Thursday 23 April 2015

နတ်ဘုရားပေးတဲ့ ဂါထာ



ဧရာဝတီကတော့  . .
ကြိုးစင်ပေါ်မှာ . .။

အင်းလေးကတော့  . .
အသက်ငင်နေတယ်  . .။

ဘာပဲဖြစ်ဖြစ်  . .
ကျွန်တော် ပြည်ပကို သစ်ခိုးမရောင်းပါဘူး။
ဒေါ်လာဘီလျှံတွေကတော့ ကျွန်တော့ကိုနတ်ဘုရားက
ဘဏ်အကောင့်ထဲထည့်ပေးသွားတာပါ။

ခင်ဗျားတို့မယုံရင်  . .
နတ်ဘုရားဂါထာရွတ်ကြည့်ပါ။

ဥုံ  . . .
ကျုတ်ခွန်း၊ ဂေါင်းရက်၊ ကျောက်စိန်းထွက်၊
ထွက်ဆရာထွက်  . . ။

No comments:

Related Posts Plugin for WordPress, Blogger...