Wednesday 29 January 2020

ပတဲကောကြီး အမြစ်

ပုံသဏ္ဌာန် : အပင် အမြဲစိမ်း အပင်ငယ် မျိုးဖြစ်သည်။ အမြင့် ၅-၈ ပေ အထိ မြင့်သည်။ရွက်ယောင် ပင်စည် ဖြစ်ပြီး ထောင်မတ်၍ ပေါက်သည်။ ပင်စည် လုံးမာ ၍ ချောမွေ့ သည်။ အရွက်ပင်စည် လုံး အား ပတ်၍ ရွက်လွှဲ ထွက်သည်။အလျား ၁-၂ ပေ အထိ ရှိ၏။ ရွက်ပြား ကျဉ်း၏။ ရွက်ရင်းပိုင်း သို့မဟုတ် သွယ်ပြီး ရွက်ထိပ်သို့ ချွန်သွယ် သွားသည်။ဂုံမင်း ရွက်နှင့် တူသည်။ရွက်ညှာ တိုသည်။ရွက်လယ်ကြော ထင်ရှား၍ မြောင်းပါသည်။ အရွက် မျက်နှာပြင် နှစ်ဖက်လုံး ချောမွေ့ပြီး ရွက်နားညီသည်။ အပွင့်သေးငယ်ပြီး အဖြူ ရောင်တွင် နီညို စင်းကလေး များ ရှိသည်။ အမြစ်ဥ - ဥပုံသဏ္ဌာန် ဖြစ်ပြီး နနွင်း တက်နှင့် တူသည်။ အမြှေး ဖတ်များဖြင့် ဖုံးအုပ်ထားသည်။ မြစ်မြွှာ နည်းသည်။ အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ : ဥတက်။ မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့ အပြား တွင် သဘာ၀ အလျောက် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ သဘာ၀ ပေါက်ပင် ဖြစ်သည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာ ဆေးကျမ်း များ အလိုအရ ပတဲကော မြစ်သည် ပူ ၊ စပ်၊ ခါး သော အရသာ ရှိ၏။ ပူ၍ ထက်မြက်သော ဂုဏ်သတ္တိ ရှိ၏။ သွေး ၊ သလိပ်ကို ကြေစေ၍ အဆိပ် ကို လည်းကောင်း ၊ ရောင်ရမ်း သော အနာ ကို လည်းကောင်း နိုင်သော သတ္တိ ရှိ၏။ ဝမ်းမီးကို တောက်စေသည်။ နှလုံး ကို အကျိုး ပြုသည်။ နှုတ်ကို မြိန်စေသည်။ အသုံးပြုပုံ- ဥတက် ၁။ပတဲကောကြီး ကို ဝမ်းကိုက် ရောဂါ၊ သွေးဝမ်းကျ ရောဂါ၊ ပန်းနာရောဂါ၊ နှလုံး ရောဂါ ပျောက် ဆေးများ အဖြစ် ဖော်စပ် အသုံးပြု၏။ ၂။ဆီးခဲလျှင် ပတဲကော ကို ဆန်ဆေးရည် နှင့် သွေးသောက်က ဆီးရွှင်စေ၏။ ၃။ပတဲကောကြီး မြစ်ကို ချင်းစိမ်းအရည်၊ ပျားရည်နှင့် လျက်ပေးက ချောင်းဆိုး ရောဂါ ပျောက်၏။ ၄။ပတဲကောကြီး နှင့် စမုန်ဖြူ၊ ဆားမီးဖုတ် တို့ကို အမှုန့် ပြု၍ အနည်းငယ်မျှ လျက်ပေး သော် ရင်နာ၊ ဝမ်းနာ ပျောက်၏။ ၅။ဆီးအိမ်တွင် ဆီးရှိလျက် ဆီးအောင့် ဆီးချုပ်နေမူ ပတဲကောကြီး မြစ်ကို ရေနှင့် သွေးသောက် သော် ပျောက်၏။ ၆။အဖျား ရောဂါ များ အတွက် အဖျားကို နိုင်စေ သော ငန်းဆေးနှင့် ပတဲကောကြီး ပြုတ်ရည် တိုက်ပါက လျင်မြန်စွာ ပျောက်ကင်း၏။ ၇။ပတဲကောကြီး၊ ချင်းခြောက်၊ သိန္ဓောဆား တို့ကို ဆတူ စပ်၍ အမှုန့်ပြု သောက်သော် အစာ မကြေ ရောဂါ ပျောက်ကင်း၏။

ဒိုးႀကီး(ဝိဘဇၨ)

တင်းတိပ်ရောဂါနှင့် တိုင်းရင်းဆေး

မြန်မာ့ တိုင်းရင်းဆေး ပညာတွင် အရေပြား၌ ဖြစ်တက်သော တင်းတိပ် ရောဂါ အကြောင်းကို တွေ့ရှိနိုင် ပါသည်။ တင်းတိပ် ရောဂါနှင့် ပတ်သက်၍ မြန်မာ့ တိုင်းရင်း ဆေးဝါးများနှင့် ကိုယ်တိုင် ကုသလိုသူများ၊ တိုင်းရင်း ဆေးဝါး အကြောင်းနှင့် စပ်လျဉ်း၍ သိရှိလို ကြသည့် စာဖတ် ပရိသတ်များ ဆေးဝါး အဖြစ် သုံးစွဲနိုင်မယ့် အိမ်သုံးဆေး နည်းများကို တင်ပြလိုက် ပါသည်။ တင်းတိတ် ရောဂါ ဆေးနည်းများမှာ -

သိန္ဓာဆား (Rock Salt) – Native Sodium Chloride (NaCL)
——————————————————-
သိန္ဓောဆားသည် သဘာဝ မြေထွက် ပစ္စည်း ဖြစ်ပါသည်။ မာကျောသော အစိုင်အခဲများ ဖြစ်သည်။ တူးဖော် တွေ့ရှိသည့် နေရာဒေသကို အစွဲပြု၍ အရောင်အားဖြင့် အနီ၊ အညို၊ လိမ္မော်၊ ပန်းရောင်၊ အဖြူ ဟူ၍ ရှိပါသည်။ အကြည်၊ အနောက်ဟူ၍ သဏ္ဍာန် ကွဲပြား တက်ပါသည်။

ပါဝင်သည့် ဒြပ်စင်များ
———————-
ယနေ့ တိုင်းရင်း ဆေးဝါးများ ဖော်စပ် ရာတွင် အသုံး တွင်ကျယ် နေသည့် သိန္ဓောဆားတွင်
ဆိုဒီယမ် ကလိုရိုဒ်သည် အဓိက ဓါတ်ပေါင်း အနေနှင့် ပါဝင်ပါသည်။ ဆိုဒီယမ် ကလိုရိုဒ် ၉၆ ရာခိုင်နှုန်းခန့်မှ ၉၉ ရာခိုင်နှုန်းခန့်၊ ကယ်လ်စီယမ် ကလိုရိုဒ် ၀.၀၁ ရာခိုင်နှုန်းခန့်မှ ၉၉ ရာခိုင်နှုန်းခန့်၊ ကယ်လစီယမ် ဆာလဖိတ် ၁.၂ ရာခိုင်နှုန်းမှ ၁.၆ ရာခိုင်နှုန်း၊ ပိုတက် ဆီယမ် ကလိုရိုဒ်နှင့် မဂ္ဂနီဆီယမ် ကလိုရိုဒ်တို့ အနည်းငယ် ပါရှိ ကြောင်းကို တွေ့ရှိရပါသည်။

တိုင်းရင်း ဆေးဝါးများ ဖော်စပ်ရာတွင် သိန္ဓောဆားကို ထည့်သွင်း အသုံးပြုလေ့ ရှိပေသည်။ စားဆေးများ ထုတ်လုပ် ရာတွင် သိန္ဓောဆားကို တိုင်းရင်း ဆေးပညာ ဦးစီးဌာန၊ သုတေ သနဌာနမှ သတ်မှတ် ထားသော နှုန်းထားထက် ပိုမိုသုံးခြင်း၊ နာတာရှည် ရောဂါ ကုသ ဆေးဝါး များ၌ ထည့်သွင်း ဖော်စပ်သည့် ဆေးဝါးများကို ရေရှည် စားသောက်ခြင်းသည် တန်ဆေး လွန်ဘေး ဆိုသည့် ဆောင်ပုဒ်အရ ဘေးထွက် ဆိုးကျိုးများနှင့် ရင်ဆိုင် နိုင်ဖွယ်ရှိကြောင်းကို တိုင်းရင်းဆေး ကိုယ်တိုင် ဖော်စပ် စားသုံး သူများ၊ သတိထားသုံးစွဲသင့်ကြောင်း ဤဆောင်းပါးတွင် အသိပေး တင်ပြလိုက်ရ ပေသည်။

သိန္ဓောဆား တင်းတိပ် ရောဂါကု လိမ်းဆေး
—————————————-
သနပ်ခါးသည် သဘာဝ အတိုင်း လှပမှုကို ပေးဆောင်နိုင်သည်။ မြန်မာ့ဒေ သ ပေါက်ပင်လည်း ဖြစ်ပါသည်။ အချို့အမျိုးသမီး အမျိုးသားများသည် ကျန်းမာ၍ လှပစေရန် သနပ်ခါးကို နေ့စဉ်လိမ်းကြပါသည်။ တင်းတိပ်များ ရှိသော သူများ အတွက် သိန္ဓောဆားကို ဆေးဝါးအဖြစ် အသုံးပြုနိုင်ပါသည်။ သနပ်ခါး သွေးပြီး အရည်တွင် သိန္ဓောဆား စပါးစေ့တစ်စေ့ခန့် ရောစပ်ပြီး တင်းတိပ်ရှိသော နေရာကို တစ်နေ့တစ်ကြိမ်ခန့် နေ့စဉ် လိမ်းပေးနိုင်ပါသည်။ ဇွဲရှိရှိလိမ်းပေးရန် လိုအပ်ပါသည်။ ဤဆေးနည်းမှာ တိုင်းရင်းဆေးဝါး ထုတ်လုပ်လိုသူများ အတွက် နည်းကောင်းဖြစ်ပါသည်။ တင်းတိပ်ဝေဒနာရှင်များ အတွက်လည်း လွယ်ကူသော ဆေးနည်း တစ်နည်း ဖြစ်ကြောင်းကို ဖော်ထုတ်တင်ပြ လိုက်ရခြင်း ဖြစ်ပါသည်။

ပင်လယ်ရေမြှပ်ကုထုံး
———————
ပရဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်သည့် ဆေးပစ္စည်း ဖြစ်ပါသည်။ တင်းတိပ်ရောဂါအတွက် ကုသနိုင်သော ဆေးကောင်း တစ်လက် ဖြစ်ပါသည်။ ပြည်တွင်းထွက် ကုန်ကြမ်းလည်း ဖြစ်ပါသည်။ သနပ်ခါးသွေးရည်နှင့် တွဲဖက်အသုံးပြုနိုင်ပါသည်။ သနပ်ခါးသွေးရာတွင် ပင်လယ်ရေမြှပ်ကို အနည်းငယ် ထည့်၍ သွေးပါ။ ရရှိသော အရည်ကို တင်းတိပ်ရှိသော နေရာတစ်ဝိုက်ကို တစ်နေ့သုံးကြိမ် လိမ်းပေးပါ။ မကြာမီ ရက်ပိုင်းအတွင်း တင်းတိပ်များ လျော့ပါးပြီး လုံးဝ ပျောက်ကင်းသွားနိုင်သည်အထိ ဆေးစွမ်းထက်မြက် စေပါသည်။

ကျောက်ချဉ် (ALUM)
———————-
ကျောက်ချဉ်၏ ဓါတုဗေဒအမည်မှာ လေးမျိုးလေးစား ရှိကြောင်းကို ဆေးကျမ်းများ၌ ဖော်ညွှန်းကြပါသည်။ ကျောက်ချဉ်လေးမျိုးစလုံးသည် ဖန်၍ အနည်းငယ်ချဉ်သော အရသာ ရှိကြပါသည်။ တိုင်းရင်းဆေးဝါးများ ဖော်စပ်ရာတွင် တွဲဖက်ဆေးပစ္စည်းအဖြစ် အနည်းငယ်မျှသာ အသုံးပြုလေ့ ရှိကြပါသည်။ နေ့စဉ်လိမ်းနေကျ မြန်မာ့သနပ်ခါးရည်တွင် ကျောက်ချဉ်ကို မုန့်ညှင်းစေ့ တစ်စေ့ခန့် ထည့်သွေးပြီး မျက်နှာတွင် လိမ်းပေးနိုင်ပါသည်။ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့ ၂ ကြိမ်လိမ်းပေးနိုင်ပါသည်။ ဆေးမလိမ်းမီ မျက်နှာကို သန့်စင်ဆေးကြောပေးရန် လိုအပ်ပါသည်။ ဤဆေးနည်းသည် တင်းတိပ်ဖြစ်ခြင်း၊ မျက်နှာတွင် အစပ်အပြောက်များရှိခြင်း၊ မျက်နှာအရေပြား ကြမ်းတမ်းမှု ရှိသူများအတွက် သုံးစွဲနိုင်သော မျက်နှာလိမ်းဆေး ဖြစ်ပါသည်။

နနွင်း (CURCUMA LONGALINN)
———————————–
နနွင်းမှာ မီးဖိုဆောင် အသုံးဝင်ပစ္စည်းဖြစ်သည်။ နနွင်းသည် ကျန်းမာရေး ပြဿနာ များစွာကို ဖြေရှင်း ရာတွင်အားကိုးလောက်သည့် အပင်အဖြစ် နိုင်ငံခြား သုတေသနစာတမ်းများစွာမှ ထောက်ပြလျက် ရှိပါသည်။ အရေပြားရောဂါများအတွက် အလွန်အသုံးဝင်သော ထူးခြားသည့် ဆေးပင်အဖြစ် ဆေးပညာရှင်များမှ အသိအမှတ်ပြု လက်တွေ့သုံးစွဲလျက်ရှိသော ဆေးပင်လည်း ဖြစ်ပါသည်။ နနွင်းသည် တင်းတိပ်ရောဂါ ကုသရာတွင် အဖိုးတန် ဆေးတစ်လက် ဖြစ်ပါသည်။ သန့်စင်လတ်ဆတ်သည့် နနွင်းတစ်တက်ကို နွားနို့ အနည်းငယ်နှင့် သွေးပါ။ ရရှိသော ဆေးရည်ကို တင်းတိပ်ရှိသော နေရာတစ်ဝိုက်ကို လိမ်းပေးနိုင်ပါသည်။ တစ်နေ့သုံးကြိမ် လိမ်းပေးပါ။ ဤကုထုံးမှာ အိမ်တွင်းကုထုံးဖြစ်ပြီး လူတိုင်းလွယ်ကူစွာနှင့် တင်းတိပ်ကို ဖယ်ရှား နိုင်ပါလိမ့်မည်။

ကွမ်းပင် (PIPER BETLELINN)
——————————-
စိုက်ပျိုးပင်အဖြစ် တွေ့ရှိရပြီး အချိန်မရွေး၊ ဒေသမရွေး လွယ်ကူစွာ အသုံးပြုနိုင်သော အပင်ဖြစ်ပါသည်။ ကွမ်းရွက်သည် တင်းတိပ်ရောဂါ ကုသရာတွင် အစွမ်းထက်မြက်စေပါသည်။ ကွမ်းရွက်ပေါင်းရည်ကို အသုံးပြုရသည်။ သုံးစွဲရန် ပြုလုပ်နည်းမှာ ကွမ်းရွက်ကို ပါးပါးလှီး ဖြတ်တောက်၍ ရေအနည်းငယ်နှင့် ပြုတ်ပါ။ ပြုတ်၍ ရသော အရည်အေးလျှင် ပျားရည်တစ်ဝက်ကို ရောစပ်၍ ပုလင်းနှင့်ထည့်ထားပါ။ ဆေးရည်ကို လိမ်းလိုသော အချိန်တွင် ပုလင်းကို လှုပ်ပြီး မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လိမ်းပေးနိုင်ပါသည်။ ဆေးလိမ်း မည့်မျက်နှာကို သန့်စင်အောင် ဆေးကြောပေးရန် လိုပါသည်။ ဆေးလိမ်းတိုင်း မျက်နှာသစ်ပေးရန် လိုအပ်ပါသည်။

ကွမ်းရွက်တွင် ပါဝင်သော အပင်ထွက် ဓါတုဒြပ်စင်များ (PHYOTO CHEMICAL)
————————————–
ကွမ်းရွက်တွင် အောက်ဖော်ပြပါ အပင်ထွက် ဓါတုဒြပ်စင်များ ပါကြောင်းကို သုတေသန တွေ့ရှိထားချက် ဖြစ်ပါသည်။
OIL -EUGENOL, METHYL
EUGENOL TERPINEOL,
LEAVE/ CHAVICOL,
CHAVIBETOL,
CHAVIBETOLACETATE,
ALLYPYROCATECOHOL, တို့ ပါဝင်ကြောင်း သိရှိရသည်။

တင်းတိပ်လိမ်းဆေး
———————–
ဆေးပုလင်း အမြစ်မှုန့်တစ်ဆ၊ ဒုတ္တာအမှုန့်တစ်ဆ၊ ဘုမ္မရာဇာ အမြစ်မှုန့် တစ်ဆ၊ ဇာတိပ္ဖိုလ်သီး အမှုန့် တစ်ဆ၊ နံ့သာဖြူအမှုန့် တစ်ဆ၊ အုန်းမှုတ်ခွံအခြောက်မှုန့် တစ်ဆ၊ ဤဆေးဖက်ဝင် အားလုံးကို သမအောင် ရောစပ်၍ ပုလင်းတစ်ပုလင်းနှင့် ထည့်ထားပါ။ အသုံးပြုအညွှန်းမှာ သနပ်ခါးသွေး၍ ရရှိသော အရည်တွင် ဆေးမှုန့်စပါးစေ့ခန့်ထည့်ပြီး ရောစပ်ပြီး အရည်ကို တင်းတိပ်ရှိသော အရေပြားတွင် လိမ်းပေးပါ။ နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လိမ်းပေးပါ။

တင်းတိပ်လိမ်းဆေးအဆီ
—————————
ကျောက်ချဉ်မှုန့်တစ်ဆ၊ ဒုတ္တာမှုန့်တစ်ဆ၊ ကြက်သွန်ဖြူ အစိမ်းတစ်ဆ၊ (ထုထောင်းထားပါ)၊ ဆီမီးတောက်ဥ အမှုန့်တစ်ဆ၊ ငရုတ်ကောင်းမှုန့်တစ်ဆ အားလုံးကို သမအောင် ရောစပ်ပြီး နှမ်းနက်ဆီ ၁၀ ဆနှင့် မီးဖြင့်ချက်ပါ။ အအေးခံပါ။ ဆီကိုစစ်ပြီး ပုလင်းနှင့် ထည့်ထားပါ။ တင်းတိပ်ရှိသော နေရာတွင် ဆေးဆီ အနည်းငယ်ကို ညအိပ်ယာဝင်ချိန်တွင် လိမ်းပေးပါ။

တင်းတိပ်လိမ်းဆေး
———————
မရိုးဆေးတစ်ဆ၊ နနွင်းမှုန့်တစ်ဆ ရောစပ်၍ ဆေးတောင့်ပြုလုပ်ပြီး အခြောက်ခံထားပါ။ တင်းတိပ်ရှိ သောနေရာတစ်ဝိုက်ကို ရေအနည်းငယ်နှင့် သွေးပြီး ညအိပ်ယာ ဝင်ချိန်တွင် လိမ်းပေးပါ။

နံနံစေ့ (CORIANDRUM SATIVUML)
—————————————
နေပူဒဏ်များ၊ လေပူဒဏ်နှင့် ထိတွေ့မှုများလာလျှင် ဓါတ်မတည့်မှုကြောင့် အချို့လူတွေမှာ တင်းတိပ်ကို ဖြစ်စေပါတယ်။ ဒါ့အပြင် အမည်းစက်တွေကိုလည်း ဖြစ်စေပါတယ်။ တင်းတိပ်တွေ၊ အမဲစက်တွေကြောင့် စိတ်ပျက်ပြီး လှချင်ပချင်သူတွေ အတွက် သဘာဝဆေးနှင့် လှပနိုင်မည့် နည်းလမ်းတွေကို တင်ပြထားပါသည်။ သဘာဝအပင်ထွက် ပစ္စည်းလေးတွေနဲ့ အလှပြုပြင်ရတာ အန္တရာယ်များနှင့်လည်း ကင်းဝေးစေပြီး ဘေးထွက်ဆိုးကျိုး များလည်း လျော့နည်းစေပါသည်။

အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံများတွင် ဟင်းခတ်အမွှေးအကြိုင်များအဖြစ် အသုံးပြုကြတဲ့ နံနံစေ့ Coriandrum Sativum L. အပင်၏ ကမ္ဘာ့ကုန်သွယ်မှုအမည်မှာ Coriander ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှားမှာ ရောင်းကုန် (ထွက်ကုန်)အဖြစ် ပေါ်လွင်နေပါပြီ။ အဲဒီနံနံစေ့ဟာ ဘက်တီးရီးယား (Bacteria) ပိုးများကိုပင် သေစေနိုင်ကြောင်း ဆေးသုတေသနမှ တွေ့ရှိထားပြီး ဖြစ်ပါသည်။ နံနံမှ ထုတ်ယူရရှိသည့် အဆီများကို ဆိုလျှင် နိုင်ငံတကာ တိုင်းရင်းဆေးဝါးများ၊ သိပ္ပံဆေးဝါးအချို့တွင် ထည့်သွင်း အသုံးပြုနေပြီ ဖြစ်ပါသည်။ နံနံစေ့မှာ သဘာဝ အမွှေးဆီ Coriander Essential Oil, Fixed Protein တို့ကြွယ်ဝစွာ ပါဝင်ကြပါသည်။

နံနံစေ့ကို ပြုတ်ဆေးရည် ပြုလုပ်ပြီး ညအိပ်ယာဝင်တိုင်း မျက်နှာကို လိမ်းပေးပါ။ ဤသို့နေ့စဉ် ဆောင်ရွတ်ပေးခြင်းဖြင့် မကြာမီရက်များအတွင်း တင်းတိပ်၊ ဝက်ခြံမည်းများ၊ မှဲ့ခြောက်များ၊ ဆားဝက်ခြံများကို သိသိသာသာ လျော့ပါးလာစေပြီး အလှပိုင်ရှင်လေးတစ်ဦး ဖြစ်လာစေနိုင်ပါတယ်။

ဒန္တသုခပင် SCOPARLA DULCIS LINN
—————————————–
ဒန္တသုခပင်ကို အာယုဒ္ဒ ဗ္ဗေဒ အခြေခံသော သက္ကတ ဘာသာအားဖြင့် ဝနဓနိယဟု ခေါ်ဆိုပါသည်။ တောနံနံပင်ဟု အဓိပ္ပါယ်ဖော်ဆောင်၍ ရပါသည်။ အခြေခံ အကြောင်းအရင်းမှာ ရင့်၍ ပွင့်ဖတ်ကလေးများ ကြွေကျသွားသောအခါ နံနံစေ့ သဏ္ဍာန် အသီးကလေးများ ကျန်ရစ်ခဲ့တက်သည်ကို အစွဲပြု၍ ခေါ်ခြင်း ဖြစ်ပါသည်။ မြန်မာ့တိုင်းရင်းဆေး ပညာရှင်များကမူ မြက်ချိုပင်၊ မန်းလေးပင်၊ မဆလာပင်၊ ဒန္တသုခပင် ဟု အရပ်ဒေသအလိုက် အမျိုးမျိုးဝေါဟာရပြု၍ ခေါ်ဆိုကြပေသည်။ တင်းတိပ်ရောဂါအတွက် ဆေးကောင်း တစ်လက်အဖြစ် ရွေးချယ်သုံးစွဲနိုင်ပါသည်။ အသုံးပြုနည်းမှာ သွေးပြီးသနပ်ခါးရည်တွင် လတ်ဆတ်သော ဒန္တသုခ ရွက်စိမ်းကို ကြိတ်ခြေ၍ သတ္တုရည်ကို ထုတ်ယူပါ။ ရရှိသော အရည်အနည်းငယ်နှင့် သနပ်ခါးရည် ရောစပ်၍ အိပ်ယာဝင်တိုင်း လူး၍ အိပ်ပါ။နန်းလုံးကြိုင် အသီးတစ်ဆ၊ ဂုံမင်းသီးတစ်ဆတို့ကို ကျွမ်းအောင်မီးဖုတ်၍ အမှုန့်ပြုပါ။ နှမ်းဆီစစ်စစ် နှင့် ရောစပ်၍ ပုလင်း၌ ထည့်ထားပါ။ အသုံးပြုလိုသောအခါ ပုလင်းကိုလှုပ်ပြီး ဆီအနည်းငယ်မျှကို တင်းတိပ်ရှိသော နေရာကိုလူးပေးပါ။

ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။

Tuesday 28 January 2020

ဂုဏ်တော်ကွန်ချာကို လွယ်ကူစွာရွတ်နည်း

                                                      ဂုဏ်တော်ကွန်ချာ
                                       ဂုဏ်တော်ကွန်ချာကို လွယ်ကူစွာရွတ်နည်း
 (၁)  အရဟံ  (၂) သမ္မာသမ္ဗုဒ္ဓေါ (၃) ဝိဇ္ဇာစရဏ သမ္ပန္နော (၄)သုဂတော (၅) လောကဝိဒူ (၆)အနုတ္တရော ပုရိသ ဒမ္မသာရထိ (၇) သတ္ထာဒေဝမနုဿာနံ (၈) ဗုဒ္ဓေါ (၉) ဘဂဝါ။
နံပါတ်(၁)အရဟံဂုဏ်တော်ကနေ ၂/ ၃ /၄/ ၅ /၆ /၇/ ၈   အစဉ်အတိုင်း နံပါတ်(၉) ဘဂဝါ ဂုဏ်တော် အထိရွတ်ပါ နံပါတ် (၉)ပြီးတာနဲ့ နံပါတ် ရောက်တာနဲ့ နံပါတ် ၅ ၊ ၄ ၊ ၆၊ ၃၊ ၇ ၊၂ ၊ ၈ ၊ ၁ ၊ ၉ ၊ နံပါတ် အတိုင်းရွတ်ဆိုရတာပါ။ အထက်အောက်ပင်ကျော်ပင်ချ ကွန်ချာယက်သကဲ့သို့ ရွတ်ဆိုရတာဖြစ်သော ကြောင့် ဂုဏ်တော်ကွန်ချာအား ရွတ်ဖတ်သရဇ္ဈာယ်သော သူတော်စဉ်၏ အသက်ခန္ဓာပိုင်ဆိုင် ရာမှန် သမျှ ကို အနှိုင်းမဲ့အတုမဲ့သော ဂုဏ်တော်ဟိတ်သတ္တိတို့ကလည်းပဲ ဘေးရန်ရန်ခပ်သိမ်းကို ကွန်ချာဖြင့် အုပ်ဆိုင်းထားသကဲ့သို့ပင်တည်း။
ဂုဏ်တော်ကွန်ချာကို ရှေးအခါက ဘေးမဲ့ဆရာတော်ဘုရားကြီးလောင်လျာမှ တစ်ဆင့်ယခုတိုင်အောင် ရွတ်ဖတ်နေကြခြင်းဖြစ်သည်ဟု တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီးမှ မိန့်ကြားတော်မူဖူး သည်။
အကျွန်ုပ်ဒိုးကြီး(ဝိဘဇ္ဇ)သည် ဖခင်ကြီးဦးလှစံအမြဲရွတ်ဖတ်သရဇ္ဈာယ်သည်ကို လက်ဦးဆရာမည်ထိုက် စွာဆိုသည့်အတိုင်း ကြားဖူးနေရ၏ ထိုသို့သော ကုသိုလ်အား  . . ဣဒံ ပုညံ ဗောဓိဉာဿ ပစ္စယော ဟောတု ၊  ဣဒံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဘာဇေမ ဟု ဖခင်ကြီးအားဦးထိတ်ထား၍ သုံးဆယ့်တစ်ဘုံ သားတို့အား မကျွင်းမကျန်ဝေငှပါသည်  .. .
သာဓု သာဓု သာဓု
သာဓု သာဓု သာဓု
သာဓု သာဓု သာဓု
ဒိုးကြီး(ဝိဘဇ္ဇ)29.1.2020-12း11am

(၁) သော ဘဂဝါ ဣတိပိ အရဟံ ၊
အရဟံ ဝတ သော ဘဂဝါ၊ 
အရဟန္တံ သရဏံ ဂစ္ဆာမိ ၊
အရဟန္တံ သိရသာ နမာမိ၊
ပထမော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ အရဟံ။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ လူနတ်ဗြဟ္မာ သတ္တဝါ အပေါင်းတို့၏ ပူဇော် အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း ၊ အရဟံ အရဟမည်တော်မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး ၊ အရဟံ -လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့ ၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေ၏။
အရဟန္တံ - လူ နတ် ဗြဟ္မာ သတ္တဝါ အပေါင်းတို့၏ ၊ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာ ဘုရားကို သရဏံ - ကိုးကွယ် လည်းလျောင်း ပုံးအောင်းမှီခို အားထားရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ် ပူဇော်ပါ၏ ။
အရဟန္တံ- လူ နတ် ဗြဟ္မာ သတ္တဝါ အပေါင်းတို့၏ ၊ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာ ဘုရားကို ၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
ပထမော- ရှေးဦးစွာသော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ လူနတ်ဗြဟ္မာ သတ္တဝါ အပေါင်းတို့၏ ပူဇော် အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း ၊ အရဟံ -အရဟမည်တော်မူပါပေ၏။

(၂) သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊
သမ္မာသမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ 
သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊
သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ၊
ဒုတိယော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော အကြောင်းကြောင့်လည်း  ၊ သမ္မာသမ္ဗုဒ္ဓေါ - သမ္မာသမ္ဗုဒ္ဓ မည်တော်မူ ပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး၊ သမ္မာသမ္ဗုဒ္ဓေါ- တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်း၍သိမြင်တော်မူပါပေ၏။
သမ္မာသမ္ဗုဒ္ဓံ-တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော မြတ်စွာ ဘုရားကို ၊ သရဏံ - ကိုးကွယ်ရာ အားထားရာဟူ၍ ၊ ဂစ္ဆာမိ-ဆည်းကပ်ပူဇော်ပါ၏။
သမ္မာသမ္ဗုဒ္ဓံ-တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော မြတ်စွာ ဘုရားကို ၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
ဒုတိယော- နှစ်ခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော အကြောင်းကြောင့်လည်း  ၊ သမ္မာသမ္ဗုဒ္ဓေါ - သမ္မာသမ္ဗုဒ္ဓ မည်တော်မူ ပါပေ၏။

(၃) သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော၊
ဝိဇ္ဇာစရဏသမ္ပန္နော ဝတ သော ဘဂဝါ၊ 
ဝိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ ၊
ဝိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ၊
တတိယော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ဝိဇ္ဇာသုံးပါး ဝိဇ္ဇာရှစ်ပါး စရဏတရား တစ်ဆယ့်ငါးပါနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း  ၊ ဝိဇ္ဇာစရဏသမ္ပန္နော- ဝိဇ္ဇာစရဏသမ္ပန္န- မည်တော်မူ ပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး၊ ဝိဇ္ဇာစရဏသမ္ပန္နော- ဝိဇ္ဇာသုံးပါး ဝဇ္ဇာရှစ်ပါး စရဏတရား တစ်ဆယ့်ငါးပါနှင့် ပြည့်စုံတော်မူ ပါပေ၏။
ဝိဇ္ဇာစရဏသမ္ပန္နံ - ဝိဇ္ဇာသုံးပါး ဝဇ္ဇာရှစ်ပါး စရဏတရား တစ်ဆယ့်ငါးပါနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ၊သရဏံ - ကိုးကွယ်ရာ အားထားရာဟူ၍ ၊ ဂစ္ဆာမိ-ဆည်းကပ်ပူဇော်ပါ၏။
ဝိဇ္ဇာစရဏသမ္ပန္နံ - ဝိဇ္ဇာသုံးပါး ဝဇ္ဇာရှစ်ပါး စရဏတရား တစ်ဆယ့်ငါးပါနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
တတိယော- သုံးခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ဝိဇ္ဇာသုံးပါး ဝဇ္ဇာရှစ်ပါး စရဏတရား တစ်ဆယ့်ငါးပါနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း  ၊ ဝိဇ္ဇာစရဏသမ္ပန္နော- ဝိဇ္ဇာစရဏသမ္ပန္န- မည်တော်မူ ပါပေ၏။
(၄) သော ဘဂဝါ ဣတိပိ သုဂတော ၊
သုဂတော ဝတ သော ဘဂဝါ၊ 
သုဂတံ သရဏံ ဂစ္ဆာမိ ၊
သုဂတံ သိရသာ နမာမိ၊
စတုတ္ထော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ သုဂတော။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ နိဗ္ဗာန်သို့ ကြွသွားတော်မူတက်သော အကြောင်းကြောင့်လည်း ၊ အရဟံ အရဟမည်တော်မူပါပေ၏။ (ဝါ-တနည်း)ဤသို့ ကောင်းသော စကားကို ဆိုတော်မူတက်သော အကြောင်းကြောင်းလည်း၊ သုဂတော- သုဂတ မည်တော်မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲ ၊ သုဂတော- နိဗ္ဗာန်သို့ ကြွသွားတော်မူတက်သော အကြောင်းကြောင့်လည်း (ဝါ-တနည်း) ကောင်းသော စကားကို ဆိုတော် မူတက်သော အကြောင်းကြောင်းလည်း၊ သုဂတော- သုဂတ မည်တော်မူပါပေ၏။
သုဂတံ- နိဗ္ဗာန်သို့ သွားတော်မူတက်သော (တနည်း) ကောင်းသောစကားကို ဆိုတော်မူတက်သော မြတ်စွာ ဘုရားကို ၊ သရဏံ - ကိုးကွယ် အားထားရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ်ပူဇော်ပါ၏ ။
သုဂတံ- နိဗ္ဗာန်သို့ သွားတော်မူတက်သော (တနည်း) ကောင်းသောစကားကို ဆိုတော်မူတက်သော မြတ်စွာ ဘုရားကို ၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
စတုတ္ထော- လေးခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ နိဗ္ဗာန်သို့ ကြွသွားတော်မူတက်သော အကြောင်းကြောင့်လည်း၊ (ဝါ-တနည်း) ဤသို့ ကောင်းသော စကားကို ဆိုတော်မူတက်သော အကြောင်းကြောင်းလည်း၊ သုဂတော- သုဂတ မည်တော်မူပါပေ၏။

(၅) သော ဘဂဝါ ဣတိပိ လောကဝိဒူ ၊
လောကဝိဒူ ဝတ သော ဘဂဝါ၊ 
လောကဝိဒုံ သရဏံ ဂစ္ဆာမိ ၊
လောကဝိဒုံ သိရသာ နမာမိ၊
ပဉ္စမော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ လောကဝိဒုံ
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ကာမလောက ရူပလောက အရူပလောက တည်းဟူသော လောကသုံးပါးကို သိတော်မူတက်သော အကြောင်းကြောင့်လည်း ၊ (ဝါ-တနည်း) သတ္တလောက သင်္ခါရလောက သြကာသလောက ဟုဆိုအပ်သော လောကသုံးပါးကို သိတော် မူတက်သော အကြောင်းကြောင့်လည်း၊  လောကဝိဒူ- လောကဝိဒူ မည်တော်မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး ၊ လောကဝိဒူ- ကာမလောက ရူပလောက အရူပလောက တည်းဟူသော လောကသုံးပါးကို သိတော်မူတက်သော အကြောင်း ကြောင့်လည်း ၊ (ဝါ-တနည်း) သတ္တလောက သင်္ခါရလောက သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတက်ပါပေ၏။
လောကဝိဒုံ - ကာမလောက ရူပလောက အရူပလောက တည်းဟူသော လောကသုံးပါးကို သိတော်မူတက်သော အကြောင်းကြောင့်လည်း ၊ (ဝါ-တနည်း) သတ္တလောက သင်္ခါရလောက သြကာသလောက ဟုဆိုအပ်သော လောကသုံးပါးကို သိတော် မူတက်သော မြတ်စွာဘုရားကို သရဏံ - ကိုးကွယ် အားထားရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ်ပူဇော်ပါ၏ ။
လောကဝိဒုံ - ကာမလောက ရူပလောက အရူပလောက တည်းဟူသော လောကသုံးပါးကို သိတော်မူတက်သော အကြောင်းကြောင့်လည်း ၊ (ဝါ-တနည်း) သတ္တလောက သင်္ခါရလောက သြကာသလောက ဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတက်သော မြတ်စွာဘုရားကို ၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
ပဉ္စမော- ငါးခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။

(၆) သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသဒမ္မ သာရထိ ၊
အနုတ္တရော ပုရိသ ဒမ္မသာရထိ ဝတ သော ဘဂဝါ၊ 
အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ ၊
အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သိရသာ နမာမိ၊
ဆဋ္ဌမော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသဒမ္မ သာရထိ ။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ဆုံးမတော်မူသောအရာ၌ အတုမရှိတော်မူသော အကြောင်းကြောင့်လည်း ၊ အနုတ္တရော ပုရိသဒမ္မ သာရထိ - အနုတ္တရော ပုရိသဒမ္မ သာရထိ မည်တော် မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး ၊ အနုတ္တရော ပုရိသဒမ္မ သာရထိ -ဆုံးမတော်မူသောအရာ၌ အတုမရှိမြတ်တော်မူပါပေ၏။
အနုတ္တရော ပုရိသဒမ္မ သာရထိံ- ဆုံးမတော်မူသောအရာ၌ အတုမရှိမြတ်တော်မူသော မြတ်စွာဘုရား ကို၊ သရဏံ - ကိုးကွယ် အားထားရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ်ပူဇော်ပါ၏ ။
အနုတ္တရော ပုရိသဒမ္မ သာရထိံ- ဆုံးမတော်မူသောအရာ၌ အတုမရှိမြတ်တော်မူသော မြတ်စွာဘုရား ကို ၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
ဆဋ္ဌမော- ခြောက်ခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ဆုံးမတော်မူသောအရာ၌ အတုမရှိတော်မူသော အကြောင်းကြောင့်လည်း ၊ အနုတ္တရော ပုရိသဒမ္မ သာရထိ - အနုတ္တရော ပုရိသဒမ္မ သာရထိ မည်တော် မူပါပေ၏။

(၇) သော ဘဂဝါ ဣတိပိ သတ္ထာဒေဝ မနုဿာနံ ၊
သတ္ထာဒေဝ မနုဿာနံ ဝတ သော ဘဂဝါ၊ 
သတ္ထာရံ ဒေဝ မနုဿာနံ သရဏံ ဂစ္ဆာမိ ၊
သတ္ထာရံ ဒေဝ မနုဿာနံ သိရသာ နမာမိ၊
သတ္တမော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ သတ္ထာဒေဝ မနုဿာနံ ။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ နတ်လူဗြဟ္မာသတ္တဝါတို့၏ ဆရာဖြစ် တော်မူသော  အကြောင်းကြောင့်လည်း၊  သတ္ထာဒေဝ မနုဿာနံ- သတ္ထာ ဒေဝမနုဿာန  မည်တော် မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး ၊ သတ္ထာဒေဝ မနုဿာနံ- နတ်လူဗြဟ္မာသတ္တဝါတို့၏ ဆရာဖြစ်တော်မူပါပေ၏။
သတ္ထာဒေဝ မနုဿာနံ- နတ်လူဗြဟ္မာသတ္တဝါတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားကို၊ သရဏံ - ကိုးကွယ် အားထားပုန်းအောင်းမှီခိုရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ်ပူဇော်ပါ၏ ။
သတ္ထာဒေဝ မနုဿာနံ- နတ်လူဗြဟ္မာသတ္တဝါတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားကို၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
သတ္တမော- ခုနှစ်ခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။

(၈) သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ ၊
ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ 
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊
ဗုဒ္ဓံ သိရသာ နမာမိ၊
အဋ္ဌမော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ ။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ သစ္စာလေးပါးမြတ်တရားကို မိမိကိုယ်တော် တိုင်လည်းသိ သတ္တဝါတို့အားလည်းသိစေတော်မူတက်သောအကြောင်းကြောင့်လည်း ၊ ဗုဒ္ဓေါ-ဗုဒ္ဓ  မည်တော် မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး ၊ ဗုဒ္ဓေါ- သစ္စာလေးပါးမြတ် တရားကို မိမိကိုယ်တော်တိုင်လည်းသိ သတ္တဝါတို့အားလည်းသိစေတော်မူတက်ပါပေ၏။
ဗုဒ္ဓံ- သစ္စာလေးပါးမြတ် တရားကို မိမိကိုယ်တော်တိုင်လည်းသိ သတ္တဝါတို့အားလည်း သိစေတော် မူတက်မြတ်စွာဘုရားကို၊ သရဏံ - ကိုးကွယ် အားထားပုန်းအောင်းမှီခိုရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ် ပူဇော်ပါ၏ ။
ဗုဒ္ဓံ- သစ္စာလေးပါးမြတ် တရားကို မိမိကိုယ်တော်တိုင်လည်းသိ သတ္တဝါတို့အားလည်း သိစေတော် မူတက်မြတ်စွာဘုရားကို၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
အဋ္ဌမော- ခုနှစ်ခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ သစ္စာလေးပါးမြတ်တရားကို မိမိကိုယ်တော် တိုင်လည်းသိ သတ္တဝါတို့အားလည်းသိစေတော်မူတက်သောအကြောင်းကြောင့်လည်း ၊ ဗုဒ္ဓေါ-ဗုဒ္ဓ  မည်တော် မူပါပေ၏။

(၉) သော ဘဂဝါ ဣတိပိ ဘဂဝါ ၊
ဘဂဝါ ဝတ သော ဘဂဝါ၊ 
ဘဂဝန္တံ သရဏံ ဂစ္ဆာမိ ၊
ဘဂဝန္တံ သိရသာ နမာမိ၊
နဝမော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ ဘဂဝါ ။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ဘုန်းတော်အနန္တ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူတက်သောအကြောင်းကြောင့်လည်း ၊ ဘဂဝါ-ဘဂဝ  မည်တော် မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး ၊ ဘဂဝါ- ဘုန်းတော်အနန္တ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူပါပေ၏။
ဘဂဝန္တံ- ဘုန်းတော်အနန္တ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ သရဏံ - ကိုးကွယ် အားထားပုန်းအောင်းမှီခိုရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ် ပူဇော်ပါ၏ ။
ဘဂဝန္တံ- ဘုန်းတော်အနန္တ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
နဝမော- ခုနှစ်ခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ဘုန်းတော်အနန္တ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူတက်သောအကြောင်းကြောင့်လည်း ၊ ဘဂဝါ-ဘဂဝ  မည်တော် မူပါပေ၏။
(၁၀) သော ဘဂဝါ ဣတိပိ လောကဝိဒူ ၊
လောကဝိဒူ ဝတ သော ဘဂဝါ၊ 
လောကဝိဒုံ သရဏံ ဂစ္ဆာမိ ၊
လောကဝိဒုံ သိရသာ နမာမိ၊
ပဉ္စမော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ လောကဝိဒုံ
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ကာမလောက ရူပလောက အရူပလောက တည်းဟူသော လောကသုံးပါးကို သိတော်မူတက်သော အကြောင်းကြောင့်လည်း ၊ (ဝါ-တနည်း) သတ္တလောက သင်္ခါရလောက သြကာသလောက ဟုဆိုအပ်သော လောကသုံးပါးကို သိတော် မူတက်သော အကြောင်းကြောင့်လည်း၊  လောကဝိဒူ- လောကဝိဒူ မည်တော်မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး ၊ လောကဝိဒူ- ကာမလောက ရူပလောက အရူပလောက တည်းဟူသော လောကသုံးပါးကို သိတော်မူတက်သော အကြောင်း ကြောင့်လည်း ၊ (ဝါ-တနည်း) သတ္တလောက သင်္ခါရလောက သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတက်ပါပေ၏။
လောကဝိဒုံ - ကာမလောက ရူပလောက အရူပလောက တည်းဟူသော လောကသုံးပါးကို သိတော်မူတက်သော အကြောင်းကြောင့်လည်း ၊ (ဝါ-တနည်း) သတ္တလောက သင်္ခါရလောက သြကာသလောက ဟုဆိုအပ်သော လောကသုံးပါးကို သိတော် မူတက်သော မြတ်စွာဘုရားကို သရဏံ - ကိုးကွယ် အားထားရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ်ပူဇော်ပါ၏ ။
လောကဝိဒုံ - ကာမလောက ရူပလောက အရူပလောက တည်းဟူသော လောကသုံးပါးကို သိတော်မူတက်သော အကြောင်းကြောင့်လည်း ၊ (ဝါ-တနည်း) သတ္တလောက သင်္ခါရလောက သြကာသလောက ဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတက်သော မြတ်စွာဘုရားကို ၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
ပဉ္စမော- ငါးခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ကာမလောက ရူပလောက အရူပလောက တည်းဟူသော လောကသုံးပါးကို သိတော်မူတက်သော အကြောင်းကြောင့်လည်း ၊ (ဝါ-တနည်း) သတ္တလောက သင်္ခါရလောက သြကာသလောက ဟုဆိုအပ်သော လောကသုံးပါးကို သိတော် မူတက်သော အကြောင်းကြောင့်လည်း၊  လောကဝိဒူ- လောကဝိဒူ မည်တော်မူပါပေ၏။
(၁၁) သော ဘဂဝါ ဣတိပိ သုဂတော ၊
သုဂတော ဝတ သော ဘဂဝါ၊ 
သုဂတံ သရဏံ ဂစ္ဆာမိ ၊
သုဂတံ သိရသာ နမာမိ၊
စတုတ္ထော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ သုဂတော။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ နိဗ္ဗာန်သို့ ကြွသွားတော်မူတက်သော အကြောင်းကြောင့်လည်း ၊ အရဟံ အရဟမည်တော်မူပါပေ၏။ (ဝါ-တနည်း)ဤသို့ ကောင်းသော စကားကို ဆိုတော်မူတက်သော အကြောင်းကြောင်းလည်း၊ သုဂတော- သုဂတ မည်တော်မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲ ၊ သုဂတော- နိဗ္ဗာန်သို့ ကြွသွားတော်မူတက်သော အကြောင်းကြောင့်လည်း (ဝါ-တနည်း) ကောင်းသော စကားကို ဆိုတော် မူတက်သော အကြောင်းကြောင်းလည်း၊ သုဂတော- သုဂတ မည်တော်မူပါပေ၏။
သုဂတံ- နိဗ္ဗာန်သို့ သွားတော်မူတက်သော (တနည်း) ကောင်းသောစကားကို ဆိုတော်မူတက်သော မြတ်စွာ ဘုရားကို ၊ သရဏံ - ကိုးကွယ် အားထားရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ်ပူဇော်ပါ၏ ။
သုဂတံ- နိဗ္ဗာန်သို့ သွားတော်မူတက်သော (တနည်း) ကောင်းသောစကားကို ဆိုတော်မူတက်သော မြတ်စွာ ဘုရားကို ၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
စတုတ္ထော- လေးခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ နိဗ္ဗာန်သို့ ကြွသွားတော်မူတက်သော အကြောင်းကြောင့်လည်း၊ (ဝါ-တနည်း) ဤသို့ ကောင်းသော စကားကို ဆိုတော်မူတက်သော အကြောင်းကြောင်းလည်း၊ သုဂတော- သုဂတ မည်တော်မူပါပေ၏။
(၁၂) သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသဒမ္မ သာရထိ ၊
အနုတ္တရော ပုရိသ ဒမ္မသာရထိ ဝတ သော ဘဂဝါ၊ 
အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ ၊
အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သိရသာ နမာမိ၊
ဆဋ္ဌမော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသဒမ္မ သာရထိ ။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ဆုံးမတော်မူသောအရာ၌ အတုမရှိတော်မူသော အကြောင်းကြောင့်လည်း ၊ အနုတ္တရော ပုရိသဒမ္မ သာရထိ - အနုတ္တရော ပုရိသဒမ္မ သာရထိ မည်တော် မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး ၊ အနုတ္တရော ပုရိသဒမ္မ သာရထိ -ဆုံးမတော်မူသောအရာ၌ အတုမရှိမြတ်တော်မူပါပေ၏။
အနုတ္တရော ပုရိသဒမ္မ သာရထိံ- ဆုံးမတော်မူသောအရာ၌ အတုမရှိမြတ်တော်မူသော မြတ်စွာဘုရား ကို၊ သရဏံ - ကိုးကွယ် အားထားရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ်ပူဇော်ပါ၏ ။
အနုတ္တရော ပုရိသဒမ္မ သာရထိံ- ဆုံးမတော်မူသောအရာ၌ အတုမရှိမြတ်တော်မူသော မြတ်စွာဘုရား ကို ၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
ဆဋ္ဌမော- ခြောက်ခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ဆုံးမတော်မူသောအရာ၌ အတုမရှိတော်မူသော အကြောင်းကြောင့်လည်း ၊ အနုတ္တရော ပုရိသဒမ္မ သာရထိ - အနုတ္တရော ပုရိသဒမ္မ သာရထိ မည်တော် မူပါပေ၏။
(၁၃) သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော၊
ဝိဇ္ဇာစရဏသမ္ပန္နော ဝတ သော ဘဂဝါ၊ 
ဝိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ ၊
ဝိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ၊
တတိယော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ဝိဇ္ဇာသုံးပါး ဝိဇ္ဇာရှစ်ပါး စရဏတရား တစ်ဆယ့်ငါးပါနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း  ၊ ဝိဇ္ဇာစရဏသမ္ပန္နော- ဝိဇ္ဇာစရဏသမ္ပန္န- မည်တော်မူ ပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး၊ ဝိဇ္ဇာစရဏသမ္ပန္နော- ဝိဇ္ဇာသုံးပါး ဝဇ္ဇာရှစ်ပါး စရဏတရား တစ်ဆယ့်ငါးပါနှင့် ပြည့်စုံတော်မူ ပါပေ၏။
ဝိဇ္ဇာစရဏသမ္ပန္နံ - ဝိဇ္ဇာသုံးပါး ဝဇ္ဇာရှစ်ပါး စရဏတရား တစ်ဆယ့်ငါးပါနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ၊သရဏံ - ကိုးကွယ်ရာ အားထားရာဟူ၍ ၊ ဂစ္ဆာမိ-ဆည်းကပ်ပူဇော်ပါ၏။
ဝိဇ္ဇာစရဏသမ္ပန္နံ - ဝိဇ္ဇာသုံးပါး ဝဇ္ဇာရှစ်ပါး စရဏတရား တစ်ဆယ့်ငါးပါနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
တတိယော- သုံးခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ဝိဇ္ဇာသုံးပါး ဝဇ္ဇာရှစ်ပါး စရဏတရား တစ်ဆယ့်ငါးပါနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း  ၊ ဝိဇ္ဇာစရဏသမ္ပန္နော- ဝိဇ္ဇာစရဏသမ္ပန္န- မည်တော်မူ ပါပေ၏။

(၁၄) သော ဘဂဝါ ဣတိပိ သတ္ထာဒေဝ မနုဿာနံ ၊
သတ္ထာဒေဝ မနုဿာနံ ဝတ သော ဘဂဝါ၊ 
သတ္ထာရံ ဒေဝ မနုဿာနံ သရဏံ ဂစ္ဆာမိ ၊
သတ္ထာရံ ဒေဝ မနုဿာနံ သိရသာ နမာမိ၊
သတ္တမော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ သတ္ထာဒေဝ မနုဿာနံ ။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ နတ်လူဗြဟ္မာသတ္တဝါတို့၏ ဆရာဖြစ် တော်မူသော  အကြောင်းကြောင့်လည်း၊  သတ္ထာဒေဝ မနုဿာနံ- သတ္ထာ ဒေဝမနုဿာန  မည်တော် မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး ၊ သတ္ထာဒေဝ မနုဿာနံ- နတ်လူဗြဟ္မာသတ္တဝါတို့၏ ဆရာဖြစ်တော်မူပါပေ၏။
သတ္ထာဒေဝ မနုဿာနံ- နတ်လူဗြဟ္မာသတ္တဝါတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားကို၊ သရဏံ - ကိုးကွယ် အားထားပုန်းအောင်းမှီခိုရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ်ပူဇော်ပါ၏ ။
သတ္ထာဒေဝ မနုဿာနံ- နတ်လူဗြဟ္မာသတ္တဝါတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားကို၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
သတ္တမော- ခုနှစ်ခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။

(၁၅) သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊
သမ္မာသမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ 
သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊
သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ၊
ဒုတိယော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော အကြောင်းကြောင့်လည်း  ၊ သမ္မာသမ္ဗုဒ္ဓေါ - သမ္မာသမ္ဗုဒ္ဓ မည်တော်မူ ပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး၊ သမ္မာသမ္ဗုဒ္ဓေါ- တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်း၍သိမြင်တော်မူပါပေ၏။
သမ္မာသမ္ဗုဒ္ဓံ-တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော မြတ်စွာ ဘုရားကို ၊ သရဏံ - ကိုးကွယ်ရာ အားထားရာဟူ၍ ၊ ဂစ္ဆာမိ-ဆည်းကပ်ပူဇော်ပါ၏။
သမ္မာသမ္ဗုဒ္ဓံ-တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော မြတ်စွာ ဘုရားကို ၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
ဒုတိယော- နှစ်ခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော အကြောင်းကြောင့်လည်း  ၊ သမ္မာသမ္ဗုဒ္ဓေါ - သမ္မာသမ္ဗုဒ္ဓ မည်တော်မူ ပါပေ၏။

(၁၆) သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ ၊
ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ 
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊
ဗုဒ္ဓံ သိရသာ နမာမိ၊
အဋ္ဌမော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ ။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ သစ္စာလေးပါးမြတ်တရားကို မိမိကိုယ်တော် တိုင်လည်းသိ သတ္တဝါတို့အားလည်းသိစေတော်မူတက်သောအကြောင်းကြောင့်လည်း ၊ ဗုဒ္ဓေါ-ဗုဒ္ဓ  မည်တော် မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး ၊ ဗုဒ္ဓေါ- သစ္စာလေးပါးမြတ် တရားကို မိမိကိုယ်တော်တိုင်လည်းသိ သတ္တဝါတို့အားလည်းသိစေတော်မူတက်ပါပေ၏။
ဗုဒ္ဓံ- သစ္စာလေးပါးမြတ် တရားကို မိမိကိုယ်တော်တိုင်လည်းသိ သတ္တဝါတို့အားလည်း သိစေတော် မူတက်မြတ်စွာဘုရားကို၊ သရဏံ - ကိုးကွယ် အားထားပုန်းအောင်းမှီခိုရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ် ပူဇော်ပါ၏ ။
ဗုဒ္ဓံ- သစ္စာလေးပါးမြတ် တရားကို မိမိကိုယ်တော်တိုင်လည်းသိ သတ္တဝါတို့အားလည်း သိစေတော် မူတက်မြတ်စွာဘုရားကို၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
အဋ္ဌမော- ခုနှစ်ခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ သစ္စာလေးပါးမြတ်တရားကို မိမိကိုယ်တော် တိုင်လည်းသိ သတ္တဝါတို့အားလည်းသိစေတော်မူတက်သောအကြောင်းကြောင့်လည်း ၊ ဗုဒ္ဓေါ-ဗုဒ္ဓ  မည်တော် မူပါပေ၏။

(၁၇) သော ဘဂဝါ ဣတိပိ အရဟံ ၊
အရဟံ ဝတ သော ဘဂဝါ၊ 
အရဟန္တံ သရဏံ ဂစ္ဆာမိ ၊
အရဟန္တံ သိရသာ နမာမိ၊
ပထမော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ အရဟံ။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ လူနတ်ဗြဟ္မာ သတ္တဝါ အပေါင်းတို့၏ ပူဇော် အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း ၊ အရဟံ အရဟမည်တော်မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး ၊ အရဟံ -လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့ ၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေ၏။
အရဟန္တံ - လူ နတ် ဗြဟ္မာ သတ္တဝါ အပေါင်းတို့၏ ၊ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာ ဘုရားကို သရဏံ - ကိုးကွယ် လည်းလျောင်း ပုံးအောင်းမှီခို အားထားရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ် ပူဇော်ပါ၏ ။
အရဟန္တံ- လူ နတ် ဗြဟ္မာ သတ္တဝါ အပေါင်းတို့၏ ၊ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာ ဘုရားကို ၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
ပထမော- ရှေးဦးစွာသော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ လူနတ်ဗြဟ္မာ သတ္တဝါ အပေါင်းတို့၏ ပူဇော် အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း ၊ အရဟံ -အရဟမည်တော်မူပါပေ၏။

(၁၈) သော ဘဂဝါ ဣတိပိ ဘဂဝါ ၊
ဘဂဝါ ဝတ သော ဘဂဝါ၊ 
ဘဂဝန္တံ သရဏံ ဂစ္ဆာမိ ၊
ဘဂဝန္တံ သိရသာ နမာမိ၊
နဝမော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ ဘဂဝါ ။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ဘုန်းတော်အနန္တ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူတက်သောအကြောင်းကြောင့်လည်း ၊ ဘဂဝါ-ဘဂဝ  မည်တော် မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး ၊ ဘဂဝါ- ဘုန်းတော်အနန္တ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူပါပေ၏။
ဘဂဝန္တံ- ဘုန်းတော်အနန္တ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ သရဏံ - ကိုးကွယ် အားထားပုန်းအောင်းမှီခိုရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ် ပူဇော်ပါ၏ ။
ဘဂဝန္တံ- ဘုန်းတော်အနန္တ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
နဝမော- ခုနှစ်ခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ဘုန်းတော်အနန္တ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူတက်သောအကြောင်းကြောင့်လည်း ၊ ဘဂဝါ-ဘဂဝ  မည်တော် မူပါပေ၏။

Related Posts Plugin for WordPress, Blogger...