Saturday 19 December 2015

ဒေါ်အောင်ဆန်းစုကြည်အစိုးရမတိုင်မှီ အဓမ္မမှုများကို

ERROR


ကြေမွသွားရင်လည်း
တစ်မှုံခြင်းပြန်ဆက်ကြတာပေါ့။

ဘဝဆိုတာ
အစကတည်းက တွဲစပ်လာတာမှမဟုတ်ခဲ့တာကို။

ငါတို့ . .
ပြန်လှည့်ကြမယ် .. .
ငါတို့ ..
ပြန်ကောက်ကြမယ် ..
ငါတို့ . .
တစ်လှမ်းစီရွေ့လျှားကြမယ်။

သြော် ..
အချစ်ဆိုတာ မီးတစ်စရဲ့အစိုင်အခဲတစ်ခုရယ်လို့
ပိုးဖလံလိုမှ မသိခဲ့ရတာကိုး .. ။
မှတ်ချက်။ ။
လွန်ခဲ့သော နှစ်ပေါင်းခြောက်ဆယ်ကျော်ခန့်ကချစ်ဦးသူကို
ရည်စူး၍ ရေးသားစပ်ဆိုမိပါသည်။ တိုက်ဆိုင်မှုရှိရင်နားလည်ပေးပါ။


ဒိုဇာသိမ်

Wednesday 16 December 2015

Bagan in my heart


Bagan in my heart
Acrylic on canvas “3 in 1”
(1) 24x48 inches
(2) 32x48 inches
(3) 24x48 inches
☀ ဘုရားအမှတ်☀ ၂၂၄/၁၅၉ (က) ဥတ္တမကျော်စေတီ၊
☀ တည်နေရာ ☀ ဧရာဝတီမြစ်ကမ်းဘေး၊ ရွှေစည်းခုံဘုရားအနီး၊
☀ဝယ်သူ☀ဒေါ်ခင်ထွေးမော် နှင့်မိသားစုမှ ရန်ကုန်၊ဗိုလ်တစ်ထောင်မြိုနယ်
ပရိယတ္တိကျောင်းတိုက်တွင် ထားရှိကိုးကွယ်ရန်လှူဒါန်းပူဇော်ပါသည်။
☀ တန်ဘိုး ☀ကိုးသိန်း- ၉၀၀၀၀၀ ကျပ်
ညောင်ဦး The Bagan Step
Artist - ခင်မောင်ဏီ
Photographer by Doe Gyi
♥ Blog link .♥

Monday 28 September 2015

Faster internet


အီသီယိုးပီးယား ရထားဓာတ်ပုံကို အထက်ပါ Facebook မှကူးယူဖေါ်ပြပါ့သည်
အမြင်မှန်အလင်းမှန်အသိမှန်ရ၍ အာဏာရှင်စနစ်အမြန်ဆုံးကျဆုံးပါစေ
ဒိုးကြီး
ကျွန်တော်တို့ပြည်သူတွေ ထမင်းတစ်နပ်လျှော့စားနေရချိန်မှာ သူတို့က
လေယာဉ်တွေစီးလို့ ကျွန်တော်တို့အနာဂါတ်ကောင်းကင်ပေါ်မှာပျံဝဲနေ
ကြတာကိုမိတ်ဆွေသိပါလား  . . .
ကမ္ဘာ့ဘာဏ်မှာဒေါ်လာ 11 ဘီလျှံနဲ့ သူတို့ပျှော်ချင်တိုင်းပျှော်နိုင်ဖို့ ကျွန်တော်
တို့က နယ်လှည့်ပါးရိုက်ခံနေရပါတယ် . . ။
သစ်တောကြီးတွေ  . . . . ကုန်ပြီ ။
သဘာဝ ရေတံခွန်တွေ  .. .  ပျောက်ကုန်ပြီ။
သဘာတောင်ကြီးတွေ  ..  မြေပြင်ဖြစ်သွားပြီ။
ရှေးဟောင်းစေတီပုထိုးတွေ  .  တရုတ် bulldozer (မြေထိုးစက်)ကြီး
အောက်  .. . ရောက်သွားပြီ . .။
အဲလို သဘာဝအရင်းအမြစ်တွေ တရုတ်နိုင်ငံရောင်းစားလိုက်တဲ့ဒေါ်လာ
တွေကြောင့် စစ်အာဏာရှင်တွေ ခရိုနီတွေ ချမ်းသာကုန်ကြသော်လည်း
ကျွန်တော်တို့မှာတော့  .. .
လျှပ်စစ်မီး မှန်ဖို့မဆိုထားနဲ့ တစ်နိုင်ငံလုံးမှာ 30% ပဲ မီးရသေးတယ်။
ဒါ့ကြောင့် အင်တာနက်လိုင်းကောင်းဖို့ဆိုတာ ကျွန်တော်တို့ပြည်သူအတွက်
NLD မှအပ အခြားကိုးကွယ်ရာမရှိတော့ပြီ . ..
ရင်နာစွာဖြင့် ဒိုးကြီး

Related Posts Plugin for WordPress, Blogger...