Saturday 19 December 2015

ERROR


ကြေမွသွားရင်လည်း
တစ်မှုံခြင်းပြန်ဆက်ကြတာပေါ့။

ဘဝဆိုတာ
အစကတည်းက တွဲစပ်လာတာမှမဟုတ်ခဲ့တာကို။

ငါတို့ . .
ပြန်လှည့်ကြမယ် .. .
ငါတို့ ..
ပြန်ကောက်ကြမယ် ..
ငါတို့ . .
တစ်လှမ်းစီရွေ့လျှားကြမယ်။

သြော် ..
အချစ်ဆိုတာ မီးတစ်စရဲ့အစိုင်အခဲတစ်ခုရယ်လို့
ပိုးဖလံလိုမှ မသိခဲ့ရတာကိုး .. ။
မှတ်ချက်။ ။
လွန်ခဲ့သော နှစ်ပေါင်းခြောက်ဆယ်ကျော်ခန့်ကချစ်ဦးသူကို
ရည်စူး၍ ရေးသားစပ်ဆိုမိပါသည်။ တိုက်ဆိုင်မှုရှိရင်နားလည်ပေးပါ။


No comments:

Related Posts Plugin for WordPress, Blogger...