Monday 28 December 2015

လွန်းကြိတ် (သို့ ) လိပ်ကျွန်းသို့ ဖြန့်ကျက်ခြင်း

တကယ်တော့ဗျာ . .
ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ပိုင်အချိန်ကို အသုံးပြုရာမှာ သတိထားသင့်တာက
လုံခြုံစိတ်ချရမှုမရှိတဲ့ တိုင်းပြည်တွေမသွားသင့်မလာသင့်ပါဘူး။
အထူးသဖြင့် အစွန်းရောက်ဘာသာရေးနိုင်ငံနဲ့အာဏာရှင်နိုင်ငံတွေပေါ့။
ဗုဒ္ဓက “ပဋိရူပဒေသဝါသော စ” လို့ဆုံးမထားတယ်မဟုတ်လား။
စစ်အာဏာရှင်နိုင်ငံတို့ ဘာသာရေးအစွန်းရောက်နိုင်ငံဆိုတာ “ပဋိရူပ”
မဖြစ်တဲ့အရပ်ဒေသနိုင်ငံတွေပါ။ လူ့အခွင့်အရေးတွေဆုံးရှုံးပြီး အတ္တဝါဒ
ခေါ် “ ငါနှင့်ငါ့မိသားစုကောင်းစားရေး” တွေသာ ပေါများတာပါ။
ဒါ့ကြောင့် ထိုဒေသ ထိုနိုင်ငံတွေမှာ မွေးဖွားကြီးပြင်းအလည်အပတ်
ရောက်ရှိသူတို့အတွက် အချိန်မရွေး ဘေးဒုက္ခသင့်နိုင်ပါတယ်။
ချွင်းချက်အနေနဲ့ အခုကျွန်တော်ကိုယ်တိုင် ထိုဘေးမျိုးကိုကြရောက်
နိုင်ပါတယ်လို့ အပ္ပမာဒ သတိပြုမိပါတယ်။ အခုလည်း ..
ထိုင်းဟာ စစ်အာဏာရှင်စနစ်နဲ့အုပ်ချုပ်နေတာ ဒါ့ကြောင့် အဓမ္မတွေ
ကြီးဆိုးနေတဲ့လက္ခဏာတစ်ရပ်ပေါ့။
မြန်မာနိုင်ငံလည်း ဘာထူးလဲ ? ရွှေမန်းတင်မောင်သီချင်းလို
“ ဤဟာသည် . . ”
“ ထိုနည်းလည်းကောင်း ထိုနည်းလည်းကောင်း ထိုနည်းလည်းကောင်း”
ဆိုတဲ့ သံစဉ်စာသားလေးလိုပါပဲ။
ဒါ့ကြောင့် ကျွန်တော်အမြဲပြောပြဖူးပါတယ်။
ဓမ္မဝိနယနဲ့အညီ အုပ်ချုပ်သော သူတော်ကောင်းသမ္မတမပေါ်ပေါက်သေး
သရွေ့ .. “ ဤဟာသည် . . ”
“ ထိုနည်းလည်းကောင်း ထိုနည်းလည်းကောင်း ထိုနည်းလည်းကောင်း”
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...