Tuesday 14 March 2017

ဝိဇ္ဇာတို့ လျှောက်သောလမ်း (ဖြစ်ရပ်မှန်အခန်းဆက်)ရသေ့ ဝိဇ္ဇာ နှင့် နဂါးပြည်

                                        ဝိဇ္ဇာတို့ လျှောက်သောလမ်း (ဖြစ်ရပ်မှန်အခန်းဆက်)
                         ✩ ♥  ☀ ✩ ♥  ✩ ☀ ♥  ✩ ☀ ♥  ✩ ☀ ♥ 


ရသေ့ ဝိဇ္ဇာ နှင့် နဂါးပြည်
ဝိဇ္ဇာတို့လျှောက်သောလမ်းရှိရင် အဝိဇ္ဇာတို့ လျှောက်သောလမ်းလည်း ရှိပေဦးမည်  ဝိဇ္ဇာတို့ လျှောက်သောလမ်း သည် ညီညာဖြောင့်ဖြူးရင် အဝိဇ္ဇာတို့လျှောက်သောလမ်းသည် ကြမ်းတမ်း ကွေ့ကောက်ပါလိမ့်မည် ဝိဇ္ဇာသည် အအေးဓာတ်ကိန်းနေပါရင်လည်း အဝိဇ္ဇာသည် အပူဓာတ်လွန်ကဲနေပါလိမ်မည် သို့ဆိုရင် ဝိဇ္ဇာ၏ဘဝသည် ငြိမ်း ချမ်း၍ အဝိဇ္ဇာ၏ ဘဝသည် ဝါးရုန်းသုန်းကားနိုင်နေမည် ။
ဝိဇ္ဇာသမားသည် အမြဲလိုလို အပေးဓာတ်သာကိန်းနေ၍ အဝိဇ္ဇာသမားသည် အယူဓာတ်ဖြင့်သာ လောကဇော တိုက်နေမည် ထို့ကြောင့် ဘဝတစ်ခုဝယ် လူလူသူသူတစ်ယောက်သည် ဝိဇ္ဇာသမားနှင့် တခဏမျှ တွေ့ဆုံခွင့် ရ ၍ ယင်းဝိဇ္ဇာသမား၏ ညွှန်ကြားပြသသော အလောဘလမ်းစဉ်ကို တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလည်းဆိုသော စကားလို နဲနဲချင်း လေ့ကျင့်ရာမှ နောက်ဆုံးတွင် ဝိဇ္ဇာတို့၏ အလောဘလမ်းစဉ်အန္တိမအဆင့်သို့ရောက်ခဲ့ကြပေ သည်။
သို့သော် ဝိဇ္ဇာသည် အသိခက်သလောက် အဝိဇ္ဇာသမားတွေကလည်း အသိရခက်လှသည် အဝိဇ္ဇာသမားတွေ က ဝိဇ္ဇာသမားတို့၏ အသွင်သဏ္ဍာန်ကိုတုပနေထိုင်ကြသည် အပြောအဆိုကို အသံနေအသံထားကို ခိုးချ၍ လောကကို လှည့်ဖြားနေတော့သည်ဖြစ်၍ အများသူငှာတို့သည် ဝိဇ္ဇာနှင့်မဆုံအကြုံရဘဲ အတုအပဖြစ်သော အဝိဇ္ဇာသမားတို့ဖြင့်သာ ပေါင်းသင်းခွင့်ရ၍ ဘဝ၏ နိဂုံးသည် မလှမပဇာတ်သိမ်းရရှာသည်။
ဝိဇ္ဇာသမားက အဖြောင့်သမား ဒဲ့သမားလေ အဝိဇ္ဇာသမားက အကောက်သမား အဝှက်သမားလေ ဒီတော့က ပရိယာမဆင်တက်သော ဝိဇ္ဇာသမားတို့အား လူပြိန်းသူပြိန်းတို့က အထင်သေးတက်သည် စော်ကားလိုသည် မောက်မာလိုသည် အကောက်သမား အဝှက်သမား မာယာအတက်၌ ကျွမ်းကျင်လိမ္မာသော အဝိဇ္ဇာသမားတို့ တော့ ယင်း လူပြိန်းသူပြိန်းတို့က အထင်ကြီးသည် လေးစားသည် ပူဇော်လိုကြသည်။
ထို့ကြောင့်ပဲဖြစ်မည် ဝိဇ္ဇာသမားတို့သည် လူပြိန်းသူပြိန်းတို့၏  ဝေးရာကိုသာလိုလာကြသည် လူပြိန်းသူပြိန်းတို့ အား အကပ်မခံလို ထိုအခါ ယင်းလူပြိန်းသူပြိန်းတို့က ယင်းဝိဇ္ဇာကြီးတို့အား ပို၍ အထင်သေးကြသည် နှိပ်ချလို ကြသည် နင်ပဲငဆ ပြောဆိုတက်ကြသည်။
တစ်ခါက ဥပကသည် ဝိဇ္ဇာတို့၏အပဓိပတို တုမရှိသော မြတ်ဗုဒ္ဓအား လမ်းခရီးမှာတွေ့ဆုံခဲ့ကြပါသော်လည်း ဝိဇ္ဇာမှန်းမသိ၍ ῝ဟုပေယ῞ ဟူသောစကားတစ်ခွန်းဖြင့်သာ လမ်းလွှဲခဲ့ဖူးသည်။ ထို့ကြောင့် တကယ့် ဝိဇ္ဇာအစစ် မျက်ဝါးထင်ထင် တွေ့မြင်ဆုံတွေ့ခွင့်ရပါသော်လည်း မိမိသဏ္ဍာန်ရှိ အစဉ်အလာမြဲကိန်းဝတ်နေတက်သော အဝိဇ္ဇာသတ္တိကြောင့် ပင် ရှောင်လွဲသွားတက်ကြကြောင်း ပိဋကတ်စာပေတွင် ရံခါ ဖတ်ရမှတ်ရဖူးသည်။
အကယ်စင်စစ်တော့ အဝိဇ္ဇာသမားတို့က မာယာအတက်ကျွမ်းကျင်လိမ္မာလွန်း၍ ဝိဇ္ဇာတို့လျှောက်သောလမ်းကို မသိ မရသည်မဟုတ် ယင်းလူပြိန်းသူပြိန်းတို့၏ စိတ်သဏ္ဍာန်ကြောင့်ပင်ဖြစ်သည် လူပြိန်းသူပြိန်းသည် အများ အားဖြင့် ခေါင်းညိတ်တက်လွယ်သည် အရှုံးပေးတက်လွယ်သည် အညံ့ခံတက်လွယ်သည် ῝ဝိဘဇ္ဇ῞အလုပ်မျိုးကို မလုပ်လိုကြ အထင်ကြီးမြန်ခါ ဒူးထောက်ခစားရိုသေလွယ်ကြခြင်းကြောင့်သာဖြစ်သည် ။ ယင်း အားနည်းချက် သည် ဝိဇ္ဇာအတုဖြစ်သော အဝိဇ္ဇာသမားတို့အတွက် အလဲထိုးကွက် ပွဲသိမ်းတိုက်ကွက် တစ်ခုပင်ဖြစ်သည်။ ῝၀ိဘဇ္ဇ῞ လုပ်လေ့ရှိကြသောသူတို့ကိုတော့ အဝိဇ္ဇာသမားတို့က ကြောက်ကြသည် မြင်တာနဲ့ သိတာနဲ့ တစ်ချိုး တည်း ပြေးတော့သည် ။
ထို့ကြောင့် အဝိဇ္ဇာတို့လျှောက်သောလမ်းတွင် မမြင်မစမ်းဖြင့် လျှောက်ရင်း အပါယ်ဒုဂ္ဂတိသို့ လားရ ရောက်ရ သော လူပြိန်းသူပြိန်းတို့၏ ဘဝသည် နှမြောဖို့ကောင်းသည်။
တစ်ခါက  . . .
အတော်အတန် ကြွယ်ဝချမ်းသာကြသော လူငယ်နှစ်ယောက်သည် အဝိဇ္ဇာပုထုဇဉ်တို့၏ ကျား မ ကာမကိလေ- သာ တွေ့ကို မလိုလားကြဘဲ ဝိဇ္ဇာတို့၏ ကိလေသာကို တွန်းလှန်လိုသော ကိလေသာကာမကို ဆန့်ကျင့်လို သော ဆန္ဒသာအလိုရှိကြသည်ဖြစ်၍ ဝိဇ္ဇာအစစ်ဖြစ်သော ရသေ့နှစ်ပါးအား ကိုးကွယ်ဆည်းကပ်ကြသည်။
မိမိတို့ အလုပ်တာဝန်များပြီးဆုံးပါက ယင်းဝိဇ္ဇာရသေ့နှစ်ပါးအား ဆည်းကပ်ခစားကြသည် အထူးသဖြင့်တော့ ယင်းဝိဇ္ဇာရသေ့နှစ်ပါးကို တစ်ယောက်လျှင် တစ်ပါးစီ နေ့စဉ် အိမ်သို့ပင့်၍ ဆွမ်းကပ်ကြသည်ပြီး ဝိဇ္ဇာရသေ့၏ တရားအဆုံးအမကို နားယူမှတ်သားကြသည်။
ထူးခြားသည်ကား ဝိဇ္ဇာရသေ့နှစ်ပါးသည် တစ်ပါးက နဂါးပြည်သို့ကြွ၍ နဂါးမင်း၏  အထူးစီမံဖန်တီးလှူဒါန်း တော်မူသော ဘုံဗိမာန်တွင် သမ္မာပတ်ဝန်စားခြင်း နဂါးမင်းနှင့် တရားဟောပြော ဆွေးနွေးခြင်း စသော အရိယာ အပြုအမူ ဓလေ့ထုံးစံများဖြင့် နေသလို ကျန်တစ်ပါးကလည်း တာဝတိံသာနတ်ပြည်သို့တက်ကာ သိကြားမင်း ကြီးမှ စီမံဖန်တီးလှူဒါန်းအပ်သော ဘုံဗိမာန်တွင် ယင်းသိကြားမင်း၏ သိကြားစည်းစိမ်တို့ဖြင့် လှူဒါန်းအပ်သော အလှူတို့ကို ခံယူတော်မူပြီးသကာလ အရိယာ အပြုအမူ ဓလေ့ထုံးစံများဖြင့် အချိန်ကုန်လွန်စေခဲ့ကြသည်။
ထို့ကြောင့် ယင်းရသေ့ဝိဇ္ဇာကြီးနှစ်ပါးကို ကိုးကွယ်ဆည်းကပ်ကြသော လူသားသူငယ်ချင်းနှစ်ယောက်တို့သည် တစ်ယောက်က နဂါးပြည်၏ လှပကြည်နူးဖွယ် နဂါးမင်း၏ နဂါးပျိုဖြူပေါင်းများစွာတို့ဖြင့် ရသပေါင်းများစွာကို ခံစားနေပုံ စသည့် နဂါးပြည် နဂါးမင်းတို့၏ ဘုန်းကံကြီးများ အကျိုးများလှပုံကို ဆွမ်းကပ်တိုင်း နဂါးပြည်သွား ရသေ့ဝိဇ္ဇာ၏ တရားစကားတို့ကို နားရေဝနေသလို ကျန်လူသားသူငယ်ချင်းတစ်ယောက်ကလည်း သူကိုးကွယ် ဆည်းကပ်သော နတ်ပြည်သွားရသေ့ဝိဇ္ဇာကြီးပြောဆိုသော တာဝတိံသာနတ်ပြည်၏ လှပပုံ ယင်းနတ်ပြည်ကို အုပ်ချုပ်သော သိကြားမင်းကြီး၏ နတ်သမီးရံရွေတော်ပေါင်းများစွာဖြင့် ကာမစည်းစိမ်ကို ခံစားနေမှုတို့နှင့်စပ် သော တရားဓမ္မတို့အား ဆွမ်းကိစ္စပြီးလျှင် ပြောဆိုတက်သည်။
ဤသို့ဖြင့် ယင်းလူသားသူငယ်ချင်းနှစ်ယောက်တို့သည် ဝိဇ္ဇာတို့အား ပေါင်းဖေါ်မိ၍ ဝိဇ္ဇာတို့၏ ကျင့်စဉ်စရဏ တို့အား အားလျှင်အားသလိုကျင့်သကဲ့သို့ လူတို့၏ ကျားမထိတွေ့ဆက်ဆံမှုကာမအာရုံမျိုးစုံတို့မှ ရုန်းထွက်ကာ  နတ်ပြည်နဂါးပြည် နတ်သားနဂါးသားတို့၏ ဘဝကို စိတ်အာရုံညွတ်မိရက်သားဖြစ်နေကြသည်။
ဖြစ်နိုင်ပါ၏ ဝိဇ္ဇာသည် အငြိမ်းသမား အအေးသမားမို့ ယင်း သူငယ်ချင်းနှစ်ယောက်တို့သည်လည်း သာမာန်လူ သားများဖြစ်သော်လည်း လူပြိန်းသူပြိန်းတွေကဲ့သို့  လူ့လောက၏ လောဘအပူကို အကျင့်အားဖြင့်သော်လည်း ကောင်း အသိအားဖြင့်သော်လည်းကောင် အသိအကျင့်နှစ်ပါးတို့ဖြင့်သော်လည်းကောင်း ရှောင်ရှားကြမည်ဖြစ် သည် ၊ အဝိဇ္ဇာသမားတို့၏ လမ်းစဉ်ကား အပူသမား အမိုက်သမားမို့ ယင်းအဝိဇ္ဇာကြီးတို့၏ လမ်းစဉ်ကို လိုက်မိ ရက်သားရှိကြသော လူပြိန်းသူပြိန်းတို့သည်လည်း အပူဓာတ်ကိုလည်း အပူဓာတ်မှန်းမသိ အမိုက်ဓာတ်ကိုလည်း အမိုက်ဓာတ်မှန်းမသိ ဆင်ကန်းတောတိုး ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့ ဘုရားစေတီလည်း (bulldozer) ဖြင့် ထိုးကြ ဖျက်ကြသလို ရဟန်းသဃာတို့ကိုလည်း လူမြင်ကွင်း ပေတရာလမ်းမပေါ်မှာပင် ရိုက်နှက်ထိုးကြိတ် စစ်ဖိနပ်ဖြင့် နင်းသူကနင်း သေနပ်ဖြင့် ပစ်သူကပစ် မီးလောင်ဗုံးဖြင့် ထုသူကထုနှင့် မိုက်ကြ မဲကြ ကဏ်းကြပေတော့သည်။
ဒါကို မြင်ကြရသော လူတို့တွင် လူပြီးဓာတ် သူပြိန်းဓာတ်ရှိကြသောသူတို့က အားပေးကြသည် မသိကျိုးကျွံပြု ကြသလို ဝိဇ္ဇာဓာတ်ကိန်းနေကြသော လူတို့ကတော့ တော်လှန်လိုကြသည် ဆန့်ကျင်လို့ကြသည် ဝမ်းနည်းပက် လက် ကြေကွဲနာကျင်နေတက်ကြသည်။
ဤသို့ဖြင့် ဝိဇ္ဇာတို့ လျှောက်သောလမ်းနှင့် အဝိဇ္ဇာတို့ လျှောက်သောလမ်းသည် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေ ကြသည် ဝိဇ္ဇာတို့က အဖြူဆိုလျှင် အဝိဇ္ဇာတို့က အမည်းဖြစ်သည် ဝိဇ္ဇာတို့က အပေးဓာတ်ဖြစ်သလို အဝိဇ္ဇာတို့ ကတော့ အယူဓာတ်ဖြစ်သည် ဝိဇ္ဇာသမားတို့သည် အမြဲတမ်း စွန့်လွှတ်အနစ်နာခံလိုသော မေတ္တာ ကရုဏာ ဓာတ်တို့ဖြင့် ထုံမွှန်းနေသကဲ့သို့ အဝိဇ္ဇာသမားတို့ကလည်း အတ္တ လောဘ ဒေါသ မောဟစသော အကုသိုလ် ဓာတ်တို့ဖြင့် ထုံမွှန်းနေတက်ကြသည်။
ထို့ကြောင့် ထဲထဲဝင်ဝင် သတိထားမိသောအခါ ဝိဇ္ဇာသမားတို့သည် အမြဲလိုလို လိုချင်သောဆန္ဒတို့ ပါးရှားကြပြီး သူတို့၏ နှလုံးအိမ်တွင် စာအသိတရား အလင်းစကား တို့ကို မည်သို့မည်ပုံ လောကကိုပေးဆပ်ရမလဲဟူသော အပေးဓာတ်ရုပ်လှိုင်းနာမ်လှိုင်းတို့ ထုတ်လွှတ်နေတက်သည်ကို တွေ့ရမည်ဖြစ်သလို အဝိဇ္ဇာသမားတို့၏ နှလုံး အိမ်သည်ကား လောဘတရား အမှောင်စကားတို့ကို မည်သို့မည်ပုံ လောကအား သိမ်းပိုက်ရမလဲဟူသော အယူ ဓာတ်ရုပ်လှိုင်း နာမ်လှိုင်းတို့ ထုတ်လွှတ်နေတက်သည်။
ယင်းသို့ဖြင့် ဝိဇ္ဇာသမားနှင့် အဝိဇ္ဇာသမားတို့၏ သဏ္ဍာန်မှ အမြဲမပြတ် ထုတ်လွှတ်နေသော ရုပ်ဓာတ်နမ်ဓာတ်တို့ ကို သိမ်းပိုက်မိကြသော လူသားတို့၏ လျှောက်သောလမ်းသည်လည်း ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပေတော့ သည် ။
ဝိဇ္ဇာတို့လျှောက်သောလမ်းသည် အလွယ်တကူ ခေါင်းညိတ်ခြင်းနှင့် ခေါင်းခါခြင်းတို့ကို လက်မခံပေ မြင်မြင်သမျှ ကြားကြားသမျှတို့အား မိမိတို့လေ့လာသိရှိထားသော အသိတရားဓမ္မတို့ဖြင့် တိုင်းထွာဆင်ခြင်၍ ῝၀ိဘဇ္ဇ῞လုပ် ကာ ဤစကားသည်ကား ဓမ္မတည်း ဤစကားသည်ကား အဓမ္မတည်း ဤအမူအရာသည်ကား ဓမ္မဟန်ပန်တည်း ဤအမူအရာသည်ကား အဓမ္မဟန်ပန်တည်း ဤသူသည်ကား ဓမ္မအရေကိုခြုံ၍ ယင်းဓမ္မကိုပင် နှလုံးသွင်းဆင် ခြင်သော ဝိဇ္ဇာတို့၏ လျှောက်သောလမ်းပေါ်ရှိ သူတော်ကောင်းတည်း ၊ ဤသူသည်ကား ဓမ္မအရေကိုခြုံ၍ ယင်းဓမ္မကို နှလုံးမသွင်း မဆင်ခြင် ဝိဇ္ဇာတို့၏ လျှောက်သောလမ်းကို သံယောင်ပြကာ အဝိဇ္ဇာတို့၏လျှောက် သောလမ်းပေါ်ရှိ အဝိဇ္ဇာသမားတည်းဟူ၍ ဝိဘဇ္ဇလုပ်ကာ လောကကို ခွဲခြားစိတ်ဖြာသုံးသပ် တက်ကြသည်။
အဝိဇ္ဇာတို့၏ လျှောက်သောလမ်းပေါ်တွင် အဟုတ်မြင်အဟုတ်ထင် တကယ်ထင်ပြီး လိုက်စားနေကြသော လူပြိန်းသူပြိန်းတို့သည်ကား ῝ ငါပြောတာသာ မှန်သည် ῞ ῝ငါ ဟောတာသာ ဟုတ်သည်῞ ῝ငါသည်ကား ဓမ္မတည်း῞ ဟု ဓမ္မမှန်းမသိ အဓမ္မမှန်းမသိဖြင့် ဆင်ကန်းကြီးတောတိုးနေသလို ပင်ပန်းဆင်းရဲလှပေသည်။
ယခုသာဓက ပြယုဂ်ရှိ လူသူငယ်ချင်းနှစ်ယောက်တို့သည် ကံကောင်းထောက်မသည်ဟုပဲပြောရမလား ကံကြီး ပေသည်ဟုပဲ ဆိုရမလား ရသေ့ဝိဇ္ဇာနှစ်ပါးဖြင့် ဆုံခွင့်ရသည် ဆွမ်းများလုပ်ကျွေးပြုစုခွင့်ရသည် ယင်းရသေ့ဝိဇ္ဇာ တို့၏ အရိယာလမ်းကို မြင်စမ်းခွင့်ရခဲ့ကြသည်။
ယင်းသူငယ်ချင်းနှစ်ယောက်တို့သည် လူ့သက်တမ်းကုန်လွန်သော် နဂါးပြည်သွားရသေ့ဝိဇ္ဇာကြီးအား ဆည်းကပ် ကိုးကွယ်သော သူငယ်ချင်းသည် နဂါးမင်းကြီးအဖြစ် နဂါးပြည်ဂတိသို့လားရောက်သကဲ့သို့ နတ်ပြည်သွားရသေ့ ဝိဇ္ဇာကြီးကို ကိုးကွယ်ဆည်းကပ်ခွင့်ရသော သူငယ်ချင်းသည်လည်း တာဝိတိံသာနတ်ပြည်ဝယ် သိကြားမင်းဖြစ် ကာ နတ်သမီးရံရွေဘော်များဖြင့် နတ်စည်းစိမ်ကိုခံစားခွင့်ရသွားကြသည်။
ဆိုလိုတာကား  .. .
ရသေ့ဝိဇ္ဇာနှစ်ပါးတို့တွင် ကျင့်စဉ်စခန်း မခြားနားကြသောလည်း ယင်းနှစ်ပါးတို့၏ နေ့သန့် စံမြန်းရာဋ္ဌာနတို့ ကတော့ ခြားနားလွန်းသည် နဂါးပြည်သည် အကယ်စင်စစ်တော့ နတ်ပြည်လို အဆင့်တန်းမြင့်မားသည်မဟုတ် ပေ နဂါးမျိုးနွယ်ဟူသည် မြွေအကောင်တို့ကဲ့သို့ပင်ဖြစ်ရာ တန်ခိုးဖြင့် နတ်သားခန္ဓာအသွင်အပြင်ကို ဖန်ဆင်း ကာ နတ်မျိုနတ်နွယ်များကဲ့သို့ ခံစားစံစားကြခြင်းသာဖြစ်၍ များစွာ နိမ့်ကျလှသည်။
ထို့ကြောင့် ဝိဇ္ဇာတို့လျှောက်သောလမ်းဟူရာတွင်လည်း အဆင့်အတန်းအနိမ့်အမြင့်တို့က ရှိနေသေးသည် ဝိဇ္ဇာ ခြင်းတူသော်လည်း ယင်းတို့၏ ကျင်လည်ကျက်စားရာဋ္ဌာနတို့ကိုလည်း ချန်လှပ်၍ မရနိုင်ပေ။ သူငယ်ချင်းနှစ် ယောက်တို့သည် သဒ္ဓါအား ဉာဏ်အား ကံအား တူမျှကြသော်လည်း ရသေ့ဝိဇ္ဇာကြီးတို့၏ နေသန့်ကျင်လည် ကျက်စားရာဋ္ဌာနတို့ မတူညီကြသည့်အလျှောက် ယင်းသူငယ်ချင်းနှစ်ယောက်တို့၏ စိတ်အာရုံကျက်စားမှု နေရာ ဋ္ဌာနသည်လည်း ကွာခြားခဲ့ကြသည်။
ယင်းကြောင့် နဂါးပြည်ကို အာရုံပြုမိသော သူငယ်ချင်းအတွက် နဂါးမင်းကြီးဘဝသို့ လားရသကဲ့သို့ တာဝိတိံ သာနတ်ပြည်ရှိ သိကြားမင်းကြီးကို အာရုံပြုမိသော သူငယ်ချင်းသည်လည်း သိကြားမင်းကြီးဘဝသို့ လားရပြန် သည်မဟုတ်ပါလော ။
သို့ဖြစ်ပါ၍ ဝိဇ္ဇာတို့၏ လျှောက်သောလမ်းကို လိုက်စားလိုလားကြသော သူတို့သည် များစွာသော ဗဟုသုတရှာ မှီးရန်လိုသည် မိမိတို့လက်တကမ်းရှိ စာပေတို့အား ဝိဘဇ္ဇစိတ်ဖြင့် လေ့လာကြရမည် ပယ်သင့်သည်ကို ပယ်၍ သိမ်းသင့်သည်ကို သိမ်းရမည်မှာ ဗုဒ္ဓမြတ်စွာ မိန့်မှတ်တော်မူသော ဗာဟုသစ္စဉ္စ သိပ္ပဉ္စ မင်္ဂလာပင်ဖြစ်သည်။
ဝိဇ္ဇာတို့လျှောက်သောလမ်းကို မျှော်မှန်းသော အမျိုးသားအမျိုးသမီးတို့အတွက် မျက်လုံး၌လည်း ဝိဘဇ္ဇမျက်မှန် တပ်ထားရမည်ဖြစ်သလို နားတွင်လည်း ဝိဘဇ္ဇအာရုံခံကရိယာတပ်ထားရမည် တစ်ဖန် ပါးစပ်တွင်လည်း ဝိဘဇ္ဇ အသံကို လေ့ကျက်ထားရမည်ဖြစ်သည်။
အဝိဇ္ဇာတို့ လျှောက်သောလမ်းကို မျှော်မှန်းလိုသော သူအတွက်တော့ ယင်း ဝိဘဇ္ဇတို့မလိုအပ်ပေ အထက်က ပေးသော အမိန့်ကို လိုက်နာရန်တစ်ခုတည်းသာလိုသည် ဘာမှ ငြင်းဆန်၍ မရပေ မြင်သမျှ ကြားသမျှ ပြောသ မျှတို့တွင် ဝိဘဇ္ဇဖြင့် စုံစမ်းဆေးကြောခွင့်မရ ခေါင်းညိတ်တက်ရန်သာလိုသည် ထိုမျှလောက်သော အကဏ်းသ မား အဝိဇ္ဇာသမားတို့၏ ဘဝသည် မှောင်တုဏ်းလှသည်ဟူ၍ “ရသေ့ဝိဇ္ဇာနှင့်နဂါးပြည်” ဆောင်းပါးအား အနား သတ် စခန်းရပ်၍ “ဝိဇ္ဇာတို့ လျှောက်သောလမ်း ” ကျင့်စဉ်ကို ဆက်လက်ဖတ်ရှု့ကြပါကုန်  .. ။
အာရမ္မဏောဆန္ဒော ။ ။ ဤဝိဇ္ဇာဆောင်းပါးအား ရေးသားနိုင်ဖို့ရန် ပါဠိစာပေကိုစတင်သင်ကြားပေးခဲ့သော ကျွေးမွေးသဖခင် ကျေးဇူးရှင် တမလွန်ရောက် ဖခင်ကြီးဦးလှစံကို ရည်စူးမိ၍ ၃၁ဘုံ ဝေမျှတုံသည် နတ်လူသာဓုခေါ်စေသေဝ်  . ။
ကိုးကား  . ..
ကျီးသဲလေးထပ် ဆရာတော်ရေးသားပြုစုတော်မူသော
῝ ဇိနတ္ထပကာသနီကျမ်း ῞ ῝ ရာဟုလာ ဝတ္ထု ῞ 
ဒိုးကြီး(ဝိဘဇ္ဇ)15.Mar-2017 – 9း52am





No comments:

Related Posts Plugin for WordPress, Blogger...