Tuesday 3 November 2015

To pass life's difficulties (နမော တေ ဂါထာ)

စန္ဒိမာသုတ်

To pass life's difficulties (နမော တေ ဂါထာ)
◄►✂•••× ✂•••× ◄►✂•••×✂•••×◄►
အာဏာရှင်စနစ်ဆိုးကြီးလွှမ်းမိုးကြီးဆိုးနေသောမြန်မာနိုင်ငံမှာမှီ
တင်းနေထိုင်နေရသောပြည်သူများရဲ့အားကိုးရာဟာ “အတ္တဟိ
အတ္တနာ နာထော”ပါပဲ။
ထိုသို့လမ်းပြတော်မူခဲ့သူကတော့ အတုမရှိဗုဒ္ဓမြတ်စွာပင်ဖြစ်သည်။
 ယနေ့မြန်မာနိုင်သည်ဥပဒေမဲ့ကျူးလွန်သူများ၏ ခေတ်ကောင်းဖြစ်နေ
သည်။ကျွန်တော်တို့အတွက် ဥပဒေဟာ လုံခြုံမှုမရှိဘူးဖြစ်နေတယ်။
ဆိုလိုတာက ခိုးဆိုးနှိုက်တွေက လွတ်ငြိမ်းချမ်းသာခွင့်ထဲပါပါနေတော့
ခိုးပြီးရင်းခိုးဖို့ဆိုးပြီးရင်းဆိုးဖို့အတွက် အဆင်းဘီးတပ်ပေးသလိုဖြစ်
နေတယ်။
ဒါ့ကြောင့် လုံခြုံမှုမရှိသောကျွန်တော်တို့အတွက် အပြီးတိုင်လုံခြုံေ
စေနိုင်သော “ နမော တေ” ဂါထာတော်မြတ်ကို အခုလိုအပင်ပန်းခံ
ဓမ္မဒါနပြုလိုက်ပါတယ်။
ဗုဒ္ဓဘာသာဝင်မိတ်ဆွေများ “ နမော တေ ” ဂါထာတော်အကြောင်း
ကိုသိကြ‛ရကြမယ်လို့ထင်ပါတယ်။ ဆိုလိုရင်းကတော့ အာဏာရှင်
စနစ်ဆိုးအောက်က ပြည်သူတွေဘဝဟာ ထိုဂါထာတော်ကိုအရ
ဆောင်နိုင်ပါမှအာဏာရှင်ဘေးဒါဏ်ကနေလွတ်ကင်းမှာဖြစ်ပါတယ်။
သက်သေပြယုဂ်ကတော့ . . .
လနတ်သားဟာလည်းပဲ နေနတ်သားရဲ့ဖမ်းဆီးခြုပ်ခြယ်ခြင်းဒုက္ခကို
ခံစားနေရချိန်မှာ “ နမော တေ ” အစရှိသောဂါထာတော်ကိုရွတ်၍
ဗုဒ္ဓမြတ်စွာကိုအာရုံပြုလိုက်တဲ့အခါ နေနတ်သားဟာ လနတ်သားအား
ဆက်လက်ဖမ်းဆီးချုပ်နှောင်နိုင်စွမ်းမရှိတော့ပါဘူး။
ဒီသက်သေပြယုဂ်ကိုထောက်၍ ယနေ့မြန်မာနိုင်ငံတော်မှာမီတင်းနေ
ထိုင်ကြကုန်သော ပြည်သူပြည်သားတို့အတွက် ဖေါ်ပြလ့သော
“နမော တေ”ဂါထာတော်မြတ်ကို ရုံကြည်စွာရွတ်ဆိုနိုင်ရန် ဓမ္မဒါန
အဖြစ် တင်ပြလိုက်ပါတယ်။ ဒီဖြစ်စဉ်အကျယ်ကိုသိရင် ပိုပြီးအာရုံပြုရတာ
ကောင်းတယ်လိုထင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်ရဲ့အောက်ပါဘလော့မှာ
စန္ဒိမာသုတ်အကျယ်ကို photo Shop နဲ့အပင်ပန်းခံတင်ထားပေးပါတယ်
ဝင်ပြီးဖတ်နိုင်ပါသည်။
စန္ဒိမာသုတ်အားအောက်ပါလင့်တွင်ဝင်ရောက်ဖတ်နိုင်ပါသည်
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...