Monday 3 October 2016

အပျိုရည် ဖျက်ပေးရသောအကျင့်ဓလေ့


အာဖရိကတိုက် မာလာဝီနိုင်ငံမှာ ရိုးရာဓလေ့ထုံးစံအရ မိန်းကလေးတွေ အပျိုဖော်ဝင်လာရင် ပန်းဦး           ချွေပေးရတဲ့လူကို ငွေပေးငှားရသတဲ့။
အဲ့ပန်းဦးဆရာဟာ အပျိုစင်တွေတင်မက လင်သေပြီးစ မုဆိုးမ၊ ခလေးပျက်ကျ တဲ့မိန်းမ၊ ခလေးမရတဲ့     အအိုတွေနဲ့လဲ ဦးဦးဖျားဖျားအိပ်ပေးရတယ်၊


ဒါပေမဲ့ ပထမဆုံးအကြိမ်ရာသီလာပြီးစ အပျိုပေါက်မလေးတွေကို တယောက် ၃ ရက်ကြာ ပန်းဦးချွေတဲ့    အလုပ် အများဆုံးလုပ်ရတယ်။
အာဖရိကရဲ့ ပန်းဦးချွေပေးရသောအလုပ်ကိုလုပ်သောသူ
အဲ့ဒီအလုပ်လုပ်ပြီး ဝင်ငွေရနေတဲ့ ပန်းဦးဆရာက သူပန်းဦးချွေခဲ့တဲ့ အပျိုပေါက်မတွေအားလုံး ကျေနပ်မှု      ရှိကြတယ်လို့ ဆိုတယ်၊ ဒါပေမဲ့ သူ့သမီး အပျိုဖြစ်ရင်တော့ ဒါမျိုး မကြုံစေချင်ပါတဲ့။
Blog ပေါ်က အတွေးများ .
အာဖရိကမှာ ပုဂံခေတ်အခေါ် အရည်းကြီးဝါဒတွေ ကျန်ရှိနေသေးသည်ကို သိရသည်။ ဟူး .. မလွယ်ဘူးနော်။ အာဖရိကမှာ မိန်းမပျိုဖြစ်ရတဲ့ဘဝဟာ တကယ်ကို စိတ်မသက်သာစရာပါလား . .
ပုဂံခေတ်တုန်းကတော့ ဗမာမိန်းမပျိုလေးများကို အရည်းကြီးရဟန်းများက အပျိုရည်ဖျက်ပေးရတယ်လို့ ငယ်ငယ်ကရုပ်ရှင်ထဲမှာကြည့်ဖူးပါတယ်။ ဒီအကြောင်းကို သမိုင်းသုတေသီ ဒေါက်တာသန်းထွန်း
ရေးခဲ့သည် သိခဲ့သည် မသိခဲ့သည်ကိုတော့ ကျွန်တော် မဖတ်ဘူးခဲ့သေးပါ။ Blog ပေါ် တက်ရှာကြည့် ပါဦးမယ်။
တွေ့ရင်တော့ တင်ပေးရမှာပေါ့။
(ဗာဟုသစ္စဉ္စမင်္ဂလာ)
ဒိုးကြီး


Khun Gamani
http://www.themeltingpot4u.com/2016/07/blog-post_353.html

No comments:

Related Posts Plugin for WordPress, Blogger...