Thursday 19 January 2017

ဝိဘဇ္ဇကဗျာ

ငါသိ၍ ရေးသည် ငါတက်၍ ဟောသည်ဟု မာန်မဝင်လိုပါ။
တစ်ကြောင်း တစ်ဂါထာနဲ့ ငါဆရာလုပ်နေကြ ပြိုင်နေကြ
ငြင်းနေကြခြင်းဟူသည်မှာ မာနကိုအရင်းတည် အတ္တကမ္ဘာ
စစ်ကိုဆင်နွဲနေကြတာပါပဲ။
အဘီဓမ္မာဒေသနာတော်က ကြည့်ရင် သတ္တဝါမှန်သမျှ
ခန္ဓာငါးပါးနဲ့တည်ဆောက်ထားသလို သိပ္ပံနယ်ပယ်က
သုံးသပ်ပြန်တော့လည်း neutron , proton နဲ့ electron
တို့ပေါင်းစပ်ခြင်းနိယာမတစ်ခုပါပဲ။
သမ္မတဆိုသူမှာလည်း ဒီဓာတ်တွေနဲ့ဖွဲ့စည်းထားသလို
ဆိုက္ကားဆရာမှာလည်း ဒီဓာတ်တွေပါပဲ။ ဒီလိုသင်္ခါရနယ်
ကို ပရမတ်အမြင်မရှိဘဲ ငါသူတစ်ပါး ပုဂ္ဂလပညတ်တွေနဲ့
ပြိုင်ဆိုင်နေကြမယ်ဆိုရင် တတိယကမ္ဘာစစ်ထက် အတ္တ
ကမ္ဘာစစ်က ပို၍ပင်အားသာနေမည်ဖြစ်သည်။
နိဂုံးချုပ်သော်
သူသူငှာငှာ လူတကာတို့ ဂုဏ်ပကာသန အခြုံအလွှာတွေ
ခွာချလို့ ကုသလနဲ့အကုသလ သည်လောက်မျှသိကြရင်
အပယ်တံခါးပိတ်ပြီပေါ့ဗျာ။
ဒါ့ကြောင့် ..
ငါခြင်းလည်း မပြိုင်ကြပါနဲ့
သူခြင်းလည်း အဆိုင်ကြပါနဲ
အားလုံးဟာ သေမင်းအစာ ငါးခန္ဓာတွေပါပဲ။


ဒိုးကြီး(ဝိဘဇ္ဇ)20.1.2017-2း45am

No comments:

Related Posts Plugin for WordPress, Blogger...