Tuesday 19 January 2016

The times is taking

ကျွန်တော်စကားလုံးတွေဟာ ခင်ဗျားတို့အတွက် တန်ဘိုးတစ်ခုဖြစ်စေချင်
ပါတယ်။ ကိုယ်တိုင်လည်းတန်ဘိုးတစ်ခုရဲ့သားကောင်အဖြစ်သမိုင်းမှတ်
တိုင်စိုက်ချင်လို့ပါ။
ပန်းချီဆွဲတာထက် ကျွန်တော် စာပိုရေးဖြစ်သလိုဓာတ်ပုံလည်းပိုရိုက်ဖြစ်ပါ
တယ်။ အကြောင်းက message တစ်ခု ပေးချင်တာကို ပန်းချီက အချိန်
အကြာကြီးရင်းနှီးရတယ်။ စာကတော့ အရမ်းမြန်တယ်ဗျာ။
အခုပဲကြည့်လေ .. အချိန်ဟာ ကျွန်တော်တို့ကို သယ်ယူနေတယ်ဆိုတဲ့
The times is taking ဟာ ပန်းချီအတွက် အနည်းဆုံး နှစ်ရက်အချိန်ပေး
ရပါလိမ့်မယ်။ ဓတ်ပုံအတွက်တော့ မီနစ်ပိုင်းလေးမှပြီးမြောက်သွားတယ်
မဟုတ်လား။
ကဲ .. . ဒီတော့က ကျွန်တော်ရလိုက်တဲ့သံဝေဃကို ချပြဖို့အတွက် စာ
နဲ့အခုလိုအလျင်အမြန်ပဲ ခင်ဗျားတို့ရင်ဘတ်ထဲကို ထည့်ပေးလိုက်နိုင်ပါ
တယ်။
“The times is taking ”
“The times is taking ”
နေသည် ထွက်ခြင်းမှ ဝင်ခြင်းဆီသို့ စက္ကန့်နဲ့အမျှ ပြေးလွှားနေတယ်။
တစ်နေဝင် တစ်နေ့ထွက် ကျွန်တော်တို့အသက်တွေဟာ အိုဘက်ခြမ်း
ဆီမှာရောက်နှင့်နေတယ်။ နေဝင်နေထွက်တွေဟာ ကျွန်တော်တို့အတွက်
တစ်ရက်နှစ်ရက်ဆိုတဲ့ နေ့လသက္ကရာဇ်တွေဖြစ်နေတယ်။
အချိန်ဟာ ကျွန်တော်တို့ကို သယ်နေတယ် ၊ ဘယ်ဘက်ကိုသယ်တာလဲ?
ဆိုရင် သေသည့်၏ဘက်ကို။
ဒါကိုကျွန်တော်တို့ သိနေရမှာ။ ဒါကိုသိရင်ကျွန်တော်တို့ အမှားတွေမလွန်
ကျူးမိတော့ပါဘူး။
အားလုံးဟာကိုယ်ယုံကြည်ရာဘာသာတစ်ခုကနေ သေခြင်း၏သယ်ဆောင်
ရာသို့လိုက်ပါရသည်မို့။ မိမိနဲ့မိမိလောကကို မညစ်နွမ်းဖို့ မိမိမှာတာဝန်ရှိပါ
တယ်။
ဒါကိုသိလို့ ကျွန်တော် ဓာတ်ပုံရိုက်ပြလိုက်တာပါ။ ခင်ဗျားသတိထားမိလား?
“The times is taking ”
စက္ကန့်တိုင်းစက္ကန့်တိုင်း အချိန်ဟာ အိုခြင်းနာခြင်းသေခြင်းဆီသို့သယ်နေ
တာ။ ခင်ဗျားတို့က အချိန်ရဲ့သယ်နေခြင်းကို ခံနေရသူပါ။
ဖန်ဆင်းရှင် ဝါဒသမားပဲဖြစ်ဖြစ် ၊ ဗုဒ္ဓဝါဒသမားပဲဖြစ်ဖြစ် ၊ အားလုံးဟာအ
ချိန်ရဲ့သယ်နေခြင်းကို ခံနေရတယ်။
ဒါကို လမ်းညွှန်ပြသူကတော့ ဗုဒ္ဓမြတ်စွာပါပဲ။
“ ဇာတိပိ ဒုက္ခော”
မင်းတို့ရဲ့ မွေးဖွားလာခြင်းဟာ ဒုက္ခပဲ .. တဲ့။
“ မရဏံ ပိ ဒုက္ခံ ”
မင်းတို့တွေမွေးဖွားခြင်းရဲ့ရလဒ်ဟာ သေဆုံးခြင်းဆိုတဲ့ ဒုက္ခပဲ . . တဲ့။
ကဲ .. .
ဒီနေ့ နံက်ခင်းဟာ ကျွန်တော့အတွက်တော “The times is taking ”
ဆိုတဲ့ အတွေးလေးဟာ တကယ့်တကယ့် ဓမ္မစစ်စစ်လေးဖြစ်ကြောင်း
တင်ပြရင်း . .. ။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး (ဝိဘဇ္ဇဝါဒီ)

No comments:

Related Posts Plugin for WordPress, Blogger...