Sunday 30 April 2017

ရုပ်နာမ် အဘိဓမ္မာ ကျုပ်တို့၏ ကဝိဆရာ


ကျုပ်ဘဝတစ်ခုလုံးကို အချစ်နဲ့ပိဋကတ်ထဲမှာပဲ မြုတ်နှံထားခဲ့တဲ့ကောင်ပါ ကျုပ်ရဲ့ဖြတ်သန်းမှုတွေမှာ အချစ်မရှိ တဲ့အချိန်မှာ ပိဋကတ်ရှိနေတက်သလို ပိဋကတ်မရှိတဲ့အချိန်မှာလည်း အချစ်ရှိနေတက်စမြဲပါ။ တစ်လကို ငါးထောင်ကျပ်နဲ့ ချော်တွင်းကုန်းမှာ သောက်ရေသန့်ကား ဒရိုင်ဘာဝင်လုပ်တယ် ကျုပ်လွယ်အိပ်ထဲ သားရေဖုံးရွှေချစာအုပ်ကြီးပါသွားလို့ သူဌေးလုပ်သူက ဘုန်းကြီးလုပ်မှာလားလို့ မေးယူရတယ် ။ ကျုပ် အဲလို သောက်ရေသန့်ကားမောင်းချိန်မှာ ရန်ကုန်မှာ သောက်ရေသန့်ကို ဝယ်သောက်ရမယ်ဆိုတဲ့ ယဉ်ကျေးမှုက ခေတ်မစားသေးဘူးဗျ။
ဆိုလိုချင်တာက မြန်မာနိုင်ငံတွင် မြန်မာစာ ပါဠိစာဖြင့် ပေါ်ပေါက်ခဲ့ဖူးသောကမ္ဘာကျော် ဆရာတော်ကြီးများ၏ လိုရင်းအာဘော် များကို ထဲထဲ ဝင်ဝင်ဖတ်ရှု့လေ့လာဖူးခဲ့ကောင်လို့ပြောချင်တာပါ။ ဒီအထဲက  ကျူပ်ဆွဲ ထုတ်ပြရမယ် ဆိုပါက သေချတောင် ဆရာတော် ဦတိလောကနဲ့ သူရဲ့ဆရာခေါင်ထိ လယ်တီဆရာတော် တို့ပေါ့ဗျာ။ အခြားသော ဆရာတော်များ လူပဏ္ဍိကြီးများ မရေမတွက်နိုင်အောင် ပေါလှသလို ကျေးဇူးလည်းအထူးဦးတင် ထိုက်ကြပါတယ်။
အခုတော့ဗျာ မထင်မှတ်ဘဲ အွန်လိုင်းပေါ်ကနေ သဲအင်းဂူဆရာတော်ရဲ တရားတစ်ပုဒ်နားထောင်မိတယ်။ သဲအင်းဂူဆိုတဲ့ ကေသရာဇာဓမ္မဓိပတိကြီးအကြောင်းကို ဘယ် သိမှာတုန်း ဒီတော့က ကျုပ်ကလည်း ဘာဆိုလားကောင်ဆိုတော့ စနားထောင်စဉ်က အပြင်းပြေပေါ့ဗျာ။
ကိုယ်တိုင်ကလည်း နှစ်ပေါင်းများစွာ ပိဋကတ်ထဲကျက်စားခဲ့တဲ့ကောင်ဆိုတော့က တော်ရုံတန်ရုံကတုံးလောက် ကတော့ တောက်ချလို့ရတာကိုး  . .။ ဒီတော့က ခန္ဓာနဲ့ရင်းပြီးရှာထားတဲ့ ကေသရာဇာဓမ္မဓိပတိကြီး ဖြစ်တော် မူသော သဲအင်းဂူဆရာတော်ကြီးကိုလည်း ဘယ် ကျုပ်ဆိုတဲ့ကောင်က ဘယ် စာရင်းသွင်းမှာတုန်း။
တိုက်ဆိုင်တာလေး ပြောဦးမယ်  ပြီးခဲ့တဲ့ နှစ်က ကရင်ပြည်နယ်ခရီးစဉ်မှာ ဓာတ်ပုံလှည့်ရိုက်တယ် အဲဒီမှာ ရန်ကုန်သူအပျိုကြီးတစ် ယောက်က  . .
῍ ဟဲ  ..  ဒိုးကြီး ῍
῍ ဒီလောက် နာမည်ကျော် စာတက်ပေတက်ဘုန်းကြီးတရားပွဲ ဓာတ်ပုံသွားရိုက်လေ῍
῍ဒီမယ် အမ ῍
῍သူတို့ စာတက်တာ ကျွန်တော်ကွန်ပြူတာလောက်မတက်ပါဘူးဗျာ῍
῍ကျနော့ကွန်ပျူတာက သူတို့ထက်ပိုပြီး အမြန်တွက်ချက်ထောက်ပြနိုင်တယ်ဗျ῍
ကျနော်လည်းအဲလို ပြောလိုက်ရော ရန်ကုန်သူ အပျိုကြီးက  . .
“ အေး  . . ῎
῍နင်အဲဒါကြောင့် ဂေါ်မစွံ ဖြစ်နေတာ ῍
အပျိုကြီး ကျနော်ကို အဲလို ပြောတဲ့အခါ ပိဋကတ်ထဲက တစ်လုံးထဲဆွဲထုတ်ပြီးအပျိုကြီးကိုပြောလိုက် ပါတယ်
῍ - - - - - - - - -῍
အဲလိုလည်းပြောလိုက်ရော အပျိုကြီးက အခုလိုကျနော့်ပြန်ပြောပါတယ်
῍ ငါ ῎ ῍ နောင်တရသွားပါပြီ ῍ တဲ့။
ကဲ  ..  စကားပြန်ကောက်ရရင် ကျုပ်ဆိုတဲ့ ဒိုးကြီးဟာ ပိဋကတ်စာပေအယူအဆတွေကို ဝိဘဇ္ဇလုပ်ရာမှာ နား ထင်သွေးရောက်နေတဲ့ ကောင်ဆိုတော့က သဲအင်းဂူဆရာတော်ကြီးကိုလည်း ဘာဆိုလားပဲပေါ့ဗျာ။
ဒီလိုနဲ့ ဆရာတော်ကြီးရဲ့တရား သုံးလေးမိနစ်လောက်ပဲ နားထောင်လိုက်ရသေးတယ် ဒိုးကြီးဆိုတဲ့ကောင် ပါးစပ် အဟောင်းသားဖြစ်သွားတယ်  ..
῍ ဟာ ῍
῍ တကယ်မှ တကယ့် ဓမ္မရာဇာကြီးပါလား῍
῍ ပိဋတက်စာပေကို ငါ့လို လိုက်စားတဲ့ ငါ့အဖေ ဒီ သဲအင်းဓမ္မရာဇာကြီးတရားမနားသွားမိပါကလား῍
῍ အို  . .῍
῍အဖေ . . ရေ ῍
῍အဖေနဲ့ ကျုပ်တို့က တရားကို ပိဋကတ်နဲ့ရှာခဲ့တယ် ῍
῍ သဲအင်းဂူဆရာတော်ကြီးကတော့ ခန္ဓာနဲ့ရင်းပြီးရှာခဲ့တယ်῍
῍ကံ ကြောင်းမလှလို့ အဖေ ခမျာ ရုပ်စွဲနာမ်စွဲကို စာစွဲနဲ့ဖြုတ်လို့ မပြုတ်ခဲ့ရင် ဒုက္ခပါကလား῍
῍အဖေ ဘယ်ဘဝများ ရောက်နေတုန်း῍
စတဲ့ အတွေးများ ခေါင်းထဲရောက်လာခဲ့ပြီး အဖေ့ကို သတိရ နောင်တ တမိပါတယ်။
နောက်တစ်နေ့ ယုဇနပလာဇာသွားပြီး သဲအင်းဂူဆရာတော်ကြီးရဲ့တရားခွေသွားဝယ်ပြီးအခုတိုင်နာယူ မှတ်သားနေမိပါတော့တယ်။
ဒါ့ကြောင့် ရုပ်စွဲ နာမ်စွဲတွေ ကျုပ်လို မကျွတ်သေးတဲ့ သူတော်ကောင်းများအတွက် သဲအင်းတရားနာယူကြည့်ပါ မြည်းစမ်းကြည့်ပါ ငါးမိနစ်လောက်နာလိုက်တာနဲ့ မိတ်ဆွေတို့ရဲ့ ဘဝဟာ အရတော်သော သောတာပတ္တိလမ်း ပေါ် လျှောက်နိုင်ပါလိမ့်မယ်ဟု ကျုပ်အာမခံလိုက်ပါတယ်။
မည်သူမဆို ကျနော့ရဲ့ကိုယ်တွေ့ ဓမ္မဝေငှမှုကို လွတ်လပ်စွာ Share နိုင်ပါတယ်
နိဗ္ဗာန်ထုတ်ခြောက် ထွက်မြောက်သွားတော်မူသော ကျေးဇူးရှင် တေဝိဇ္ဇပတ္တိဣဒ္ဓိဝိဓာဉာဏဘဒ္ဒန္တဥက္ကဌ
အား ဤဆောင်းပါးဖြင့် ခြေစုံဦးခိုက် ကျေးဆပ်လိုက်ရပါသည်။
မှတ်ချက်။ ။ သဲအင်းဆရာတော်ကြီး၏ ရုပ်စွဲချွတ် နာမ်စွဲချွတ်များကို သေချာနာယူ လိုသော ဓမ္မဒေသနာ ဓမ္မသာဝန ဓမ္မသာကစ္ဆာ မင်္ဂလာလိုလားပါက ရန်ကုန်တိုင်း မှောဘီမြို့နယ် မြို့မဈေးအနီး မြို့မဓာတ်ပုံတိုက် ကိုဝင်းနှင့် ဆက်သွယ်နိုင်ကြပါသည်။ ကျနော် ဒိုးကြီးကတော့ တော်ကီသမားသက်သက်ပါပဲ။
ဤကောင်းမှုကို မိမိအားပါဠိစာပေကိုစတင်သင်ကြဆုံးမခဲ့သော ကွယ်လွန်သူဖခင်ကြီးဦးလှစံအားရည်မှန်း၍ 31ဘုံသားတို့အား ဝေငှမိပါသည်။
ဒိုးကြီး(ဝိဘဇ္ဇ) 30.Apr.17-7;29Pm







No comments:

Related Posts Plugin for WordPress, Blogger...