Monday 7 March 2016

ဆင်ခြင်တုံတရား ကင်းမဲ့သောလူတစ်စုကြောင့် ..


ကျွန်တော်အမြန်လမ်းပေါ်ရောက်တိုင်းသတိထားမိတာက
ကားသမားအချို့ဟာ အရမ်းပေါ့ဆပါတယ် ယဉ်ကို လမ်းရဲ့
လွတ်လွတ်ကင်းကင်းမရပ်ကြဘူးဗျ။ ဒါတွေဟာ အသိတရား
ကင်းမဲ့တဲ့ ယဉ်မောင်းတွေရဲ့လုပ်ရပ်ပဲ။
အဲလို ဆင်ခြင်တုံတရားကင်းမဲ့တဲ့ သူတွေကြောင့် မသေသင့်
ပဲသေနေကြတဲ့ မသာတွေဟာ ဒုနဲ့ထေးပါ။
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို စာဖတ်ဖို့ပြောတယ်
ဆိုတာ ဆင်ခြင်တုံတရားလက်ကိုင်ထားနိုင်ကြစေဖို့ညွှန်ကြား
တာပါ။
ဒါကို လူတွေ မလိုက်နာသရွေ့ မသေသင့်သော မသာတွေသေ                                                    
နေကြဦးမှာပါပဲ။ မြန်မာနိုင်ငံဟာ သယံဇာတတွေပေါပြီး လူတစ်
စုကချမ်းသာပြီး သန်းငါးဆယ်လောက်ကဆင်းရဲနေတာဟာ
အဲလို ဆင်ခြင်တုံတရားမရှိလို့ပါပဲ။ ဆင်ခြင်တုံတရားမရှိတဲ့
အာဏာရူးနဲ့ခရိုနီတွေရဲ့ လုပ်ရပ်ကြောင့် ရလာတဲ့အကျိုးဆက်
ဟာ . .. လူငယ်တွေ စာမဖတ်ကြတော့ဘဲ မတော်တရော်တွေ
နဲ့အသာအချိန်ကုန်နေတာကို မြင်မြင်နေရတယ်။            
စာမဖတ်ရင် ဗာဟုသိပ္ပဉ္စမင်္ဂလာတရားပျက်ယွင်းလာမယ်။ ယင်း
မင်္ဂလာမရှိတော့တာကြောင့်အာခြားသော အမည်ပေါင်းများစွာ
စွာသောပျက်သုန်းမှုအနိဋ္ဌာရုံတွေကို ကျွန်တော်တို့တွေ ခံစား
နေကြရတာပါပဲ။
ပြည်သူပိုင်ကို အာဏာရူးနဲ့ခရိုနီတွေ ခိုးယူနေတယ်ဆိုတာဟာ
စာမဖတ်ခြင်းစာမတက်ခြင်းရဲ့အကျိုးရလဒ်ပါပဲ။ စာဖတ်လို့စာ
တက်မယ်ဆိုရင် ဒီလို သန်းငါးဆယ်ရဲ့ သယံဇာတကိုခိုးစားပြီး
အဝီစိဆင့်မယ့်မဟာအကုသိုလ်လုပ်ရပ်ကို လုပ်ကြမှာမဟုတ်ပါ
ဘူး။
အခုတော့ လိမ္မာယဉ်ကျေးအသိပေးမည့် ကျမ်းစာအုပ်များကို
မငဲ့မကြည့်ကြလေတော့  ပစ္စပ္ပန်သံသာရာအရေးဟာ အဝိစီ
ဘေးကိုနီးခြင်းထက်နီးလာရပေတယ်။
ဓာတ်ပုံ .
ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၀၈/၆ နှင့် ၃၀၈/၇
ကြား (အသွားလမ်း)မှာ ယနေ့နံနက် ၆:၃၀ ခန့်ကမန်းရွှေမြို့တော်
Express ယာဉ်သည် လမ်းပေါ်တွင် တစ်ခြမ်းတင်၍ ရပ်ထားစဉ်
Light Truck ယာဉ်ကနောက်ကနေဝင်တိုက်ခဲ့


No comments:

Related Posts Plugin for WordPress, Blogger...