Saturday 16 May 2015

သတ္တဝါတွေ အန္တရာယ်အပေါင်းကင်းဝေးပါစေ



ဒီလိုအဖြစ်ဆိုးတွေကို ကျွန်တော် မကြည့်ရက်မမြင်ရက်ပါဘူး။
ကျွန်တော်ကိုယ်တိုင်ကလည်း ကားမောင်းနေရတော့ ပိုဆိုးတာပေါ့
ဗျာ။ အချို့သော ဆိုင်ကယ်သမားတွေ စက်ဘီးသမားတွေ လူတွေ
ဟာ အရမ်းကို ပေါ့ဆကြပါတယ်။ ဘယ်သူ့ဘယ်သူမှလည်းအပြစ်
မပြောချင်ပါဘူး။ မြန်မာပြည်မှာက ယဉ်စည်းကမ်းဥပဒေကခေတ်မီ
တော့ဘူးလေ။ ပြင်ဆင်လိုက်မှ အားလုံးအတွက်အဆင်ပြေမယ်။
ဥပဒေတင်မကရဘူးနော်  . လမ်းတွေပါပြင်ရမှာပါ။
ကဲ  . ဒီတော့ဗျာ နောက်ဆုံးအဆင့်အနေနဲ့  ကျွန်တတော်တို့
လုပ်နိုင်တာကတော့ ဗုဒ္ဓဘာသာပီပီ အန္တရာယ်ကင်းရအောင်
 သဗုဒ္ဓေဂါထာရွတ်ကြပါလို့ပဲ လမ်းညွှန်လိုက်ချင်ပါတယ်။
 ̏ စီးထလှေမှာ ရှစ် ကြိမ်သာတည်း˝
လို့ လင်္ကာရှိတော့  .. .
ကားစီး၊ကားမောင်း၊ယဉ်စီးယဉ်မောင်း သဗုဒ္ဓေဂါထာကို ရှစ်ကြိမ်
ရွတ်ကြပါလို့  ..  ဓမ္မလေသာပြုတင်းဖွင့်လိုက်ပါသည်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...