Sunday 26 June 2016

လူပီသခြင်း


လူပီသဖို့အတွက် ခင်ဗျားတို့ အဘိဓာန်တွေကိုလှန်ဖတ်မ
နေနဲ့။ အရမ်းရှုတ်သွားမယ်။ ပိဋကတ်ကြီးကိုလည်းဖွင့်မ
နေနဲ့။ ပိုဝေးသွားလိမ့်မယ်။ ကြာနီကန်ဆရာတော် ပြော
တဲ့ တရားရှာတဲ့ တောဘုန်းကြီးတစ်ပါးလိုဖြစ်သွားမှစိုးလို့
ပါ။
ဒီလိုဗျ။
တောဘုန်းကြီးတစ်ပါးဟာ အသက်သိက္ခာ ဝါရလာတော့
“ အင်း ”
“ ငါ ဒီအတိုင်းနေလို့တော့ မဖြစ်တော့ဘူး ”
“ ကုဋီ မစင်ပြည့်တာပဲအဖတ်တင်မယ်”
 “ ဒါ့ကြောင့် ဒီနေ့တော့ ငါတရားရှာတော့မယ်”

အဲလိုဆုံးဖြတ်ပြီး ကျောင်းကနေ တောထဲကို တစ်ပါး
တည်း ထွက်သတဲ့။
တောတစ်နေရာရောက်တော့ လုံမလေးတစ်ယောက်
က လက်ဖက်ခူးရင်း အခုလို သီချင်းဆိုနေတယ်။

“ တောင်တော် . . .တောင်တော်သာယာ . .
ပန်းမျိုးစုံလင်စွာ . .ပွင့်မာလာ ခိုင်ပန်းတစ်ပွင့်မှာ
ဆွတ်ခြင်ရှာသူလည်းမရှိပါ တစ်ကိုယ်ရည်တော
သဘာဝမှာ လုပ်ကိုင်ကာ စားသောက်နေရ  . ..  ရှာ။”

အစရှိတဲ့ သီချင်းလေးဆိုနေရဲ့။ ဒါကို တောဘုန်းကြီးက
ကြားပြီးသကာလ .. .
“ ဒါ တရားပဲ ”
“ ဒါ ငါရှာတဲ့ တရားပဲ ”
လို့မှတ်ယူပြီး ကျောင်းပြန်ကာ အဲဒီသီချင်းကိုတရားလုပ်
ဟောသတဲ့။
ဒါ့ကြောင့် ကျုပ်အထက်ကပြောခဲ့တာဟာ ဒီသဘောပဲ။
လူပီသဖို့ လူဟာဘယ်သူလည်းလို့ ကျမ်းနက်ကြီးတွေထဲ
ရှာရင် ပိုဝေးသွားတက်တယ်။
ဟို တောဘုန်းကြီး တရားရှာသလို ဖြစ်သွားမယ်။
ဒါ့ကြောင့် ခင်ဗျားတို့ မျက်စေ့တစ်ဆုံးကိုပဲကြည့်။ အဲဒီမှာ
လူပီသစေမယ့် အကြောင်းအခြင်းရာများစွာရှိတယ်။
လူမှန်ရင် လူပီသတဲ့သူတွေဟာ အမှန်တရားအတွက် . .
ပေးဆပ်ရဲ့တဲ့ လုပ်ရပ်ရှိကြတယ်ဗျာ။ ဒါကိုပဲ လောကက
သတ္တိရှိသူလိုသမုတ်ကြတယ်။ လူပီသသူလို့ သမုတ်ကြ
တယ်ဗျ။
အမှန်တရားအတွက် ထုတ်ဖေါ်ရင်ဆိုင်နေတဲ့ယနေ့
ခေတ် အာဏာရှင်ဆန့်ကျင်ရေးသမားများဟာတကယ့်
လူပီသတဲ့သူတွေပေါ့ဗျာ။ တကယ့်သူရဲကောင်းတွေပေါ့။
သူတို့ရဲ့လူပီသမှုကို ဘယ်သူကမှာ ဘွဲ့တံဆိပ်အဖြစ်
မပေးခဲ့ကြဘူး။ သို့သော်လည်းပဲ သတ္တလောကကြီးတစ်
ခုလုံးက ထိုသူများကို လူပီသမှုဂုဏ်ထူးဆောင်ဘွဲ့တံ
ဆိပ်ကို ပေးအပ်လိုက်ကြတယ်။
အာဏာရှင်ကို ဆန့်ကျင်ရင် သူတို့ထောင်ကျမယ် ၊သေ
မယ်ဆိုတာကို သိတယ်ဗျ။ မသိဘဲနေမလား။ သို့သော်
သိသိကြီးနဲ့ပဲ လူပီသစွာ အာဏာရှင်ကို ဆန့်ကျင့်ခဲ့ကြ
တယ်။
အဲဒါကြောင့်ပဲ သတ္တလောကကြီးက သူတို့ရဲ့နှလုံးသား
ထဲကို တကယ့်လူပီသတဲ့စိတ်ဓာတ်တွေ လုပ်ရပ်တွေ
ကြောင့် လူပီသသော အသဲနှလုံးများကိုမှတ်တမ်းတင်
ပေးလိုက်ကြတယ်။
ဒါ့ကြောင့် အဲဒီသူမှာ အာဏာရှင်အစွန်းရောက်သမား
တွေကို ဆန့်ကျင်ရဲတဲ့ သေရဲတဲ့ သတ္တိတွေရှိနေကြပြန်
တယ်ဗျ။ ဒါကို သူရသတ္တိလို့ခေါ်တယ်။ သူရသတ္တိဘွဲ့
တံဆိပ်ဆိုတာ လောကလူသားခြင်းပေးတာက အဂတိ
တွေပါတယ်။ သမိုင်းမှတ်တမ်းလည်း ကြာရှည်မခံဘူးဗျ။
သတ္တလောကကြီးကပေးတဲ့ လူပီသမှုအစရှိတဲ့သူရဘွဲ့
တံဆိပ်တွေကတော့ ကြာရှည်ခံတယ်။ ကမ္ဘာတည်သရွေ့
ပေါ့။
ခင်ဗျားတို့ကို ဖြစ်စဉ်ဖြစ်ရပ်တစ်ခုနဲ့ ကျုပ်သက်သေပြ
မယ်။ ဒီစာဖတ်နေတဲ့သူတွေ အသက်လေးဆယ်အရွယ်
အခြေခံပညာမူလတန်းလောက်အထိ ပညာရေးသင်
ကြားဖူးရင် “ ဂယ်လီလီယို” ဆိုတာကို မှတ်မိကောင်း
မှတ်မိလိမ့်မယ်။
သူဟာ အမှန်တရားအတွက် သမ္မာကျမ်းစာကြီးကို
ပြောင်းပြန်လှန်ပစ်ခဲ့တဲ့သူပေါ့။
သူ့ကို ခရစ်ယာန်ဘုန်းတော်ကြီးတွေက မီးရှို့သတ်တဲ့
အခါ မသေခင်မှာ  .. .
“ ငါ့ကို သတ်တဲ့ မင်းတို့ဟာ ငါ့လောက်သတ္တိမရှိကြဘူး”
“ငါ့ကိုသေအောင်သတ်လို့ရပေမယ့် ငါရှာဖွေခဲ့တဲ့”
“အမှန်တရားတွေကိုတော့ သေအောင်သတ်လို့မရဘူး”
ဒီစကားကိုပြောခဲ့တယ်။ ခင်ဗျားတို့သိတဲ့ အိုင်ဆတ်နယူ
တန် ISAAC NEWTON (164-172) ဆိုတဲ့သိပ္ပံပညာရှင်
ကြီးဆိုတာ ဂယ်လီလီယိုရဲ့နောက်မှပေါ်တာလေ။ ဂယ်
လီလီယိုရဲ့ အမှန်တရားတွေကိုအခြေပြီးဆက်လက်ကျိုး
စားဖေါ်ထုတ်ခဲ့တဲ့သူပေါ့။
ဒီတော့က လူသားခေါ်သူယုတ်မာဘုန်းတော်ကြီးအချို့
က ဂယ်လီလီယိုကို ကွက်မျက်သုတ်သင်ခဲ့ပေမယ့်
သတ္တလောကကြီးကတော့ ဂယ်လီလီယို လူသားဆန်တဲ့
ဘွဲ့ သူရဲကောင်းဘွဲ့တံဆိပ်ကို ပေးလိုက်တယ်မဟုတ်
လား။
ဒါ့ကြောင့် ဂယ်လီလီယိုရှာဖွေခဲ့တဲ့ အမှန်တရားယုံကြည်
ချက်ဟာ အခုတိုင်မသေခဲ့သေးဘူး။ တကယ့်သူရဘွဲ့ပေါ့
လူသားတွေကပေးတာမဟုတ်ဘူးနော်သတ္တလောကကြီး
ကပေးလိုက်တာပါ။
လူသားတွေက ပေးတဲ့ဘွဲ့တံဆိပ်တွေက အဂတိတွေ
ပါတယ်။ လောကကြီးကပေးလိုက်တဲ့ ဘွဲ့တံဆိပ်က
တကယ့်ကို သန့်စင်တယ် မွန်မြတ်တယ်။
ဒါလောက်သိထားရင်ပင် လူပီသနေပါပြီ။
ကျွန်တော် လူပီသမှု ဓမ္မအလင်းကိုဝေငှခွင့်ရတာ လူ
ပီသစွာနဲ့ပဲ ဝမ်းသာမိပါတယ်။
ဒိုးကြီး


No comments:

Related Posts Plugin for WordPress, Blogger...