Tuesday 18 August 2015

Overstep is thinking to the Uninitiated


Overstep is thinking to the Uninitiated
ကျွန်တော်တို့ဟာ သင်ကြားခြင်း တွေးဆခြင်းများနဲ့ နာရီများကိုဖြတ်သန်းနေ
ကြတာပါ။ လူကိုး .။ လူမဟုတ်တဲ့ အဟိတ်တိရိစ္ဆာန်များမှာတော့ သင်ကြား
ခြင်း တွေးဆခြင်းများမရှိကြပါဘူး။(ချွင်းချက်) ။ ဒါကြောင့်ကျွန်တော်တို့ဟာ
စာမျက်နှာများစွာကို ဖတ်ကြမှတ်ကြပါတယ်။ Facebook စတဲ့ Social Net
Work ဆိုတာတွေကလည်း လေ့လာဖို့သင်ကြားဖို့စာမျက်နှာများပါပဲ။
ကျွန်တော်ကိုယ်တိုင် နေ့စဉ် Blog တွေကိုဝင်ဖတ်ပါတယ်။ Facebook တွေ
မှာလည်း အခုလို ဝေငှပါတယ်။(အားရင်ပေါ့) ။ ကျွန်တော့ကိုယ်ပိုင်blog
လေးကိုသွားချင်ရင်တော့ http://doegyi.blogspot.com/ ပါပဲ။
ဒီကနေ့ ကျွန်တော် မိတ်ဆွေများကို ဝေငှခြင်တဲ့စကားလုံးလေးက̏ပဏ္ဍိတ˝
ပါပဲ။ ဒီစကားလုံးက လူတိုင်းသိနေကြပါ။ သို့သော်လည်းပဲ ဒီစကားလုံးရဲ့
Meaning ကိုတော့ဖြင့် ပြည့်စုံအောင်သိချင်လည်းသိမယ်မသိချင်လည်းမသိ
ဘူးပေါ့နော်။ ကျွန်တော်ကတော့ မသိသူများအတွက်ဝေငှပါတယ်။
̏ န တေန ပဏ္ဍိတော ဟောတိ၊ ယာဝတာ ဗဟုဘာသတိ။
ခေမီ အဝေရီ အဘယော ၊ ပဏ္ဍိတောတိ ပဝုစ္စတိ။˝
̏ ယော၊ အကြင်သူသည်။ ယာဝတာ၊ အကြင်မျှလောက်သော အကြောင်းဖြင့် ။
သံဃမဇ္ဈာဒီသု၊ သံဃာအလယ်စသညတို့၌။ ဗဟုံ၊ များစွာ။ ဘာသတိ၊ စကား
စကားပြော၏ ။ တေန ၊ ထိုမျှလောက်သောအကြောင်းဖြင့်။ သော၊ ထိုသူ
သည်။ ပဏ္ဍိတော၊ ပညာရှိမည်သည်။ န ဟောတိ၊ မဖြစ်။ ယောစ၊အကြင်သူ
သည်ကား။ခေမီ၊ မိမိလည်းဘေးမရှိ။ အဝေရီ၊ ငါးပါးသောရန်မရှိ။ အဘယော၊
သူတစ်ပါးတို့အားလည်း ဘေးရှိလာအောင်မပြု။ (ဝါ) ဘေးကင်းအောင်ပြု
တက်သော ။ ပုဂ္ဂလော ၊ ပုဂ္ဂိုလ်ကိုယ်ကို။ ပဏ္ဍိတောတိ၊ ပဏ္ဍိတဟူ၍။
ပဝုစ္စတိ၊ ခေါ်ဆိုအပ်၏။˝
ဒီတော့ ̏ ပဏ္ဍိတ˝ ဆိုတဲ့စကားလေးက သာမံကတော့ ပညာရှိပေါ့နော်။
သို့သော်လည်းပဲ ဗုဒ္ဓမြတ်စွာက အဲဒီလောက်နဲ့တင်ရပ်မထားပါဘူး။ အခုလို
စာတွေရေး တရားတွေဟော ကျမ်းစာအုပ်ကြီးတွေထုတ်ဝေရုံမျှဖြင့် ပဏ္ဍိတ
မဟုတ်ဘူးလို့ဆိုပါတယ်။ ဒီတော့ ကျွန်တော်တို့သိထားတာကပလ္လင်ပေါ်
တက်မိုက်ကိုင် ၊ စတိတ်ခုံပေါ်တက် မိုက်ကိုင်တက်ရုံနဲ့ ပဏ္ဍိတလို့မြင်ထား
တာ ။ ဒါကျွန်တော်တို့ရဲ့ မိရိုးဖလာစိတ်ခံစားမှုပေါ့။
သို့သော်လည်းပဲ ဗုဒ္ဓမြတ်စွာက ပဏ္ဍိတအစစ်ဆိုသည်မှာ များစွာသောစ
ကားများပြောတက်ရုံမျှဖြင့်မခေါ်ထိုက်ပါဘူးလို့ဆိုပါတယ်။ ̏ ခေမီ˝ ဘေး
မရှိသောဆိုတဲ့စကားရပ်ရယ် ၊ ̏ အဝေရီ˝ ရန်မရှိသောဆိုတဲ့စကားရပ်ရယ်
̏ အဘယာ˝ ကြောက်လှန့်ခြင်းမရှိဆိုသော စကားရပ်ရယ်။ ဒီစကားလုံးသုံး
မျိုးရဲ့ meaning ကိုပေါင်းပြီးရလာတဲ့အဖြေကျမှ ̏ ပဏ္ဍိတ˝ လို့ခေါ်တာပါ။
ဒီကနေ့ ကျွန်တော့ရဲ့ မိတ်ဆွေများဟာဖြင့် ပဏ္ဍိတရဲ့ meaning လေးကို
ပိုင်နိုင်စွာသိသွားကြပါပြီ
ကျွန်တော်တို့ရဲ့ နိစ္စဓူဝ သင်ကြားမှုတွေမှာ အခုလို အနက်အဓိပ္ပါယ်များဟာ
အလွန်အရေးပါပါတယ်။ နောက်မို့ဆို ̏ I want to wather˝ လို့ပြောတာကို
လက်ဖက်ရည်ပေးမိသလိုဖြစ်သွားမယ်။ လိုတာက ရေ ၊ပေးတာကလက်ဖက်
ရည်။ မဆိုင်ဘူးနော်။ အဲလို မဆိုင်တာတွေကို လုပ်မိပြောမိရေးမိနေကြလို့
မဆိုင်တာတွေဖြစ်နေကြတာပါ။ ဒီတော့ ကျွန်တော်တို့ဟာ Overstep is
thinking မလုပ်နိုင်ကြတော့ဘူး။
နိုင်ငံပိုင်သတင်းစာထဲကပါတဲ့ ̏ အဂ္ဂမဟာပဏ္ဍိ˝ ဘွဲ့တံဆိပ်ဆက်ကပ်လှူဒါန်း
ပွဲဆိုတာ အခု ကျွန်တော်ဆောင်းပါးလေးကိုဖတ်မိရင်သဘောပေါက်ပါပြီ။
̏ ပဏ္ဍိတ˝ဆိုတာ သူများပေးမှရတာမဟုတ်ပါဘူး။ ကိုယ့်မှာရှိမှရတာပါ။ ပဏ္ဍိ
တဆိုတဲ့ဘွဲ့ကို ဘုရားပေးလို့မရပါဘူး။ ̏ ခေမီ˝ ̏အဝေရီ˝ ̏ အဘယာ˝ဆိုတဲ့
လောကလူသားများအတွက် လုပ်ဆောင်ပေးနိုင်မှသာလျှင် ̏ ပဏ္ဍိတ˝မည်
တာပါ။
ဒီတော့ .. ခေမီ ၊ လောကလူသားတွေကို ဘေးမရှိအောင် စွမ်းဆောင်နိုင်ရ
ပါလိမ့်မယ်။ မျက်မှောက်ခေတ်အခြေအနေနဲ့ပြောရရင် . ̏ ခေမီ˝ဆိုတာ အာ
ဏာရှင်စနစ်ဆိုးကြီးထဲကနေ ပြည်သူကိုဗဟိုပြုတဲ့ ဒီမိုကရေစီစနစ်ကို ဖန်တီး
နိုင်စွမ်းရှိရမယ်။ ̏ အဝေရီ˝ ပြည်သူတွေမှာ အကြောက်တရားတွေနဲ့ရင်ဆိုင်
နေရတယ်။ ဥပမာ ရေဘေး၊မီးဘေး၊ခိုးသူဘေးတွေနဲ့ပေါ့။ လယ်သိမ်းယာ
သိမ်း အိမ်ခြံမြေတွေကို တပ်ပိုင်၊ခရိုနီပိုင်အဖြစ်မျိုးတွေကနေပြီးလွတ်အောင်
ဖန်တီးနိုင်ရမယ်။
အမြန်လမ်းမပေါ်ခရီးသွားနေတဲ့ပြည်သူတွေထံကနေ ခိုးဆိုးတိုက်ကားတွေ
မှောက်အောင် ကျောက်တုံးတွေချ၊ ဒီတော့ကားတွေမှောက် ၊ မှောက်တဲ့ကား
ထဲက ပြည်သူတွေထံကနေ အဖိုးတန်လက်ဝတ်ရတာရွှေငွေတွေလုသတ်ယူ
နေကြတယ်ဆိုတဲ့ သတင်းကို အများကြားသိနေကြတယ်။
ဒါဟာ ̏ ခေမီ ဆိုတဲ့ဘေး ˝ ̏ ဝေရီဆိုတဲ့ ရန်˝ ̏ ဘယာဆိုတဲ့ကြောက်စရာ˝
တွေမဟုတ်လား ။ ဒီလိုပြည်သူခေါ်လောကလူသားတွေခံစားနေရတဲ့ ဘေး
ရန်ထိပ်လှန့်ဖွယ်ရာတွေကို ကင်းဝေးအောင် စေတနာထား ရေးသားဟော
ပြော ဆိုဆုံးမနေသူမှသာလျှင် ̏ ပဏ္ဍိတ˝အစစ်လို့ခေါ်ရပါလိမ့်မယ်။
ဒါ့ကြောင့် ပဏ္ဍိတ ဟူသည် စက္ကူပေါ် ရွှေရောင်ဖေါင်းကြွ စာလုံးနဲ့ရိုက်နှိပ်
ထားတဲ့ စက္ကူကပ်ပေါ်ကိုယ့်နာမည်ပါတိုင်း ̏ ပဏ္ဍိတ˝ တစ်ဆူမဟုတ်ဘူးဆို
တာကို ဒီစာဖတ်ရင်ဖြင့် သိနိုင်ကြပါပြီဖြစ်တဲ့အတွက် ကျွန်တော်တို့အားလုံး
ဟာ Overstep is thinking to the Uninitiated လူပြိန်းအတွေတွေကို
ကျော်လွန်တွေးတောမှတ်သားနိုင်ဖို့အတွက် စာတွေဖတ်ကြပါစို့ . .. ။
Reference
သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တရနိကာယ်၊ဓမ္မပဒပါဠိတော်၊
ဓမ္မဋ္ဌဝဂ္ဂ ၊ ဆဗ္ဗဂ္ဂိယဝတ္ထု။
ပြသာဒ်ကျောင်းဆရတော် ၊ အရှင်သာရဒဿီရေးသားအပ်သော
ဓမ္မပဒအဋ္ဌကထာ နိဿယ ၊ စတုတ္ထတွဲ၊
http://doegyi.blogspot.com/2015/08/overstep-is-thinking-to-uninitiated.html
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...