ခဏလေးပါ

၈၈ လောက်က...
အင်းစိန် မော်စကို ရဲ့နံရံကြီးမှာ..

ကိုယ်ဖြစ်ချင်တာလုပ်၊
ကိုယ်ဖြစ်ကိုယ်ခံ ၊ ဆုမပန်နဲ့ ၊
ငါဘုရားသည် အချဥ်မဟုတ်...။

အဲလိုရေးထားတယ် ၊ ဘယ် ဂုရုကြီးက
ဘယ်အချိန်မှာရေးထားခဲ့သည်ကိုတော့
မော်စကိုသားများ တိတိပပမသိကြလို့
ဆိုပါတယ်။

စာရေးသူသည်... 
အဘတောင်တွင်းကအောင်းသင်းပြောသ
လို စာရူးပေရူးမို့ အထက်ပါ မော်စကိုနီတိ
ကိုရေးသယးပြုစုခဲ့သော ဂုရုကြီးကို သိမိချင်၍ စုံစမ်းပါသည်။

ရန်ကုန် ပြည်လမ်းကထောင်ကြီးကို အင်းစိန်သို့ရွှေ့ပြောင်းစဥ် ကာလ မတိမ်းမယိမ်း
သောအချိန်က ပြစ်မှုနှစ်ရှည်ကျသော
ထောင်မင်းသားကြီးတစ်ဦး၏ နီတိဒဿန
ဟူ၍သိရပြီး အတိအကျမသိရ။

မည်သို့ပင်ဆိုစေကာမူ....
စာရေးသူ၏ နီတိအလိုအရ 
ခဏလေးပါ...။
ဘယ်သူမှ မသေချာပါဘူး...။ ဟူသော
ဒဿနကို အရကောက်မိချိန် မော်စကို နီတိကလည်း ခေါင်းထဲရောက်လာခဲ့ခြင်းဖြစ်သည်။

ကဲ...ထိုနီတိ နှစ်ခုကို 
အဆီထုတ်ကြည့်တော့ ....။

၁၉၆၂.ခုနှစ်လောက်စပြီး ယခု ၂၀၂၄ ခုနှစ်အတွင်း မြန်မာပြည်မှာ....။

ဖဆပလ ၊ ကမညတ၊ တည်မြဲ ၊ သန့်ရှင်း၊
မဆလ၊ နဝတ၊ နအဖ၊ ဦးသိန်းစိန်၊
ဦးထင်ကျော်၊ ဦးဝင်းမြင့်၊ အခုလက်ရှိ နစခ အစိုးရ....။

အဲ့ဒီခေတ် စနစ်တွေ... 
ဘယ်လောက်ကြာခဲ့လည်း ၊ ဘာတွေဖြစ်ခဲ့လည်း ....။

ဒါကို.. အင်းစိန်မော်စကိုက.. နီတိနဲ့...
အရကောက်ကြည့်တော့...
ကိုယ်ဖြစ်ချင်တာကိုယ်လုပ်ကြ ၊ ကိုယ်လုပ် ခဲ့သမျှ ကိုယ်သာခံရ ၊ ဘယ်ဘုရားကမှ
ကြား ခါးနာမခံ ၊ မိိမိဖာသာ ခံရသည်။

စာရေးသူရဲ့ နီတိ ကို..
အရကောက်ကြည့်တော့...
ဦးနုကစ၍ အခု ဦးမင်းအောင်လှိုင် အထိ
အချိန်ဟူသောကာလယန္တယားက အကြာ
ကြီးမဟုတ်... ခဏလေး....ပါ...။

နောက်ပြီး..ဘယ်သူကမှ... 
မောင်အဝှာတော့ ဘာဖြစ်တော့မယ်၊ မအဝှာတော့ ဘာဖြစ်တော့မယ်လို့ တိတိပပ မသိကြသလို မရေမရာလည်း အဖြေရှာမရပါ။
ကမ္ဘာ့ နိုက်ငံရေးသုတေသီတွေကလည်း..
သူတို့သိမိသလောက်ခန့်မှန်းနေကြတာ။
ခန့်မှန်းတယ်ဆိုတာ ယဥ်ယဥ်ကျေးကျေး
သုံးတာပါ။
သိပါတယ် ဟုတ်ပါတယ် ဖြစ်ကိုဖြစ်ရမယ်လို့ဟောကိန်းထုတ်နိုင်တာမဟုတ်လို့ မညှာ မတာရေးရရင် ထိုဆရာကြီးများဟောကိန်း
ကလည်း အရူးစကားထက်မပိုပါ။

ဒါကိုပဲ....အနှမ်းတွေက ဆင်လီးခွေး
မျှော်ရသလို ၊ မနက်ဖန် ဟုတ်နိုးနိုး ၊ သဘက်ခါ ဟုတ်နိုးနိုးဖြင့် အပ္ပမာဒတရား
များကို မေ့နေတက်ပါတယ်။

ဒါ့ကြောင့်....အသက်ရှင်ခိုက်..
အပေါစားတွေ.... မစဥ်းစားနဲ့...။
အောက်တန်းစားတွေ.. မလုပ်နဲ့..။
အရေမရ အဖတ်မရတွေ.. မပြောနဲ့...။
ကိုယ့်သီလကိုယ်ထိမ်း...။
လာမည့်ဘေး.. ပြေးတွေ့ရုံပဲ...။
မကြောက်နဲ့.... ။
သီလရှိရင် ဘာမှကြောက်စရာမလိုဘူး။
ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်း အဘသုံးပါး ပညာရထားရင်...လိုတာရတယ်..။

အဘဧ ၊ အဘပြူး ၊ အဘပွင့်၊
အထက်ဝိဇ္ဇာအစစ်ကြီးတွေ...။
ထို ဝိဇ္ဇာအစစ်ကြီးသုံးပါး တစ်ပါးတော့
ငါတွေ့ဖူးစကားပြောဖူးခဲ့တာမို့..ဇွတ်တာ
ယုံကြ မျက်လုံးမှိတ်ပြီးသာတကြ။

စစ်ဘေး....အငတ်ဘေး..ရောဂါဘေး...။
အဘသုံးပါး ယုံကြည်သူပါရမီရှင်ကို အကာအကွယ်ပေးပါလိမ့်မယ်။

အဘ ပွင့်စကား ငါ... အငှားချမယ်။
ကိုယ့်စိတ် ကိုယ်စစ်ကြည့်စမ်း...။
ဝိဇ္ဇာစိတ်နဲ့နေရင် မင်း...ဝိဇ္ဇာပဲ...။
မိစ္ဆာစိတ်နဲ့နေရင်...မင်းမိစ္ဆာပဲ...။

ကဲ့....ငါ့ လူ...တို့...။
၂၀၂၄ ခုနှစ်စစ်ဘေးမှာ..
ငါတို့တွေ အဘတို့သြဝါဒအတိုင်း
ဝိဇ္ဇာစိတ်နဲ့ နေကြ။

#ဤဓမ္မဒါနသည်....
#သဘောကြည်ဖြူနှစ်သက်သူ
#အားလုံးတို့ပါမကျန် 
#ပညာစက္ခုခွန်းအားပြု၍
#ဉာဏပါရမီဖြစ်ပါစေသော်
#အာယုဝဏ္ဏောသုခဗလံ
#လူသူတော်သျှောင်တစောင်း
72doegyi@gmail.com
www.doegyi.blogspot.com
office or hot line. 09444697297

Comments