Overstep is thinking to the Uninitiated
Overstep is thinking to the Uninitiated
ကျွန်တော်တို့ဟာ သင်ကြားခြင်း တွေးဆခြင်းများနဲ့ နာရီများကိုဖြတ်သန်းနေ
ကြတာပါ။ လူကိုး .။ လူမဟုတ်တဲ့ အဟိတ်တိရိစ္ဆာန်များမှာတော့ သင်ကြား
ခြင်း တွေးဆခြင်းများမရှိကြပါဘူး။(ချွင်းချက်) ။ ဒါကြောင့်ကျွန်တော်တို့ဟာ
စာမျက်နှာများစွာကို ဖတ်ကြမှတ်ကြပါတယ်။ Facebook စတဲ့ Social Net
Work ဆိုတာတွေကလည်း လေ့လာဖို့သင်ကြားဖို့စာမျက်နှာများပါပဲ။
ကျွန်တော်ကိုယ်တိုင် နေ့စဉ် Blog တွေကိုဝင်ဖတ်ပါတယ်။ Facebook တွေ
မှာလည်း အခုလို ဝေငှပါတယ်။(အားရင်ပေါ့) ။ ကျွန်တော့ကိုယ်ပိုင်blog
လေးကိုသွားချင်ရင်တော့ http://doegyi.blogspot.com/ ပါပဲ။
ဒီကနေ့ ကျွန်တော် မိတ်ဆွေများကို ဝေငှခြင်တဲ့စကားလုံးလေးက̏ပဏ္ဍိတ˝
ပါပဲ။ ဒီစကားလုံးက လူတိုင်းသိနေကြပါ။ သို့သော်လည်းပဲ ဒီစကားလုံးရဲ့
Meaning ကိုတော့ဖြင့် ပြည့်စုံအောင်သိချင်လည်းသိမယ်မသိချင်လည်းမသိ
ဘူးပေါ့နော်။ ကျွန်တော်ကတော့ မသိသူများအတွက်ဝေငှပါတယ်။
̏ န တေန ပဏ္ဍိတော ဟောတိ၊ ယာဝတာ ဗဟုဘာသတိ။
ခေမီ အဝေရီ အဘယော ၊ ပဏ္ဍိတောတိ ပဝုစ္စတိ။˝
̏ ယော၊ အကြင်သူသည်။ ယာဝတာ၊ အကြင်မျှလောက်သော အကြောင်းဖြင့် ။
သံဃမဇ္ဈာဒီသု၊ သံဃာအလယ်စသညတို့၌။ ဗဟုံ၊ များစွာ။ ဘာသတိ၊ စကား
စကားပြော၏ ။ တေန ၊ ထိုမျှလောက်သောအကြောင်းဖြင့်။ သော၊ ထိုသူ
သည်။ ပဏ္ဍိတော၊ ပညာရှိမည်သည်။ န ဟောတိ၊ မဖြစ်။ ယောစ၊အကြင်သူ
သည်ကား။ခေမီ၊ မိမိလည်းဘေးမရှိ။ အဝေရီ၊ ငါးပါးသောရန်မရှိ။ အဘယော၊
သူတစ်ပါးတို့အားလည်း ဘေးရှိလာအောင်မပြု။ (ဝါ) ဘေးကင်းအောင်ပြု
တက်သော ။ ပုဂ္ဂလော ၊ ပုဂ္ဂိုလ်ကိုယ်ကို။ ပဏ္ဍိတောတိ၊ ပဏ္ဍိတဟူ၍။
ပဝုစ္စတိ၊ ခေါ်ဆိုအပ်၏။˝
ဒီတော့ ̏ ပဏ္ဍိတ˝ ဆိုတဲ့စကားလေးက သာမံကတော့ ပညာရှိပေါ့နော်။
သို့သော်လည်းပဲ ဗုဒ္ဓမြတ်စွာက အဲဒီလောက်နဲ့တင်ရပ်မထားပါဘူး။ အခုလို
စာတွေရေး တရားတွေဟော ကျမ်းစာအုပ်ကြီးတွေထုတ်ဝေရုံမျှဖြင့် ပဏ္ဍိတ
မဟုတ်ဘူးလို့ဆိုပါတယ်။ ဒီတော့ ကျွန်တော်တို့သိထားတာကပလ္လင်ပေါ်
တက်မိုက်ကိုင် ၊ စတိတ်ခုံပေါ်တက် မိုက်ကိုင်တက်ရုံနဲ့ ပဏ္ဍိတလို့မြင်ထား
တာ ။ ဒါကျွန်တော်တို့ရဲ့ မိရိုးဖလာစိတ်ခံစားမှုပေါ့။
သို့သော်လည်းပဲ ဗုဒ္ဓမြတ်စွာက ပဏ္ဍိတအစစ်ဆိုသည်မှာ များစွာသောစ
ကားများပြောတက်ရုံမျှဖြင့်မခေါ်ထိုက်ပါဘူးလို့ဆိုပါတယ်။ ̏ ခေမီ˝ ဘေး
မရှိသောဆိုတဲ့စကားရပ်ရယ် ၊ ̏ အဝေရီ˝ ရန်မရှိသောဆိုတဲ့စကားရပ်ရယ်
̏ အဘယာ˝ ကြောက်လှန့်ခြင်းမရှိဆိုသော စကားရပ်ရယ်။ ဒီစကားလုံးသုံး
မျိုးရဲ့ meaning ကိုပေါင်းပြီးရလာတဲ့အဖြေကျမှ ̏ ပဏ္ဍိတ˝ လို့ခေါ်တာပါ။
ဒီကနေ့ ကျွန်တော့ရဲ့ မိတ်ဆွေများဟာဖြင့် ပဏ္ဍိတရဲ့ meaning လေးကို
ပိုင်နိုင်စွာသိသွားကြပါပြီ။
ကျွန်တော်တို့ရဲ့ နိစ္စဓူဝ သင်ကြားမှုတွေမှာ အခုလို အနက်အဓိပ္ပါယ်များဟာ
အလွန်အရေးပါပါတယ်။ နောက်မို့ဆို ̏ I want to wather˝ လို့ပြောတာကို
လက်ဖက်ရည်ပေးမိသလိုဖြစ်သွားမယ်။ လိုတာက ရေ ၊ပေးတာကလက်ဖက်
ရည်။ မဆိုင်ဘူးနော်။ အဲလို မဆိုင်တာတွေကို လုပ်မိပြောမိရေးမိနေကြလို့
မဆိုင်တာတွေဖြစ်နေကြတာပါ။ ဒီတော့ ကျွန်တော်တို့ဟာ Overstep is
thinking မလုပ်နိုင်ကြတော့ဘူး။
နိုင်ငံပိုင်သတင်းစာထဲကပါတဲ့ ̏ အဂ္ဂမဟာပဏ္ဍိ˝ ဘွဲ့တံဆိပ်ဆက်ကပ်လှူဒါန်း
ပွဲဆိုတာ အခု ကျွန်တော်ဆောင်းပါးလေးကိုဖတ်မိရင်သဘောပေါက်ပါပြီ။
̏ ပဏ္ဍိတ˝ဆိုတာ သူများပေးမှရတာမဟုတ်ပါဘူး။ ကိုယ့်မှာရှိမှရတာပါ။ ပဏ္ဍိ
တဆိုတဲ့ဘွဲ့ကို ဘုရားပေးလို့မရပါဘူး။ ̏ ခေမီ˝ ̏အဝေရီ˝ ̏ အဘယာ˝ဆိုတဲ့
လောကလူသားများအတွက် လုပ်ဆောင်ပေးနိုင်မှသာလျှင် ̏ ပဏ္ဍိတ˝မည်
တာပါ။
ဒီတော့ .. ခေမီ ၊ လောကလူသားတွေကို ဘေးမရှိအောင် စွမ်းဆောင်နိုင်ရ
ပါလိမ့်မယ်။ မျက်မှောက်ခေတ်အခြေအနေနဲ့ပြောရရင် . ̏ ခေမီ˝ဆိုတာ အာ
ဏာရှင်စနစ်ဆိုးကြီးထဲကနေ ပြည်သူကိုဗဟိုပြုတဲ့ ဒီမိုကရေစီစနစ်ကို ဖန်တီး
နိုင်စွမ်းရှိရမယ်။ ̏ အဝေရီ˝ ပြည်သူတွေမှာ အကြောက်တရားတွေနဲ့ရင်ဆိုင်
နေရတယ်။ ဥပမာ ရေဘေး၊မီးဘေး၊ခိုးသူဘေးတွေနဲ့ပေါ့။ လယ်သိမ်းယာ
သိမ်း အိမ်ခြံမြေတွေကို တပ်ပိုင်၊ခရိုနီပိုင်အဖြစ်မျိုးတွေကနေပြီးလွတ်အောင်
ဖန်တီးနိုင်ရမယ်။
အမြန်လမ်းမပေါ်ခရီးသွားနေတဲ့ပြည်သူတွေထံကနေ ခိုးဆိုးတိုက်ကားတွေ
မှောက်အောင် ကျောက်တုံးတွေချ၊ ဒီတော့ကားတွေမှောက် ၊ မှောက်တဲ့ကား
ထဲက ပြည်သူတွေထံကနေ အဖိုးတန်လက်ဝတ်ရတာရွှေငွေတွေလုသတ်ယူ
နေကြတယ်ဆိုတဲ့ သတင်းကို အများကြားသိနေကြတယ်။
ဒါဟာ ̏ ခေမီ ဆိုတဲ့ဘေး ˝ ̏ ဝေရီဆိုတဲ့ ရန်˝ ̏ ဘယာဆိုတဲ့ကြောက်စရာ˝
တွေမဟုတ်လား ။ ဒီလိုပြည်သူခေါ်လောကလူသားတွေခံစားနေရတဲ့ ဘေး
ရန်ထိပ်လှန့်ဖွယ်ရာတွေကို ကင်းဝေးအောင် စေတနာထား ရေးသားဟော
ပြော ဆိုဆုံးမနေသူမှသာလျှင် ̏ ပဏ္ဍိတ˝အစစ်လို့ခေါ်ရပါလိမ့်မယ်။
ဒါ့ကြောင့် ပဏ္ဍိတ ဟူသည် စက္ကူပေါ် ရွှေရောင်ဖေါင်းကြွ စာလုံးနဲ့ရိုက်နှိပ်
ထားတဲ့ စက္ကူကပ်ပေါ်ကိုယ့်နာမည်ပါတိုင်း ̏ ပဏ္ဍိတ˝ တစ်ဆူမဟုတ်ဘူးဆို
တာကို ဒီစာဖတ်ရင်ဖြင့် သိနိုင်ကြပါပြီဖြစ်တဲ့အတွက် ကျွန်တော်တို့အားလုံး
ဟာ Overstep is thinking to the Uninitiated လူပြိန်းအတွေတွေကို
ကျော်လွန်တွေးတောမှတ်သားနိုင်ဖို့အတွက် စာတွေဖတ်ကြပါစို့ . .. ။
Reference
သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တရနိကာယ်၊ဓမ္မပဒပါဠိတော်၊
ဓမ္မဋ္ဌဝဂ္ဂ ၊ ဆဗ္ဗဂ္ဂိယဝတ္ထု။
ပြသာဒ်ကျောင်းဆရတော် ၊ အရှင်သာရဒဿီရေးသားအပ်သော
ဓမ္မပဒအဋ္ဌကထာ နိဿယ ၊ စတုတ္ထတွဲ၊
http://doegyi.blogspot.com/2015/08/overstep-is-thinking-to-uninitiated.html
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး
ကျွန်တော်တို့ဟာ သင်ကြားခြင်း တွေးဆခြင်းများနဲ့ နာရီများကိုဖြတ်သန်းနေ
ကြတာပါ။ လူကိုး .။ လူမဟုတ်တဲ့ အဟိတ်တိရိစ္ဆာန်များမှာတော့ သင်ကြား
ခြင်း တွေးဆခြင်းများမရှိကြပါဘူး။
စာမျက်နှာများစွာကို ဖတ်ကြမှတ်ကြပါတယ်။ Facebook စတဲ့ Social Net
Work ဆိုတာတွေကလည်း လေ့လာဖို့သင်ကြားဖို့စာမျက်
ကျွန်တော်ကိုယ်တိုင် နေ့စဉ် Blog တွေကိုဝင်ဖတ်ပါတယ်။ Facebook တွေ
မှာလည်း အခုလို ဝေငှပါတယ်။(အားရင်ပေါ့) ။ ကျွန်တော့ကိုယ်ပိုင်blog
လေးကိုသွားချင်ရင်တော့ http://
ဒီကနေ့ ကျွန်တော် မိတ်ဆွေများကို ဝေငှခြင်တဲ့စကားလုံးလေးက̏ပဏ္ဍ
ပါပဲ။ ဒီစကားလုံးက လူတိုင်းသိနေကြပါ။ သို့သော်လည်းပဲ ဒီစကားလုံးရဲ့
Meaning ကိုတော့ဖြင့် ပြည့်စုံအောင်သိချင်လည်းသိမ
ဘူးပေါ့နော်။ ကျွန်တော်ကတော့ မသိသူများအတွက်ဝေငှပါတယ်။
̏ န တေန ပဏ္ဍိတော ဟောတိ၊ ယာဝတာ ဗဟုဘာသတိ။
ခေမီ အဝေရီ အဘယော ၊ ပဏ္ဍိတောတိ ပဝုစ္စတိ။˝
̏ ယော၊ အကြင်သူသည်။ ယာဝတာ၊ အကြင်မျှလောက်သော အကြောင်းဖြင့် ။
သံဃမဇ္ဈာဒီသု၊ သံဃာအလယ်စသညတို့၌။ ဗဟုံ၊ များစွာ။ ဘာသတိ၊ စကား
စကားပြော၏ ။ တေန ၊ ထိုမျှလောက်သောအကြောင်းဖြင်
သည်။ ပဏ္ဍိတော၊ ပညာရှိမည်သည်။ န ဟောတိ၊ မဖြစ်။ ယောစ၊အကြင်သူ
သည်ကား။ခေမီ၊ မိမိလည်းဘေးမရှိ။ အဝေရီ၊ ငါးပါးသောရန်မရှိ။ အဘယော၊
သူတစ်ပါးတို့အားလည်း ဘေးရှိလာအောင်မပြု။ (ဝါ) ဘေးကင်းအောင်ပြု
တက်သော ။ ပုဂ္ဂလော ၊ ပုဂ္ဂိုလ်ကိုယ်ကို။ ပဏ္ဍိတောတိ၊ ပဏ္ဍိတဟူ၍။
ပဝုစ္စတိ၊ ခေါ်ဆိုအပ်၏။˝
ဒီတော့ ̏ ပဏ္ဍိတ˝ ဆိုတဲ့စကားလေးက သာမံကတော့ ပညာရှိပေါ့နော်။
သို့သော်လည်းပဲ ဗုဒ္ဓမြတ်စွာက အဲဒီလောက်နဲ့တင်ရပ်မထားပါဘူ
စာတွေရေး တရားတွေဟော ကျမ်းစာအုပ်ကြီးတွေထုတ်ဝေရံ
မဟုတ်ဘူးလို့ဆိုပါတယ်။ ဒီတော့ ကျွန်တော်တို့သိထားတာကပလ္လင်
တက်မိုက်ကိုင် ၊ စတိတ်ခုံပေါ်တက် မိုက်ကိုင်တက်ရုံနဲ့ ပဏ္ဍိတလို့မြင်ထား
တာ ။ ဒါကျွန်တော်တို့ရဲ့ မိရိုးဖလာစိတ်ခံစားမှုပေါ့။
သို့သော်လည်းပဲ ဗုဒ္ဓမြတ်စွာက ပဏ္ဍိတအစစ်ဆိုသည်မှာ များစွာသောစ
ကားများပြောတက်ရုံမျှဖြင့်မ
မရှိသောဆိုတဲ့စကားရပ်ရယ် ၊ ̏ အဝေရီ˝ ရန်မရှိသောဆိုတဲ့စကားရပ်ရယ်
̏ အဘယာ˝ ကြောက်လှန့်ခြင်းမရှိဆိုသော
မျိုးရဲ့ meaning ကိုပေါင်းပြီးရလာတဲ့အဖြေကျမ
ဒီကနေ့ ကျွန်တော့ရဲ့ မိတ်ဆွေများဟာဖြင့် ပဏ္ဍိတရဲ့ meaning လေးကို
ပိုင်နိုင်စွာသိသွားကြပါပြီ
ကျွန်တော်တို့ရဲ့ နိစ္စဓူဝ သင်ကြားမှုတွေမှာ အခုလို အနက်အဓိပ္ပါယ်များဟာ
အလွန်အရေးပါပါတယ်။ နောက်မို့ဆို ̏ I want to wather˝ လို့ပြောတာကို
လက်ဖက်ရည်ပေးမိသလိုဖြစ်သွား
ရည်။ မဆိုင်ဘူးနော်။ အဲလို မဆိုင်တာတွေကို လုပ်မိပြောမိရေးမိနေကြလို့
မဆိုင်တာတွေဖြစ်နေကြတာပါ။ ဒီတော့ ကျွန်တော်တို့ဟာ Overstep is
thinking မလုပ်နိုင်ကြတော့ဘူး။
နိုင်ငံပိုင်သတင်းစာထဲကပါတဲ
ပွဲဆိုတာ အခု ကျွန်တော်ဆောင်းပါးလေးကိုဖတ
̏ ပဏ္ဍိတ˝ဆိုတာ သူများပေးမှရတာမဟုတ်ပါဘူး။ ကိုယ့်မှာရှိမှရတာပါ။ ပဏ္ဍိ
တဆိုတဲ့ဘွဲ့ကို ဘုရားပေးလို့မရပါဘူး။ ̏ ခေမီ˝ ̏အဝေရီ˝ ̏ အဘယာ˝ဆိုတဲ့
လောကလူသားများအတွက် လုပ်ဆောင်ပေးနိုင်မှသာလျှင်
တာပါ။
ဒီတော့ .. ခေမီ ၊ လောကလူသားတွေကို ဘေးမရှိအောင် စွမ်းဆောင်နိုင်ရ
ပါလိမ့်မယ်။ မျက်မှောက်ခေတ်အခြေအနေနဲ့ြေ
ဏာရှင်စနစ်ဆိုးကြီးထဲကနေ ပြည်သူကိုဗဟိုပြုတဲ့ ဒီမိုကရေစီစနစ်ကို ဖန်တီး
နိုင်စွမ်းရှိရမယ်။ ̏ အဝေရီ˝ ပြည်သူတွေမှာ အကြောက်တရားတွေနဲ့ရင်ဆိုင်
နေရတယ်။ ဥပမာ ရေဘေး၊မီးဘေး၊ခိုးသူဘေးတွေန
သိမ်း အိမ်ခြံမြေတွေကို တပ်ပိုင်၊ခရိုနီပိုင်အဖြစ်
ဖန်တီးနိုင်ရမယ်။
အမြန်လမ်းမပေါ်ခရီးသွားနေတဲ့
မှောက်အောင် ကျောက်တုံးတွေချ၊ ဒီတော့ကားတွေမှောက် ၊ မှောက်တဲ့ကား
ထဲက ပြည်သူတွေထံကနေ အဖိုးတန်လက်ဝတ်ရတာရွှေငွေတွေ
နေကြတယ်ဆိုတဲ့ သတင်းကို အများကြားသိနေကြတယ်။
ဒါဟာ ̏ ခေမီ ဆိုတဲ့ဘေး ˝ ̏ ဝေရီဆိုတဲ့ ရန်˝ ̏ ဘယာဆိုတဲ့ကြောက်စရာ˝
တွေမဟုတ်လား ။ ဒီလိုပြည်သူခေါ်လောကလူသားတွေ
ရန်ထိပ်လှန့်ဖွယ်ရာတွေကို ကင်းဝေးအောင် စေတနာထား ရေးသားဟော
ပြော ဆိုဆုံးမနေသူမှသာလျှင် ̏ ပဏ္ဍိတ˝အစစ်လို့ခေါ်ရပါလိမ့်မယ
ဒါ့ကြောင့် ပဏ္ဍိတ ဟူသည် စက္ကူပေါ် ရွှေရောင်ဖေါင်းကြွ စာလုံးနဲ့ရိုက်နှိပ်
ထားတဲ့ စက္ကူကပ်ပေါ်ကိုယ့်နာမည်ပါတို
တာကို ဒီစာဖတ်ရင်ဖြင့် သိနိုင်ကြပါပြီဖြစ်တဲ့အတွက်
ဟာ Overstep is thinking to the Uninitiated လူပြိန်းအတွေတွေကို
ကျော်လွန်တွေးတောမှတ်သားနို
Reference
သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တရနိကာယ်၊ဓမ္မပဒပါဠိတော
ဓမ္မဋ္ဌဝဂ္ဂ ၊ ဆဗ္ဗဂ္ဂိယဝတ္ထု။
ပြသာဒ်ကျောင်းဆရတော် ၊ အရှင်သာရဒဿီရေးသားအပ်သော
ဓမ္မပဒအဋ္ဌကထာ နိဿယ ၊ စတုတ္ထတွဲ၊
http://
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး
Comments