Thursday 11 August 2016

လူယောင်ဆောင်ထားသော . . .ခွေးအ

လူအစစ်ဆိုတာ ပုခုံးနှစ်ဘက်ကြား ခေါင်းရှိရုံမျှနှင့်မခေါ်
လောက်ပါဘူး။ တိရိစ္ဆာန်ရုံထဲက မျောက်သတ္တဝါလည်းပဲ
ပုခုံးနှစ်ဘက်ကြား ခေါင်းရှိနေတာပါပဲ။
ဒါ့ကြောင့် လူအစစ်ဆိုတာကို . . .
“ မနော ဥဿန္နံ ယေသံတိ မနုဿာ” ထက်မြတ်သော
စိတ်ဓာတ်ရှိသူလို့ ဝိဂြိုဟ်ပြုထားတာကို တွေ့ရပါတယ်။
သို့ဆိုရင် ..
လူအစစ်ဆိုတာ
ကြက်ဟင်းခါးသီးကိုစားမိလို ခါးသက်တဲ့အရသာ
ကိုသိလိုက်ရချိန်မှာ '' ခါး '' ကြောင်းဝန်ခံရဲ
ထုတ်ဖေါ်ပြောဆိုရဲရမယ်။

သကြားတစ်ဇွန်းကို စားမိလို့ ချိုလွန်းတဲ့အရာသာ
ကိုသိလိုက်ရချိန်မှာ '' ချို " ကြောင်းဝန်ခံရဲ
ထုတ်ဖေါ်ပြောဆိုရဲရမယ်။

ဒါမှ . . လူဖြစ်တာဗျ။
ဒါမှ .. လူအစစ်ဗျ။

အဲလိုမှမဟုတ်ဘဲ ရေငုံနှုတ်ပိတ်နေတဲ့သူဟာ
ခွေးအတစ်ကောင်ပဲ ။ သေချာတယ်။
အဲဒီသူဟာ လူမဟုတ်ဘူး။ လူအစစ်မဟုတ်ဘူး။
လူယောင်ဆောင်ထားတဲ့ ခွေးအတစ်ကောင်ပဲ။
ဒါ့ကြောင့် ကိုယ်ဟာ လူယောင်ဆောင်ထားတဲ့
ခွေးအလား? လူအစစ်လားဆိုတာ ကိုယ်ပဲသိ
နိုင်ပါတယ်။
ကျမ်းကိုး .. .
ဘာသာဋီကာ (အရှင်ဇနကာဘိဝံသ)


ဒိုးကြီး (သစ္စဝါဒီ)

No comments:

Related Posts Plugin for WordPress, Blogger...