Monday 20 April 2015

၁၀၀၀-ကျပ်တန်စာရွက်နှင့်သံဃာမိခင်၏ဂုဏ်



ရွှေကျင်ဂိုဏ်းသံဃာဥသျှောင်များက ဒေါ်အောင်ဆန်းစုကြည်
ကို သံဃာမိခင်ဘွဲ့ပေးတယ်ဆိုတာ၊ တကယ်တော့ ထိုဂုဏ်ပြု
ကဒ်ရဲ့တန်ဘိုးဟာ မြန်မာငွေကျပ် (၁၀၀၀) ပဲတန်ကြေးရှိပါတယ်။
သို့သော်  .. .  ယင်းကဒ်ရဲ့ရုပ်ဝတ္ထုထက် ယင်းကဒ်ကိုချီးမြှင့်လိုက်
ရခြင်း၏ ရသသည်သာလျှင် ပဓာနကျပါတယ်။
သူသူငှာငှာ ရန်ကုန်မြို့ ၃၁ လမ်းမှာ အဲလို ကဒ်တွေ တစ်ထောင်
လောက်နဲ့အများကြီးလုပ်ယူလို့ရပါတယ်။ မရတာကတော့ ဂုဏ်
ဒြပ်ပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ကို သံဃာတော်အရှင်သူမြတ်တို့ပေးအပ်
ချီးမြှောက်တယ်ဆိုတာ (၁၀၀၀) တန်ကဒ်လေးတစ်ကဒ်ကိုပေး
တာမျိုးမဟုတ်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံနဲ့လူမျိုးအပေါ်ထားရှိသော
နှလုံးသားကို (သံဃာမိခင်)ဆိုတဲ့ ဂုဏ်ဒြပ်နဲ့ တန်ဘိုးသတ်မှတ်
လိုက်တာပါ။
ယင်းတို့မှာ  . . .
ဒေါ်အောင်ဆန်းစုကြည်သည်  . . .
(၁) လယ်တီသိမ်ကဲ့သို့သောဘုရားစေတီကို မဖြိုခဲ့ခြင်း
(၂) ရဟန်းသံဃာတော်တို့အား (မီးလောင်ဗုံး) ကာယကံမြောက်
မဆိုထားနှင့်ဝစီကံဖြင့်ပင် မပြစ်မှားခဲ့ခြင်း
(၃) ဟိုရဟန်းအုပ်စုနှင့်ဒီရဟန်းအုပ်စုတို့အား သွေးမခွဲခြင်း
(၄) ပြည်သူလူထုတို့၏ကိုးကွယ်ယုံကြည်ရာကို အကြောင်းပြု၍
မဲဆွယ်စည်းရုံးမှုမရှိခြင်း
စသော စသော ဂုဏ်အင်္ဂါများကြောင့် ထေရာဝါရမြန်မာနိုင်ငံ
တော်ရှိ ရွှေကျင်ဂိုဏ်းသံဃာတော်များမှ ချီးမြှင့်လိုက်ခြင်းဖြစ်
သည်ဟု  . . ကျွန်တော်ထင်မှတ်ယုံကြည်မိပါသည်။
ဆက်လက်ဖတ်ရှု့နိုင်သော မူရင်းလင့်
https://www.facebook.com/692306014199968/photos/a.694172884013281.1073741828.692306014199968/733762863387616/?type=1#
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...