Wednesday 8 June 2016

ရက် တစ်ရာ ရာတစ်ရက်


ကျွန်တော်ထင်မြင်ချက်အရ ရက်100အတွင်းပြောင်းဖို့က ပြည်သူတွေအားလုံးစာဖတ်ဖို့လိုပါတယ်။ အကြောင်းကတော့ မနေ့က ရန်ကုန်မြို့လည်ခေါင်က ကုန်ဈေးတန်းမှာ ပေါင်မုန့်ဖုတ်ရာသုံး ပစ္စည်းတွေသွားဝယ်ပါတယ်။ စက်ဘီးလေးနဲပေါ့။ လမ်းဘေး ပလက်ဖောင်းမှာစက်ဘီးရပ်တာကို ကုန်ဈေးတန်းလမ်းမနေ ဆိုင်ပိုင်ရှင်မိန်းမက စက်ဘီးမရပ်ပါနဲ့တဲ့။ သူ့သားက အသက် 25 လောက်ရှိမယ်။  စည်ပင်ဥပဒေအရ ဖြူနီကျား ကင်းသော ပလက်ဖေါင်းနံဘေးတွင် မည်သည့်ယဉ်မဆိုရပ် လို့ရသည်ဆိုတဲ့ ဥပဒေကို အမေဖြစ်သူက မသိရင်တောင် သားဖြစ် သူကသိသင့်ပါတယ်။ ဘာလို့လည်းဆိုတော့ facebook တွေပေါ်မှာ ဒီလိုဥပဒေတွေ ကို ဓာတ်ပုံနဲ့တကွ ရေးနေကြတာ မို့ ကျွန်တော်တောင်သိပါတယ်။ ဒါပေမယ့် ထိုလူငယ်လေး မသိတာဟာ အတော်ကို လူငယ်တွေ သောက်သုံးမကျတော့ တဲ့အနေအထားရောက်နေတယ်ဆိုတဲ့ ပြယုဂ်မျိုးဖြစ်နေပါတယ် ဒါ့ကြောင့် ရက်100 အတွင်းမှာ ပြည်သူတွေ စာဖတ်သင့် ပါသေးတယ်။
ဒါဟာ တစ်နေရာထဲကို ကွက်ပြီးသုံးသပ်တင်ပြတာမဟုတ်ပါဘူး။ များသောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ပြောသလို ပြည်သူတွေစာဖတ်ဖို့လိုပါတယ်။ စာမဖတ်သရွေ့ လောကီကိစ္စပဲဖြစ်ဖြစ် လောကုတ္တရာကိစ္စပဲဖြစ်ဖြစ် အခုလို အဓိပ္ပါယ်မရှိတဲ့အမှားတွေကို လွန်ကျူးနေကြမှာဖြစ်ပါတယ်။
ဒါ့ကြောင့် ရက် ၁၀၀ အတွင်းပြည်သူတွေကို စာဖတ်ဖို့နေ့လေးတစ်နေ့ အထိမ်းအမှတ်နေ့ လေးပေါ့ဗျာ ဥပမာ ချစ်သူများနေ့လိုပေါ့နော်။ စာဖတ်သောနေ့လေးတစ်နေ့ လုပ်ပေးသင့်ပါတယ်။

ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...