Wednesday 26 October 2016

ခရိုနီ အဘိဓာန်သစ်


လူထုခေါင်းဆောင်က စီပွားရေးလုပ်ငန်းရှင်များနဲ့ တွေ့ဆုံပွဲမှာ Crony ခရိုနီအကြောင်းကို မြန်မာမှု ပြုသွားတာ ဖတ်လိုက်ရတော့ တစ်ချိန်က မြန်မာ့နိုင်ငံသမိုင်းမှာ နေလိုလလိုကျော်ကြားသော လူပညာရှိကြီးအ      မတ်ကြီးဦး ပေါ်ဦးက ရှင်ဘုရင်ကို ဆုံးမဖူးတဲ့ အကြောင်းလေးသွားသတိရတယ်။
 “ မင်း ကြီး ”
“ကြောင် မှန်သမျှ မင်းကြီးမွေးသော ကြောင်ပဲဖြစ်ဖြစ်”
“သူတောင်းစား မွေးသော ကြောင်ပဲဖြစ်ဖြစ် ”
“ ကြွက်မြင်ရင် ခုတ်စားတက်ပါတယ်”
လို့ ပြောခဲ့ပါတယ်။ အခုလည်း အညတရဒိုးကြီးက လူထုခေါင်းဆောင်ကို အမတ်ကြီး ဦးပေါ်ဦးစာကား      အတိုင်း ပဲ ထပ်ပြီး ဖေါက်သည်ချလိုက်ချင်ပါတယ်။
“ ဒေါ်အောင်ဆန်းစုကြည် ခင်ဗျား ”
“ အာဏာရှင်လက်ထက်က ခရိုနီပဲဖြစ်ဖြစ်”
“ဒီမိုလက်ထက်က ခရိုနီပဲဖြစ်ဖြစ်”
“လုပ်ကွက်တွေ့ရင်တော့ ခိုးစားတက်ပါတယ်”
သဗ္ဗေ သတ္တာ မရဏန္တိ                    
ဒိုးကြီး (ဝိဘဇ္ဇဝါဒီ) 26.10.2016-4း52Pm

No comments:

Related Posts Plugin for WordPress, Blogger...