Posts

ခဏလေးပါ

Image
၈၈ လောက်က... အင်းစိန် မော်စကို ရဲ့နံရံကြီးမှာ.. ကိုယ်ဖြစ်ချင်တာလုပ်၊ ကိုယ်ဖြစ်ကိုယ်ခံ ၊ ဆုမပန်နဲ့ ၊ ငါဘုရားသည် အချဥ်မဟုတ်...။ အဲလိုရေးထားတယ် ၊ ဘယ် ဂုရုကြီးက ဘယ်အချိန်မှာရေးထားခဲ့သည်ကိုတော့ မော်စကိုသားများ တိတိပပမသိကြလို့ ဆိုပါတယ်။ စာရေးသူသည်...  အဘတောင်တွင်းကအောင်းသင်းပြောသ လို စာရူးပေရူးမို့ အထက်ပါ မော်စကိုနီတိ ကိုရေးသယးပြုစုခဲ့သော ဂုရုကြီးကို သိမိချင်၍ စုံစမ်းပါသည်။ ရန်ကုန် ပြည်လမ်းကထောင်ကြီးကို အင်းစိန်သို့ရွှေ့ပြောင်းစဥ် ကာလ မတိမ်းမယိမ်း သောအချိန်က ပြစ်မှုနှစ်ရှည်ကျသော ထောင်မင်းသားကြီးတစ်ဦး၏ နီတိဒဿန ဟူ၍သိရပြီး အတိအကျမသိရ။ မည်သို့ပင်ဆိုစေကာမူ.... စာရေးသူ၏ နီတိအလိုအရ  ခဏလေးပါ...။ ဘယ်သူမှ မသေချာပါဘူး...။ ဟူသော ဒဿနကို အရကောက်မိချိန် မော်စကို နီတိကလည်း ခေါင်းထဲရောက်လာခဲ့ခြင်းဖြစ်သည်။ ကဲ...ထိုနီတိ နှစ်ခုကို  အဆီထုတ်ကြည့်တော့ ....။ ၁၉၆၂.ခုနှစ်လောက်စပြီး ယခု ၂၀၂၄ ခုနှစ်အတွင်း မြန်မာပြည်မှာ....။ ဖဆပလ ၊ ကမညတ၊ တည်မြဲ ၊ သန့်ရှင်း၊ မဆလ၊ နဝတ၊ နအဖ၊ ဦးသိန်းစိန်၊ ဦးထင်ကျော်၊ ဦးဝင်းမြင့်၊ အခုလက်ရှိ နစခ အစိုးရ....။ အဲ့ဒီခေတ် စနစ်တွေ...  ဘယ်လောက်ကြာခဲ့လည်း ၊ ဘာတွေဖြစ်ခဲ့လည်း ......

ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လူတွေတီထွင်ထားတဲ့ဗိုင်းရပ်စ်တစ်ခု ဖြစ်ကြောင်း ပြင်သစ် ဆေးပညာနိုဗယ်လ်ဆုရှင် ပြောကြား

Image
ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လူတွေတီထွင်ထားတဲ့ဗိုင်းရပ်စ်တစ်ခု ဖြစ်ကြောင်း ပြင်သစ် ဆေးပညာနိုဗယ်လ်ဆုရှင် ပြောကြား ဆေးပညာဆိုင်ရာ နိုဗယ်လ်ဆုကို ၂၀၀၈ ခုနှစ်က ချီးမြှင့်ခြင်း ခံခဲ့ရသည့် ပါမောက္ခ ‌ဒေါက်တာ Luc Montagnier ကCovid – 19 ဗိုင်းရပ်စ်ပိုးဟာ လူအများယုံကြည်နေကြသည့် သဘာဝအရ ဖြစ်လာသော ပိုးတစ်မျိုးဖြစ်ပြီး လင်းနို့မှတစ်ဆင့် လူသားများထံကူးစက် ခဲ့သည်ဆိုသည့် ယူဆချက်ကို ငြင်းဆန်လိုက်ပါတယ်။ တရုတ်သုတေသန ပညာရှင်များဟာ အေအိုင်ဒီအက်စ် ရောဂါပျောက်ဆေးကို ထုတ်လုပ်နိုင်ရန်အတွက် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သော သုတေသနပြု ဆောင်ရွက်ချက်များ ပြုလုပ်ခဲ့သည်ကို ၎င်းအနေဖြင့် သိရှိကြောင်းနှင့် ထိုမှတစ်ဆင့် ပြန့်နှံ့လာသည် ဖြစ်နိုင်ကြောင်း ပြောကြားလိုက်ပါတယ်။ တရုတ်အစိုးရမှ ထုတ်ပြန်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှု့ ဇာတ်လမ်းဟာ မယုံကြည်မှုတွေရှိနေတယ်ဆိုတာ ကျွန်တော်တို့ အနေနဲ့ သိထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လေ့လာမှုတွေအရဆိုရင်လည်း လူ ၁၁၀,၀၀၀ ‌လောက်သေဆုံးထားတဲ့ ဒီကိုရိုနာဗိုင်းရပ်စ် ဇာတ်လမ်းဟာ လုံးဝကြီးကွဲလွဲဆန့်ကျင်နေပါတယ်။ ဒီဗိုင်းရပ်စ်ဟာ HIV ဆေးရှာဖွေရင်း တွေ့ခဲ့တာဖြစ်ပြီး ဝူဟန်မြိုက ဓာတ်...

ကျောက်ကွင်းအရေးတော်ပုံ (သျှင်ဥက္ကဋ္ဌ)

Image
http://www.mediafire.com/file/jb1svgt8mvpmmqb/%25E1%2580%25B1%25E1%2580%2580%25E1%2580%25BA%25E1%2580%25AC%25E1%2580%2580%25E1%2580%25B9%25E1%2580%2580%25E1%2580%25BC%25E1%2580%2584%25E1%2580%25B9%25E1%2580%25B8%25E1%2581%2580%25E1%2580%25AB%25E1%2580%2592%25E1%2581%25BF%25E1%2580%2595%25E1%2580%25AD%25E1%2580%25B3%25E1%2580%2584%25E1%2580%25B9%25E1%2580%2595%25E1%2580%25BC%25E1%2580%25B2.pdf/file ကျမ်းစာအုပ်ကို Download လုပ်ချင်ပါက အထက်ပါ Downlaod ပုံ ကိုကလစ်ခေါက်၍ Down နိုင်ပါသည်။ ကျောက်ကွင်းအရေးတော်ပုံ ကျောက်ကွင်းဝါဒပြိုင်ပွဲ (၃) ~~~~~~~~~~~~~~ ကဲ … ဗုဒ္ဓဘာသာအကြောင်း တင်ပြပြီးတဲ့နောက် မိတ်ဆွေတို့ရဲ့ ထာဝရဘုရားရဲ့ သမ္မာကျမ်းစာတွေ ယုတ္တိ ရှိ /မရှိ ကြည့်ကြရအောင်´´။ ` မိတ်ဆွေတို့ရဲ့ ဓမ္မဟောင်းကျမ်းအပါအ၀င် (ကမ္ဘာဦးကျမ်း)အရ ဒီကမ္ဘာကြီးကို ခရစ်မပေါ်မှီ ၄၀၀၄ ခုနှစ်မှ ထာဝရဘုရားသခင်က ဖန်ဆင်းတယ်လို့ ဆိုပါတယ်။ ကဲ…..အဲဒါကို စဉ်းစားကြည့်ကြရအောင်……..အဲဒီခုနှစ်နှင့် အခုခရစ်သက္ကရာဇ် ၁၉၃၆ ခုကို ပေါင်းထည့်လိုက် တော့ နှစ်ပေါင်း ၅၉၄၀ သာ ဒီကမ္ဘာရဲ့ သက်တန်းရှိတော့တယ် ။ အဲဒီတော့…….. ဒီစကားဟ...

ဗုဒ္ဓစာပေကဏ္ဍ

Image
ဟိုတစ်လောက မြစ်ကြီးနားမှာ ကိုဗစ်19 နံရံပန်းချီ ကိစ္စမှာ ဗုဒ္ဓဘာသာတွေတောင်မှာ ပန်းချီဆရာကို မှန်တယ်ဆိုပြီး ထောက်ခံကြတာ မြင်ရတယ်။ အဲဒီလူတွေ ဒီလို စာမျိုးတွေ ဖတ်စေချင်တယ်ဗျာ။ စာမဖတ်ဘဲ ဘာလို့ ငြင်းခုံနေကြမှာလည်း အကျိုးမရှိပါဘူး။ အဲလို အန္ဓတွေအတွက် အခုလို စာအုပ်မျိုးတွေကို ကျ နော် အပင်ပန်းခံပြီးတင်ပေးလိုက်ပါတယ်။ သင်္ကြန်တွင်း ဖတ်ပေါ့ဗျာ။ မဖတ်တော့လည်း မတက်နိုင်ဘူးလေ။ ဘုရားအဆူဆူတောင် ချွတ်လို့မကျွတ် ခဲ့ကြတာကိုး။ ဒိုးကြီး(ဝိဘဇ္ဇ) 10.4.2020 အောက်ပါ DOWNLOAD တွင် ကလစ်ခေါက်ဒေါင်းပါ။ https://www.mediafire.com/folder/26y9rx4z21bh5/

အ သောက ကျောက်စာ

Image
Download   တွင်ကလစ်ခေါက်၍ ဒေါင်းပါ။ ] http://www.mediafire.com/file/j99xh3k8u3uk38u/%25E1%2580%25A1%25E1%2580%259E%25E1%2580%25B1%25E1%2580%25AC%25E1%2580%2580%25E1%2580%2580%25E1%2580%25BB%25E1%2580%25B1%25E1%2580%25AC%25E1%2580%2580%25E1%2580%25BA%25E1%2580%2585%25E1%2580%25AC%25E1%2580%259C%25E1%2580%25AC_%25E1%2580%25A1%25E1%2580%259E%25E1%2580%25B1%25E1%2580%25AC%25E1%2580%2580%25E1%2580%2599%25E1%2580%2584%25E1%2580%25BA%25E1%2580%25B8%25E1%2581%258F_%25E1%2580%2594%25E1%2580%25AD%25E1%2580%25AF%25E1%2580%2584%25E1%2580%25BA%25E1%2580%2584%25E1%2580%25B6%25E1%2580%25A1%25E1%2580%25AF%25E1%2580%2595%25E1%2580%25BA%25E1%2580%2581%25E1%2580%25BB%25E1%2580%25AF%25E1%2580%2595%25E1%2580%25BA%25E1%2580%259B%25E1%2580%25B1%25E1%2580%25B8_-_%25E1%2580%2592%25E1%2580%25B1%25E1%2580%25AB%25E1%2580%2581%25E1%2580%2584%25E1%2580%25BA%25E1%2580%259E%25E1%2580%25AD%25E1%2580%2594%25E1%2580%25BA%25E1%2580%25B8.pdf/file

ပတဲကောကြီး အမြစ်

Image
ပုံသဏ္ဌာန် : အပင် အမြဲစိမ်း အပင်ငယ် မျိုးဖြစ်သည်။ အမြင့် ၅-၈ ပေ အထိ မြင့်သည်။ရွက်ယောင် ပင်စည် ဖြစ်ပြီး ထောင်မတ်၍ ပေါက်သည်။ ပင်စည် လုံးမာ ၍ ချောမွေ့ သည်။ အရွက်ပင်စည် လုံး အား ပတ်၍ ရွက်လွှဲ ထွက်သည်။အလျား ၁-၂ ပေ အထိ ရှိ၏။ ရွက်ပြား ကျဉ်း၏။ ရွက်ရင်းပိုင်း သို့မဟုတ် သွယ်ပြီး ရွက်ထိပ်သို့ ချွန်သွယ် သွားသည်။ဂုံမင်း ရွက်နှင့် တူသည်။ရွက်ညှာ တိုသည်။ရွက်လယ်ကြော ထင်ရှား၍ မြောင်းပါသည်။ အရွက် မျက်နှာပြင် နှစ်ဖက်လုံး ချောမွေ့ပြီး ရွက်နားညီသည်။ အပွင့်သေးငယ်ပြီး အဖြူ ရောင်တွင် နီညို စင်းကလေး များ ရှိသည်။ အမြစ်ဥ - ဥပုံသဏ္ဌာန် ဖြစ်ပြီး နနွင်း တက်နှင့် တူသည်။ အမြှေး ဖတ်များဖြင့် ဖုံးအုပ်ထားသည်။ မြစ်မြွှာ နည်းသည်။ အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ : ဥတက်။ မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့ အပြား တွင် သဘာ၀ အလျောက် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ သဘာ၀ ပေါက်ပင် ဖြစ်သည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာ ဆေးကျမ်း များ အလိုအရ ပတဲကော မြစ်သည် ပူ ၊ စပ်၊ ခါး သော အရသာ ရှိ၏။ ပူ၍ ထက်မြက်သော ဂုဏ်သတ္တိ ရှိ၏။ သွေး ၊ သလိပ်ကို ကြေစေ၍ အဆိပ် ကို လည်းကောင်း ၊ ရောင်ရမ်း သော အနာ ကို လည်းကောင်း နိုင်သော သတ...

တင်းတိပ်ရောဂါနှင့် တိုင်းရင်းဆေး

Image
မြန်မာ့ တိုင်းရင်းဆေး ပညာတွင် အရေပြား၌ ဖြစ်တက်သော တင်းတိပ် ရောဂါ အကြောင်းကို တွေ့ရှိနိုင် ပါသည်။ တင်းတိပ် ရောဂါနှင့် ပတ်သက်၍ မြန်မာ့ တိုင်းရင်း ဆေးဝါးများနှင့် ကိုယ်တိုင် ကုသလိုသူများ၊ တိုင်းရင်း ဆေးဝါး အကြောင်းနှင့် စပ်လျဉ်း၍ သိရှိလို ကြသည့် စာဖတ် ပရိသတ်များ ဆေးဝါး အဖြစ် သုံးစွဲနိုင်မယ့် အိမ်သုံးဆေး နည်းများကို တင်ပြလိုက် ပါသည်။ တင်းတိတ် ရောဂါ ဆေးနည်းများမှာ - သိန္ဓာဆား (Rock Salt) – Native Sodium Chloride (NaCL) ——————————————————- သိန္ဓောဆားသည် သဘာဝ မြေထွက် ပစ္စည်း ဖြစ်ပါသည်။ မာကျောသော အစိုင်အခဲများ ဖြစ်သည်။ တူးဖော် တွေ့ရှိသည့် နေရာဒေသကို အစွဲပြု၍ အရောင်အားဖြင့် အနီ၊ အညို၊ လိမ္မော်၊ ပန်းရောင်၊ အဖြူ ဟူ၍ ရှိပါသည်။ အကြည်၊ အနောက်ဟူ၍ သဏ္ဍာန် ကွဲပြား တက်ပါသည်။ ပါဝင်သည့် ဒြပ်စင်များ ———————- ယနေ့ တိုင်းရင်း ဆေးဝါးများ ဖော်စပ် ရာတွင် အသုံး တွင်ကျယ် နေသည့် သိန္ဓောဆားတွင် ဆိုဒီယမ် ကလိုရိုဒ်သည် အဓိက ဓါတ်ပေါင်း အနေနှင့် ပါဝင်ပါသည်။ ဆိုဒီယမ် ကလိုရိုဒ် ၉၆ ရာခိုင်နှုန်းခန့်မှ ၉၉ ရာခိုင်နှုန်းခန့်၊ ကယ်လ်စီယမ် ကလိုရိုဒ် ၀.၀၁ ရာခိုင်နှုန်းခန့်မှ ၉၉ ရာခိုင်နှုန်းခန့်၊ ကယ်လစီယမ် ဆာလဖိတ် ၁...