Sunday 12 February 2017

ဓာတ်ခိုက်သည်


ဓာတ်ခိုက်သည်ဟုဆိုသော် ဤဆောင်းပါးရှင်အား လူ့အပြိန်းတို့က ဓာတ်ကြောင် နတ်ကြောင်ဟု သမုတ် ချေတော့ မည် ဓာတ်ဆိုတာကို ယင်းငပြိန်းတို့က သူတို့တွေ့နေကြဖြစ်သော အလိမ်အညာအဝါသမားများ၏ လက်စွဲတော် ဓာတ် ဟုထင်မှတ်နေတက်ကြသည်။
အမှန်မှာ ဓာတ်ဟူသည် လောကဓာတ်ခေါ် မိမိတို့နေထိုင်ရာ အနန္တစကြဝဠာကြီးသည် ယင်းတို့ဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည်မဟုတ်ပါလော သိပ္ပံပညာရှင်တို့က ကမ္ဘာလောကဓာတ်တွင် neutron ῞ proton electron ဓာတ်သုံးမျိုးဖြင့်ပေါင်းစပ်ထားသည်ဟုဆိုသည် ယင်းတို့၏တွေ့ရှိချက်သည် မနေ့တစ်နေ့ကလောက်မှ သာဖြစ်သည် ဗုဒ္ဓမြတ်စွာကတော့ ပ တေ ဝါ အာ ဟူ၍ ဓာတ်လေးပါးဖြင့်ပေါင်းစပ်ထားသည်ဟုဆိုသည်။
ဗုဒ္ဓ၏တွေ့ရှိချက်သည် ယင်းသိပ္ပံပညာရှင်တို့လူမဖြစ်ခင် နှစ် (၂၀၀၀) ကျော်ကာလကဖြစ်၍ ဘယ်သူမှားသည် ဘယ်သူမှန်သည်ဟု မငြင်းဆန်လိုပါ။ ဤဆောင်းပါးကလည်းပဲ ဓာတ် ခိုက်သည်ကိုပဲ ညွှန်းဆိုတာမို့ ဓာတ်ဘယ် လိုခိုက်တာလည်းဆိုတာကိုပဲ ပြောရမှာပေါ့။
10.2.2017 -ရက်နေ့က ဒီမိုကရက်တစ်မြန်မာ့အသံ ရယ်စရာမောစရာကဏ္ဍအစီအစဉ်မှာ ပြည်ပနိုင်ငံက မိန်းမ သားတစ်ယောက်က သူမဟာ  Wi-Fi အင်တာနက်ကို သုံးရင် သူမရဲ့ ခန္ဓာကိုယ်အရေပြားတွေ ယားယံခြင်းစတဲ့ ဝေဒနာဖေါက်ပြန်မှုများစွာဖြစ်ရပါတယ်တဲ့။ ဒါ့ကြောင့် သူမဟာ အင်တာနက်သုံးတဲ့အခါ ဝိုင်ဖိုင်နဲ့ မသုံးဘဲ ကြိုးနဲ့ ပဲချိပ်ဆက်အသုံးပြုရပါတယ်လို့ ဆိုပါတယ်။
ဒါ ဓာတ်ခိုက်ခြင်း၏ သက်သေတစ်ခုပေါ့။ ကျွန်ုပ်တို့၏ ရူပခန္ဓာသည် အထက်ကပြောခဲ့သလို ဓာတ်သုံးလေးမျိုး နဲ့တည်ဆောက်ထားတာပါ။ ခန္ဓာမှာ လျှပ်စစ်သံလိုက်စက်ကွင်းလေးတွေရှိပါတယ်။ ကမ္ဘာကြီးကတော့ အားပြင်း ထန်တဲ့ သံလိုက်စက်ကွင်းကြီးရှိသလိုပေါ့။
ရေဒီယို ဖုန်း ရုပ်မြင်သံကြား စတာတွေကလည်း လျှပ်စစ်သံလိုက်စက်ကွင်းနဲ့ပဲထုတ်လွှင့်တာပါ။ ကျွန်ုပ်တို့က လည်းပဲ နေ့စဉ် ဗုဒ္ဓ၏ဂုဏ်တော်များ ပရိတ်များ ဂါထာ မန္တာန်များကို သရဇ္ဈာယ်ခြင်းဖြင့် ကျွန်ုပ်တို့၏ရုပ်သံလွှင့် စက်ရုံကြီးမှ ထူးခြားသော မေတ္တာဓာတ် သစ္စာဓာတ်သတ္တိတို့သည် လေထုအလွှာတွင်းသို့ ပျံ့နှံ့လျှက်ရှိနေသည် ကို လူအချို့ သတိမမူကြချေ။
အင်းဝခေတ်က မိဖုရားတစ်ယောက်ဖြစ်တဲ့ ဖွားစော ဟာ ဗုဒ္ဓရဲ့ဂုဏ်တော်တွေကို သရဇ္ဈာယ်လေ့ရှိပါတယ်။ အမြဲ လိုလို သူ့ရုပ်ခန္ဓာအင်္ဂျင်စက်ကြီးမှ ဂုဏ်တော်နာမ်ဓာတ်တွေ ဂုဏ်တော်ရုပ်ဓာတ်တွေ လွှင့်နေတာမို့ သူ့ခန္ဓာဝန်း ကျင်အနှံ့မှာ ဓာတ်ပြောင်းလဲမှုတွေဖြစ်နေတာကို လူတို့သာမန်မျက်စေ့ဖြင့်မမြင်နိုင်ဘူး။
ခန္ဓာရဲ့အပြင်မှာ အရမ်းပူနေတယ်ဆိုရင် ဖွားစောရဲ့ရုပ်သံလွှင့်အင်္ဂျစက်ကြီးက အအေးဓာတ်ရုပ်နမ်ဓာတ်တွေ လွှင့်နေတယ် စသည်ဖြင့် ဖွားစောရဲ့ခန္ဓာဗေဒလိုအပ်သလောက် အပူအအေးဟာ သမမျှတစွာရှိနေပါတယ်။ အချို့ ကိုယ့်ပတ်ဝန်းကျင်မှာတောင် ပြောကြဆိုကြတာရှိပါတယ်။ လူတစ်ယောက်က သူလုပ်လိုတဲ့အလုပ်ထဲ စိတ်ရောက်နေတာ အချိန်တွေဘယ်လောက်ရှိလို့ရှိမှန်းမသိဘူး ဗိုက်လည်းစာရကောင်းမှန်းမသိဘူး စတဲ့ဖြစ်စဉ် မျိုး ကြားဖူးကြမှာပါ။
ဒါဟာ ဓာတ်ခိုက်တာပါပဲ ကိုယ့်ခန္ဓာကိုယ် အင်္ဂျင်စက်ကြီးက အရှိုန်ရသွားတဲ့အခါမှာ ပတ်ဝန်းကျင်ကိုဘာမှမသိ တော့ဘူး။ အခုလည်း မိဖုရားဖွားစောဟာ နေ့စဉ် ဗုဒ္ဓဂုဏ်တော်တွေကို သရစ္ဇျာယ်နေတော့ သူ့ခန္ဓာဟာအမြဲ တမ်း ဓာတ်မြတ် ဓာတ်ကောင်းတွေ ရနံ့မြတ် ရနံ့ကောင်းတွေ ထုံမွှန်းနေတယ်။
တနေ့တော့ ရှင်ဘုရင်က မစူးစမ်းမဆင်ခြင်ဘဲ မိဖုရားဖွားစောကို အောက်လမ်းမလို့ သမုတ်ပြီး ကားစင်မှာမီး တင်ရှို့သတ်ပါတယ်။
ထင်း လောင်စာ အခြောက်တွေဟာ ဘယ်လို့မီးရှို့ရှို့လေမတိုက်ရေမခိုက်ဘဲ မီးမလောင်ဘူး။ ဒါနဲ့ ထင်းလောင် စာပုံပေါ် တုတ်နှောင်တင်ထားတဲ့ မိဖုရားဖွားစောကို အပေါ်ကနေ ဘေးခဏ ထုတ်ပြီး မီးရှို့ရင် ထင်းလောင်စာ တွေဟာ တဟုန်းဟုန်းတောက်တယ်။ မီးထင်းလောင်စာတွေဟာ မိဖုရားဖွားစောရဲ့ ရုပ်ခန္ဓာ အင်္ဂျင်ကနေ့ ထုတ်လွှင့်နေတဲ့ ဗုဒ္ဓဂုဏ်တော်ဓာတ် အအေးစံနှုန်းကို မတုမယှဉ်နိုင်ကြတာမို့ လောင်စာတွေဟာ မီးမလောင် တာပါပဲ။
 ဒါကြောင့်မို့ ကျွန်ုပ်တို့လူသားတွေဟာ နေ့စဉ်ဆိုသလို ဗုဒ္ဓဓာတ် ဓမ္မဓာတ် သံဃဓာတ်တွေကို ထုံမွှန်းအာရုံပြုနေ ကြမယ်ဆိုရင် ယင်း ဗုဒ္ဓ ဓမ္မ သံဃ ဓာတ်တွေက အာရုံပြုသူ ကျွန်ုပ်တို့၏ ရုပ်နာမ်ခန္ဓာကို လာရောက်ထိခိုက်ကြ မှာမလွဲပါဘူး။
အကောင်းဆုံးသော ကာယသိဒ္ဓိဆိုတာ ဒါပါပဲ  ကိုယ့်ဘေးနား နျူကလိယားလာကျလည်း ကိုယ်ရဲ့ရုပ်နာမ် ခန္ဓာ ကိုယ်ကို လောင်ကျွမ်းမည်မဟုတ်ပေ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ရုပ်နာမ်အင်္ဂျင်ခန္ဓာမှ ထုတ်လွှတ်နေ သော ဗုဒ္ဓဓာတ်တို့ကို  မည်သည့်အရာကမှ ထိခိုက်ပွတ်သတ်နိုင်မည်မဟုတ်သောကြောင့်ပင်ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဘေးရန်အမျိုးမျိုးတို့မှ လွတ်ကင်းစေရန် ဗုဒ္ဓဓာတ်များကို များနိုင်သမျှ များများစု ဆောင်းထားသင့်သည်ဟု ဓမ္မဒါနပြုအပ်ပါသည်။
ဒိုးကြီး(ဝိဘဇ္ဇ) 12.2.2017-3း43Pm


No comments:

Related Posts Plugin for WordPress, Blogger...