Tuesday 30 August 2016

ကိုယ်ခြင်းစာ၍ နာမိသည်


NewFeed ပေါ်တွင် နာရေးကိစ္စများ သွန်ချရင်း ဖြေဆည်ရာရှာနေကြ
သည့် ပိုစ့်များကို သိရသောအခါ ကိုယ်လည်း များစွာစိတ်မကောင်းဖြစ်
မိပါသည်။
ဘဝသံသာရာခရီးသည်တစ်ယောက်ရဲ့ ပရိဒေဝမီးကိုမြင်တော်မူခဲ့သော
ဗုဒ္ဓမြတ်စွာဟာ ကျွန်တ်ာတို့သတိမမူခဲ့သော ယင်းကိုပင် ဒုက္ခသစ္စာ ဟု
ဖွဲ့တော်မူခဲ့ပါတယ်။
သေခြင်း၏အတ္ထုပ္ပတိကို ကိုယ်တိုင်ကြုံခဲ့ရသော ကျွန်တော်လည်း
တကယ်ကိုယ်တိုင်ကြုံမှသည်ပင် ယင်း သေခွဲခွဲခွာရခြင်း၏ ဒုက္ခသည်
အများနားလည်ရန် ချရေးစရာ အက္ခာပုံဆောင်မှုကင်းမဲ့သော ဒုက္ခသစ္စာ
ဟူ၍ သိခဲ့ရပါသည်။
သေခြင်း၏ အနှစ်သာရသည် ဘယ်တော့မှ ပြန်မှပြန်မဆုံနိုင်ခြင်းဟူ
သော အနက်ပင်ဖြစ်သည်။ ယင်းအနက်အဓိပ္ပါယ်သည်ပင် မည့်သည့်
ဘာသာသုံးအက္ခရာနှင့်မှ ဘာသာပြန်ဆို၍မရနိုင်သော အရာပင်ဖြစ်
သည်။
ထိုကြောင့် သတ္တဝါတိုင်း ဓမ္မသဘောကို ကောင်းစွာသိမြင်ပြီး ကောင်းစွာ
ကျင့်သုံးနိုင်ကြ၍ သေခြင်း၏ကင်းမဲ့ရာခရီးသို့ အပြီးနှင်နိုင်ကြပါစေဟု
ဒီနေ့ 30.82016 ည ဆန္ဒပြုမိပါသည်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး


No comments:

Related Posts Plugin for WordPress, Blogger...