Monday 5 December 2016

မန်ကျီးသီးနှင့်ခန္ဓာယန္တယား


မသေတဲ့ သူရယ်လို့ တစ်ယောက်မှမရှိပါဘူး သို့သော်လည်းပဲ မသေခင်မှာ ဆီးဝမ်းသွေးလေမှန်နေမှ၊ အဂျင်စက် တစ်လုံးလို လည်ပတ်နေတဲ့ ခန္ဓာယန္တယားကြီးကို လောင်စာဆီခေါ်အစာအာဟာရ အင်လက် ဘား ခေါ်အောက်ဆီဂျင်  အိတ်စ်ဇောဘားခေါ် မစင်ကြင်ကြီးတို့ ပုံမှန်အသွင်းအထုတ်လုပ်နိုင်ပါမှ ခန္ဓာ ယန္တားကြီး ဟာ ကောင်းမွန်စွာ အာယုကပ်သက်တမ်းကိုမှီမှီနေနိုင်မှာဖြစ်ပါတယ်။
အဲဒီမှာ မန်ကျည်းသီးဟာ ခန္ဓာယန္တယားအတွက် မရှိမဖြစ်လိုအပ်သော လောင်စာဆီပါပဲ။ လိုတိုရှင်ြးေ ပာရရင် မန်ကျည်းသီးခေါ် tamarind crops မှာ ဗိုက်တာမင်ဓာတ်တွေကြွယ်ဝ ပါတယ်(ပုံမှာပါလို့ ထည့်မရေး) အသားအ ရေလှခြင်း ထိခိုက်ဒါဏ်ရာများ ကျက်လွယ်ခြင်း ဆီးဝမ်းလေမှန်ခြင်းတို့ဟာ မန်ကျည်းသီးရဲ့စွမ်းပကားမို့ ပျိုပျိုမေ တို့ မောင်မောင်ပျိုတို့ရဲ့ ယန္တယားကို များစွာအထောက် အကူပြုပါတယ်။ လေအားကောင်းတဲ့တာမို့ မောင်မောင် ပျိုတို့၏ သုတ်စွမ်းအားကို ထိမ်းညှိပေးနိုင် မလေားဟုလည်းစာရေးသူတွေးမိပါသည်။
ထို့ကြောင့် မန်ကျည်းသီးကို ဖျှော်ရည်အဖြစ်နေ့စဉ်မှီဝဲသင့်ကြောင်း ဇီဝိတဒါနညွှန်ကြားမိပါသည်။ စာရေးသူ ကျွန်ုပ်၏  ကိုယ်တိုင်လုပ် မန်းကျည်းသီး ဖျော်ရည်နည်းမှာ  ..
ပါဝင်သောပစ္စည်း  .. .
မန်ကျည်းသီး - 400g ၊
ထန်းလျက်အမည်းခေါ် မုန့်လုပ်ထနန်းလျက်- 5 ခဲ
ရေသန့် . 3လီတာခွဲ
ဆား ဟင်းစားဇွန်း - 2 ဇွန်း တို့ပါပဲ။
စီမံပုံ  . .
ပထမဦးစွာ ရေသန့် 3လီတာခွဲခန့်ကို ပွတ်ပွတ်ဆူအောင်ကျိုချက်ပါတယ်။
စတီးအိုး (ဒန်သတ္ထုအိုးအသုံးမပြုပါနှင့် မကျည်းသီးနှင့်ဓာတ်မတည့်ပါ) ထဲသို့အထက်ပါ မန်ကျည်းသီး ထန်းလျက် ဆားတို့ကိုအဆင်သင့်ထည့်ထားပါ။ ရေပွတ်ပွတ်ဆူလာသောရေနွေးတွေအား အဆင်သင့်ပြင် ထား သော စတီးအိုးထဲသို့ ထည့်ပြီးအနည်းငယ်မွှေ အဖုံးပိတ်ကာ မီးဖိုပေါ်တွင်ခ ဏတည် ထားပါ။
အေးလျှင် သင့်တော်သော ပုလင်းထဲထည့်ကာ ရေခဲသေတ္တာထဲတွင် ထည့်၍ထားပါ။
အကျိုးပြုပုံ
အထူးညွှန်းဖွဲ့စရာမလိုတော့ပေ သူ့မှာသက်စောင့်ဓာတ် 6 မျိုးမကပါဝင်သည့်အတွက် ပျိုပျိုမေတို့အသား အရေ စိုစိုပြေပြေဖြစ်မည် ၊ မျက်နှာ ဝက်ခြံတင်းတိပ်မှဲ့ခြောက်တို့ ကင်းမည်။ ပေါက်နေတဲ့ ထူလပြစ် သမားတွေကတော့ ဘယ်လိုမှပျောက်မှာမဟုတ်ပေ။ သို့သော် သွေးလေလည်ပတ်မှုကြောင့် ပေါက်နေဆဲ သက်သာမည်အကျိုးကို တော့ရမည်။ လိမ်းဆေးလိမ်းနေချိန်အတွင်းစားဆေးအဖြစ် မန်ကျည်းရေကိုေ သာက်ရပေမည်။ ကဲ ဒီခေတ်က သိပ္ပံခေတ်မို့ အထူးညွှန်းပြနေစရာမလိုတော့ပေ။
သုံးစွဲနည်း
နံနံအိပ်ယာထသည်နှင့်မျက်နှာမသစ်ခင် မိုက်ခွက်တစ်လုံးသောက်ပါ။ အချို့က ဝမ်းမှန်နေသူများသည် ကော်ဖီ တစ်ခွက်စာခန့်သာသောက်သင့်သည်။ ဆိုလိုတာက တော့ ဆရာဝန်ဆိုတာ ချိန်ဆပြီး တာဝန်ယူ ရတာပါ။ ကာယ ကံရှင်သောက်သုံးသူသာ မိမိ၏ခန္ဓာယန္တယားနှင့် အဆင်ပြေ ကီးကိုက် သလိုသောက် ရမည်ဖြစ်ပါသည်။ နံက် မှ ညမှ သောက်ရမည်မဆိုလိုပါ။ သို့သော်တကယ်တမ်းဝမ်းနှုတ်ဆေး စားနေရသူ များ သည် နံနံအိပ်ယာထသည် နှင့် သောက်ရမည် အချို့က နံက် 6 နာရီထိုးအိမ်မှထွက်မည့်သူသည် နံက် 4 နာရီထိုးသောက်မှအဆင်ပြေမည် နောက်မို့ဆို လမ်းမှာ အီးအီးပါနေပါလိမ့်မည်။
မန်းကျည်ရည်သောက်ပြီး 1 နာရီအတွင်းမှာ ဝမ်းပြော့ပြော့သွားပါသည်။
သို့ဖြစ်ပါ၍ ကာယကံရှင်သည် မိမိခန္ဓာယန္တယား ၊ အလုပ်အချိန် အခြေအနေတို့ကို သုံးသပ် ဆင်ခြင်ပြီး သောက်ပါ ဟုသာ ဆိုရပါတော့မည်။
မှတ်ချက်။ ယခုရေးသားချက်များသည် ကျွန်ုပ်၏နေ့စဉ်သုံးစွဲသောကိုယ်တွေ့သာဖြစ်သည်။
ဤကုသလသတ္တိကြောင့် သစ္စာလေးပါးကိုမရမှီကာယသုခစိတ္တသုခနှင့်ပြည့်စုံရပါစေ ဤကုသလသတ္တိကို ဝေနေယျ တို့အား ဝေငှပါသည်။

ဒိုးကြီး(6.12.2016)123း2 Pm

No comments:

Related Posts Plugin for WordPress, Blogger...