Sunday 29 January 2017

မဟာသုတကာရီမဃဒေဝလင်္ကာသစ်ကျမ်း(မာန်လည်ဆရာတော်)

http://www.mediafire.com/file/oi3mux51duu3bxu/%E1%80%99%E1%80%9F%E1%80%AC%E1%80%9E%E1%80%AF%E1%80%90%E1%80%80%E1%80%AC%E1%80%9B%E1%80%AE%E1%80%99%E1%80%83%E1%80%B1%E1%80%92%E1%80%9D%E1%80%9C%E1%80%80%E1%81%A4%E1%80%AC%E1%80%9E%E1%80%85%E1%80%B9%E1%80%80%E1%80%BA%E1%80%99%E1%80%B9%E1%80%B8%28%E1%80%99%E1%80%94%E1%80%B9%E1%80%9C%E1%80%8A%E1%80%B9%E1%80%86%E1%80%9B%E1%80%AC%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%29.pdf

ဘဝအကျဉ်းသား(ဦးရွှေအောင်)


ဓမ္မပဒ(ဦးရွှေအောင်)

http://www.mediafire.com/file/2s7phu041gtkg0u/%E1%80%A5%E1%80%AE%E1%80%B8%E1%80%B1%E1%80%9B%E1%82%8A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%9B%E1%80%B2%E1%82%95+%E1%80%93%E1%80%99%E1%81%BC%E1%80%95%E1%80%92%E1%81%8A%28%E1%80%A1%E1%80%9C%E1%80%84%E1%80%B9%E1%80%B8%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%29.pdf

သေသည်၏အခြားမဲ့၌ (ဦးအေးမောင်)


ပိဋကတ်မှ ဗုဒ္ဓနှင့်ဓမ္မ(ဦးအေးမောင်)

ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ(ဦးအေးမောင်)

ကမ္ဘာကျော်သုတေသီတို့က ပရိနိဗ္ဗာနသုတ္တံကို ဖတ်ရှုပြီးသောအခါမှာ ဗုဒ္ဓအား အလွန်အမင်းအံ့သြမှင်သက်သွားကြပါတယ်။ ဘုရားတွေဟောခဲ့ကြပြောခဲ့ကြပေမယ် ဗုဒ္ဓလောက် နောက်ဆုံးအချိန်အထိပြီးပြည့်စုံအောင်မဟောသွားခဲ့ ကြဘူးလို့ မှတ်ချက်ပြု ကြပါတယ်။
အကျယ်ကိုသိချင်ရင်တော့ ဆရာကြီးဦးအေးအောင်ရေးတဲ့ ဗုဒ္ဓနှင့်ဗုဒ္ဓဝဒါ ကျမ်းစာအုပ်ကိုဖတ်ကြပါတယ်။
pdf ဖိုင်ရှိပါတယ်။ အောက်ကလင့်မှာဝင်ဒေါင်းပါ။
http://doegyi.blogspot.com/2017/01/blog-post_85.html
http://www.mediafire.com/file/i4gp8ej8smo22ww/%25E1%2580%2597%25E1%2580%25AF%25E1%2580%2592%25E1%2581%25B6%25E1%2582%258F%25E1%2580%25BD%25E1%2580%2584%25E1%2580%25B9%25E1%2580%25B7%25E1%2580%2597%25E1%2580%25AF%25E1%2580%2592%25E1%2581%25B6%25E1%2581%2580%25E1%2580%25AB%25E1%2580%2592_%2528%25E1%2580%25A5%25E1%2580%25AE%25E1%2580%25B8%25E1%2580%25B1%25E1%2580%25A1%25E1%2580%25B8%25E1%2580%25B1%25E1%2580%2599%25E1%2580%25AC%25E1%2580%2584%25E1%2580%25B9%2529.pdf/file

တရုတ်က ဖိ ၊ ရှမ်းက အိ ၊ ရှိသည့် ဗမာနောက်မှလာ


Saturday 28 January 2017

ဝိဘဇ္ဇကဗျာ (၂)

စာတွေဖတ်ပြီး အစာမကြေရင်
ဒိုးကြီးရေးတာတွေကိုသာ ရှာဖတ်ကြ

Saturday 7 January 2017

ပကာသနအထာနဲ့ရေးတာမဟုတ်ပါဘူး ပါရမီသဒ္ဓါနဲ့ရေးတဲ့သူ ဒိုးကြီး(ဝိဘဇ္ဇ)7.1.2017-10း41Pm



ပကာသနအထာနဲ့ရေးတာမဟုတ်ပါဘူး
ပါရမီသဒ္ဓါနဲ့ရေးတဲ့သူ
ဒိုးကြီး(ဝိဘဇ္ဇ)7.1.2017-10း41Pm

နည်းပညာ နယ်ပယ်မှ အကြီးမားဆုံး ပြိုင်ဖက်များ

ကမ္ဘာ့သမိုင်းမှာ Pepsi နဲ့ Coke , Edison နဲ့ Tesla , Star Wars နဲ့ Star Trek တို့လို ပြိုင်ဖက်တွေ ပေါ်ထွက်ခဲ့ဖူးပါတယ်။ နည်းပညာ နယ်ပယ်မှာလည်း ပြိုင်ဖက် ကုမ္ပဏီများစွာ ရှိပြီး ပြိုင်ဆိုင်မှု အလွန် ပြင်းထန်ခဲ့ပါတယ်။ ကွန်ပြူတာ သမိုင်းမှာ အကြီးမားဆုံး ပြိုင်ဖက် ၅ ခုက အောက်ပါအတိုင်း ဖြစ်ပါတယ်။

2016-10-19-image
AMD vs. Intel

AMD နဲ့ Intel တို့ဟာ ဆယ်စုနှစ်ပေါင်းများစွာ သက်တမ်းရှိတဲ့ ကုမ္ပဏီတွေပါ။ ကုမ္ပဏီ ၂ ခုဟာ ၁၉၆၀ နှောင်းပိုင်းလောက်က တည်ထောင်ခဲ့ကြတာ ဖြစ်ပြီး နှစ် ၂၀ အတွင်းမှာ ပြိုင်ဆိုင်မှု သိပ်မပြင်းထန်ခဲ့ပါဘူး။ IBM က သူ့အတွက် အဓိက Chips ထုတ်လုပ်ပေးတဲ့ Intel ကို မှီခိုနေရတာကို မနှစ်သက်တဲ့အတွက် ၁၉၈၂ ခုနှစ်မှာ နည်းပညာ လဲလှယ်တဲ့ သဘောတူညီမှုတောင် ပြုလုပ်ခဲ့ပါတယ်။
၁၉၈၀ ခုနှစ် အလယ်လောက်မှာ Intel က သူ့ရဲ့ 386 microprocessor များကို AMD အား အသုံးပြုခွင့် ငြင်းဆိုလိုက်ချိန်မှာ သူတို့ရဲ့ ဆက်ဆံရေးဟာ ပြိုကွဲခဲ့ပါတယ်။ AMD က Intel ဟာ PC Chip များ ထုတ်လုပ်ဖို့ စီစဉ်တာလို့ ပြောခဲ့ပြီး ၁၉၈၇ ခုနှစ်မှာ AMD က Intel ဟာ သူတို့ လွန်ခဲ့တဲ့ ၅ နှစ်က လက်မှတ်ထိုးထားတဲ့ စာချုပ်ကို ဖောက်ဖျက်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ကုမ္ပဏီ ၂ ခုရဲ့ တရားရုံးမှာ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတဲ့ နှစ်များပဲ ဖြစ်ပါတယ်။
၂၀၀၀ ခုနှစ် အစောပိုင်းမှာ AMD က Athlon Chip များဖြင့် Intel ကို ပထမဆုံး အကြိမ်ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမယ့် Intel က Core Architecture ကို မိတ်ဆက်ခဲ့ပြီး AMD အား တန်ဖိုးနည်း Chip ထုတ်လုပ်သူအဖြစ် ဆယ်စုနှစ်တစ်ခုကြာ နန်းချထားခဲ့ပါတယ်။
ဒီနေ့ခေတ်မှာ Intel က ပီစီဈေးကွက်ကို အုပ်စိုးထားပြီး AMD က တန်ဖိုးနည်း Chip ဈေးကွက်မှာ လူကြိုက်များနေပါတယ်။ AMD ရဲ့ ဂရပ်ဖစ်များဟာ Nvidia လောက် မအောင်မြင်ပေမယ့် လက်ရှိ ဂိမ်းစက်များနဲ့ နောက်ထုတ်မယ့် ဂိမ်းစက်များမှာ AMD ရဲ့ GPU များကိုသာ အသုံးပြုမှာပါ။ လာမယ့်နှစ်မှာ ထုတ်လုပ်မယ့် AMD ရဲ့ Zen Chip များက Intel ကို တိုက်ရိုက် တိုက်ခိုက်မှာ ဖြစ်ပါတယ်။
2016-10-19-image-2

Microsoft vs. Apple

နည်းပညာနယ်ပယ်ရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ကုမ္ပဏီ ၂ ခု ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ပြိုင်ဆိုင်မှုဟာ ၁၉၈၀ ခုနှစ်လောက်မှာ စတင်ခဲ့ပြီး အခုထိ အရှိန်မြင့်မားနေပါတယ်။ အစောပိုင်းမှာတော့ သူတို့နှစ်ဦးဟာ အလုပ်အတူတကွလုပ်ခဲ့ပါသေးတယ်။ ၁၉၈၀ ခုနှစ် အစောပိုင်းလောက်က Microsoft ဟာ Apple II အတွက် ဆော့ဝဲရေးပေးခဲ့ပါတယ်။ Bill Gates ကတောင် Mac ကို တီထွင်တဲ့ အလုပ်မှာ Steve Jobs ထက် သူ့ကုမ္ပဏီက လူတွေက ပိုများတယ်လို့ နောက်ခဲ့ပါသေးတယ်။
Jobs က Microsoft ဟာ GUI OS : Windows အသစ်အတွက် Macintosh OS ကို ခိုးယူတယ်လို့ စွပ်စွဲခဲ့ပြီးနောက်မှာ သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ ပြိုလဲသွားပါတယ်။ အဲဒီနောက်ပိုင်း ၁၅ နှစ်လောက်ကြာတဲ့အထိ သူတို့ ဆက်ဆံရေးဟာ ရှုပ်ထွေးနေခဲ့ပါတယ်။ သူတို့ဟာ နေအိမ်သုံး ကွန်ပြူတာ နယ်ပယ်မှာ ပြိုင်ဖက်တွေ ဖြစ်လာပါတယ်။ ဆယ်စုနှစ်အနည်းငယ် ပြိုင်ဆိုင်ခဲ့ပြီးနောက် ဒီနေ့ခေတ်မှာတော့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ ပိုကောင်းလာပါတယ်။ Apple ရဲ့ Virtual AI ဖြစ်တဲ့ Siri ရဲ့ Default Search Engine ဟာ Microsoft Bing ဖြစ်လာပါတယ်။ ဒါပေမယ့် ပြိုင်ဆိုင်မှုတွေကတော့ ရှိနေဆဲပါ။ Tim Cook က သူတို့ဟာ ပြိုင်ဖက်တွေ ဖြစ်ပေမယ့်လည်း မဆိုစလောက် ကဏ္ဍများမှာသာ ပြိုင်ဆိုင်နေပြီး လက်တွဲ အလုပ်လုပ်စရာ ကဏ္ဍတွေက ပိုမိုများတယ်လို့ ပြောပါတယ်။
2016-10-19-image-3

Nintendo vs. Sega

Nintendo ဟာ ၁၈၈၉ ခုနှစ်မှာ ဖဲကစားတဲ့ ကုမ္ပဏီ အဖြစ် စတင် တည်ထောင်ခဲ့တာဟာ မယုံချင်စရာပါ။ Sega ကတော့ ၁၉၄၀ ခုနှစ်မှာ Slot Machine Company အဖြစ် ပေါက်ဖွားလာတာပါ။ နှစ်ပေါင်းများစွာ အကြာမှာတော့ သူတို့နှစ်ဦးဟာ ဂိမ်းစက်နယ်ပယ်မှာ ပြိုင်ဖက်တွေ ဖြစ်လာပါတယ်။
Nintendo ဟာ ၁၉၇၇ ခုနှစ်မှာ မိခင် ဂျပန်နိုင်ငံမှာ Color TV-Game အမည်ရ ဂိမ်းစက်ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ နောက်ပိုင်းမှာ Family Computer ဂိမ်းစက်ကို ထုတ်လုပ်ရောင်းချခဲ့ပြီး ပိုမိုအောင်မြင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ Sega က SG-1000 ကို ထုတ်လုပ်ရောင်းချခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
သူတို့နှစ်ဦးဟာ မြောက်အမေရိကမှာ ပြိုင်ဆိုင်ဖို့ ဂိမ်းစက်များကို အဆင့်မြှင့်လာကြပါတယ်။ Nintendo က ၁၉၈၅ ခုနှစ်မှာ NES ကို မိတ်ဆက်ခဲ့ပြီး ရောင်းအားအကောင်းဆုံး ဂိမ်းစက် ဖြစ်လာပါတယ်။ Sega က Nintendo ကို ယှဉ်ပြိုင်ဖို့ ၁၉၈၆ ခုနှစ်မှာ အမေရိကန်တွင် Master System ကို မိတ်ဆက်ခဲ့ပေမယ့် Nintendo ရဲ့ လူကြိုက်များမှုကို မယှဉ်နိုင်ခဲ့ပါဘူး။
နောက်ပိုင်းမှာလည်း ဂိမ်းစက်အသစ်များဖြင့် သူတို့နှစ်ဦး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ Sega ရဲ့ Hedgehog က ခဏတာတော့ အောင်မြင်ခဲ့ပါတယ်။ Nintendo ရဲ့ N64 နဲ့ Sony PlayStation တို့က Sega ကို အရေးနိမ့်သွားစေခဲ့ပါတယ်။ Sega ရဲ့ နောက်ဆုံးနဲ့ အကောင်းဆုံး ဂိမ်းစက်က ၁၉၉၈ ခုနှစ်မှာ ထုတ်တဲ့ Dreamcast ဖြစ်ပါတယ်။
Dreamcast ဟာ တောင်အမေရိကနဲ့ ဥရောပမှာ ရောင်းကောင်းပေမယ့် ဂျပန်မှာတော့ မအောင်မြင်ခဲ့ပါဘူး။ PS2 ပေါ်လာပြီးနောက်မှာ Sega က Dreamcast ထုတ်လုပ်မှုကို ရပ်နားခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ Nintendo က ဂိမ်းစက်နယ်ပယ်မှာ အောင်မြင်နေပြီး စမတ်ဖုန်း ဂိမ်း လောကကို တစ်ဖြည်းဖြည်း ခြေဆန့်လာပါတယ်။
2016-10-19-image-5

Samsung vs. Apple

Android Phone တွေ များစွာ ထွက်ပေါ်နေပေမယ့် အများစုက Galaxy သို့မဟုတ် iPhone ကိုပဲ ရွေးချယ်ကြပါတယ်။ သူတို့နှစ်ဦးဟာ နှစ်များစွာ တရားရုံးမှာ မူပိုင်ခွင့်ကိစ္စနဲ့ ပတ်သက်ပြီး အပြန်အလှန် တရားစွဲခဲ့ကြပါတယ်။
ဖောက်သည်တွေဘက်က ကြည့်ရင် Apple Fans တွေက Apps များပြားခြင်း၊ OS Update ပုံမှန်ပေးခြင်း၊ အသုံးပြုရလွယ်ကူခြင်းနဲ့ ဒီဇိုင်းအပိုင်းမှာ iPhone က ပိုသာတယ်လို့ ပြောကြပါတယ်။ Galaxy ပိုင်ရှင်တွေကလည်း Customization အပိုင်းမှာ ရွေးချယ်စရာ များပြားခြင်း၊ microSD Card Slot ပါခြင်း၊ Android ရဲ့ ပွင့်လင်းမြင်သာမှု ရှိခြင်းများကြောင့် iPhone ထက် သာတယ်လို့ ပြောကြပါတယ်။ တကယ်တော့ ကုမ္ပဏီ နှစ်ခုစလုံးဟာ ဒီနှစ်တွေထဲမှာ ပြိုင်ဆိုင်မှု အပြင်းဆုံး စမတ်ဖုန်းများကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။
Samsung က ရောင်းချရတဲ့ စမတ်ဖုန်း အလုံးရေ အပိုင်းမှာ ပိုမိုများပြားပြီး Apple ကတော့ ဖုန်းထုတ်လုပ်သူတွေထဲမှာ အမြတ်အများဆုံးရနေပါတယ်။ ဒါပေမယ့် Note 7 ကြောင့် Samsung ရဲ့ အောင်မြင်မှုဟာ ပြောင်းလဲသွားနိုင်ပါတယ်။ သူတို့နှစ်ဦးကတော့ နောင်နှစ်ပေါင်းများစွာကြာအောင် ပြိုင်ဆိုင်မှု ပြင်းထန်မယ့် သဘောရှိပါတယ်။
2016-10-19-image-6

Google vs. Apple

HTC က ၂၀၁၀ ခုနှစ် ဇန်န၀ါရီလမှာ Android Phone တစ်လုံးကို မိတ်ဆက်ခဲ့ပြီး အဲဒီဖုန်းမှာ iPhone ရဲ့ နာမည်အကြီးဆုံး စွမ်းဆောင်ချက်များ ပါလာပါတယ်။ Steve Jobs က Android ဟာ သူတို့ နည်းပညာများကို ခိုးယူနေတဲ့အတွက် ဖျက်ဆီးမယ်လို့တောင် ကြိမ်းဝါးခဲ့ပါတယ်။
Apple က အဲဒီနောက်ပိုင်းမှာ Motorola Mobility Division လို Google ရဲ့ ပါတနာများနဲ့ HTC , Samsung တို့ကို တရားစွဲခဲ့ပါတယ်။ Apple က iOS 6 မှာ Google Maps ကို Apple Maps ဖြင့် အစားထိုးခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်လာက်မှာ ပြိုင်ဆိုင်မှု ငြိမ်သက်သွားပါတယ်။ ဒါပေမယ့် Apple Maps ဟာ ညံ့ဖျင်းတဲ့ အတွက် မြေပုံဌာနမှ ခေါင်းဆောင် Scott Forstall ကို အလုပ်ထုတ်ခဲ့ပါတယ်။ Apple ဟာ သူ့ရဲ့ မြေပုံ အားနည်းမှုကြောင့် iOS အတွက် Public Beta Program ကို ပြုလုပ်ခဲ့တာပါ။
ဒီနေ့ခေတ်မှာ သူတို့ရဲ့ ဆက်ဆံရေးဟာ ရှုပ်ထွေးပါတယ်။ နှစ်ဦးစလုံးဟာ ပြိုင်ဆိုင်မှုတွေတော့ ရှိနေဆဲ ဖြစ်သလို အချို့ကဏ္ဍများမှာလည်း ပူးပေါင်းဆောင်ရွက်နေကြပါတယ်။
Ref : tech spot
http://digitaltimes.com.mm/12448/tech-rival/
Related Posts Plugin for WordPress, Blogger...