကို အရကောက်မိချိန် မော်စကို နီတိကလည်း ခေါင်းထဲရောက်လာခဲ့ခြင်းဖြစ်သည်။ ကဲ...ထိုနီတိ နှစ်ခုကို  အဆီထုတ်ကြည့်တော့ ....။ ၁၉၆၂.ခုနှစ်လောက်စပြီး ယခု ၂၀၂၄ ခုနှစ်အတွင်း မြန်မာပြည်မှာ....။ ဖဆပလ ၊ ကမညတ၊ တည်မြဲ ၊ သန့်ရှင်း၊ မဆလ၊ နဝတ၊ နအဖ၊ ဦးသိန်းစိန်၊ ဦးထင်ကျော်၊ ဦးဝင်းမြင့်၊ အခုလက်ရှိ နစခ အစိုးရ....။ အဲ့ဒီခေတ် စနစ်တွေ...  ဘယ်လောက်ကြာခဲ့လည်း ၊ ဘာတွေဖြစ်ခဲ့လည်း ......