Saturday 29 April 2017

အနော်မာ ငိုချင်း



ဗမာနိုင်ငံတွင် ခေတ်အဆက်ဆက် ဒေသအသီးသီး ရပ်တည်မှုအသီးသီးမှ ဆရာ့ဆရာကြီးတို့သည် ဗမာ့တို့၏ ယဉ်ကျေးမှုသမိုင်းအမွေအနှစ်တို့ကို မပျောက်ပျက်ရန် ကဗျာဖြင့်လည်းကောင်း ပန်းချီဖြင့် လည်းကောင်း ဆောင်းပါးတို့ဖြင့်လည်းကောင်း အမျိုးမျိုး သရုပ်ဖေါ်ခဲ့ကြသည် ။ သီပေါမင်းပါတော် မူချိန်ကဆို အချုပ်တန်းဆရာဖေ အစရှိသော ဆရာကြီးတို့၏ ကဗျာ့အသံသည် ဗမာတို့အတွက် မှတ်သားဖွယ်ရာ သံဝေဂရဖွယ်ရာ သတိထားပြုပြင်ဖွယ်ရာ စသော ရသများကိုပေးသည့်အပြင် အမျိုးဘာသာသနာတော်အတွက် အလွန်ပင်ကြည်ညိုရာတို့ဖြစ်ကြသည်။
ဆရာကြီးရဲ့ အမျိုးချစ်သော စေတနာ ဒေါသသံသည် ကဗျာတွင်ပေါ်လွင်နေသည်
῍ ဗမာတွေ စည်းကမ်းဖေါက်လို့ ထီးနန်းပျောက်ခဲ့ရပြီ῍
ဟုတ်ပါတယ် ဆရာကြီးသာ ဒီနေ့ခေတ်ကို မြင်တွေ့ခွင့်ရပါက အခုလိုများရေလေမလား
῍ ဗမာတွေ ဖင်သရမ်း တွေ့သမျှကိုတော့ ကမ်းကြသည်῍
ဆရာကြီးခင်ဗျား  ..  ဒီနေ့ခေတ်မှာတော့ စည်းကမ်းတွင်မကဘူး ဗမာမအချို့သည် ဖင်ပါသရမ်း ကုန်ကြပါပြီဟု ကျွန်တော်မျိုး ဒိုးကြီးမှ ဆရာကြီးရှိရာ နတ်ပြည်နတ်လောကသို့ သံဝဏ်လွှာပါးလိုက် ပါသည်။
တကယ်ပါ နောက်ပေါက် ယနေ့ခေတ်တွင်မူ ဗမာသံတွေ ပျောက်နေကြသည် ဗမာဟန်တွေ ပျောက်နေကြသည် ဟု ကျုပ်တစ်ဦးတည်းမူပိုင် ယူဆမိသည်။ ထို့ကြောင့် ယခုလို ဗမာသံ လင်္ကာလေးကို ချရေးမိလိုက် ခြင်းဖြစ်ပါသည်။
ဗုဒ္ဓသည် သိင်္ဂါလအမည်ရှိသော လူငယ်လေးတစ်ယောက်ကို ဆိုဆုံးမခဲ့ဖူးသည်ကား အချို့သောဗမာ တို့ မေ့လျော့နေကြပြီဟု  ထင်၍ နှုတ်ထဲရှိတဲ့အတိုင်း အမည်မသိသော ရှေးဆရာကြီးများမှ . .
ကျွေးမွေး မပြတ် ၊ ဆောင်ရွက်စီမံ ၊
မွေခံထိုက်စေ ၊ လှူမျှ ဝေ၍ ၊
စောင့်လေ မျိုးနွယ်၊ ဝတ်ငါးသွယ် ၊ ကျင့်ဖွယ်သားတို့တာ။ ဟု ကဗျာစီထားတာကို ငယ်ငယ်ကတည်း ကနှုတ်ထဲစွဲနေ၍ အခုလိုချရေးမိသည်။
ပါဠိတော်တွင်မူ ..
“ဘတော နေ ဘရိဿာမိ ၊ ကိစ္စံ နေသံ ကရိဿာမိ၊ ကုလဝံသံ ဌပေဿာမီတိ။”
ယင်းပါဠိကို မြန်မာလိုတွဲစပ်ဖတ်ရှုရသော် . .
ဂဟပတိပုတ္တ-သူဌေးကြီး၏သားဖြစ်သော အမောင်သိင်္ဂါလ၊ နေသံ-မိဘတို့အား ဘရိဿာမိ-ကျွေးမွေးအံ့၊ နေသံ- ထိုအမိအဘတို့၏ ၊ ကိစ္စံ- ကိစ္စကို၊ ကရိဿာမိ-ပြုအံ့၊ ကုလဝံသ-အမိအဘတို့၏ အမျိုးအနွယ်ကို၊ ဌပေဿာမိ-စောင့်ထိမ်းစေအံ့။
ဗုဒ္ဓက လူပျိုအရွယ် ကောင်လေးတစ်ယောက်ဖြစ်သော သိင်္ဂါလကို စိတ်ရှည်လက်ရှည် ဆိုဆုံးမခဲ့သော ယင်း တရားတော်သည် အချို့သော ယနေ့ဗမာမိန်းမတွေပါးစပ်ထဲတွင် ပျောက်ပျက်ကုန်ကြပြီ ဟုထင်သည်။
ဒါ့ကြောင့်ယနေ့ခေတ်ဗမာတွေ လင်ယူသားမွေးလုပ်ကြတာ အရမ်းကာရောလွယ်လွန်းသည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ယောက်ဟု ထင်ရှားသော ဗိုလ်ချုပ်အောင်ဆန်း၏သမီးပင်လျှင် စောင့်လေ မျိုးနွယ်ဆိုသော ကျင့်ဝတ်ကို ချွတ်ယွင်းခဲ့သည်ဟု ကျုပ်ထင်မြင်မိပါသည်။
သို့ဖြစ်ပါ၍့  နောက်ပေါက် ဗမာတွေအတွက် နောက်ပေါက်ဒိုးကြီးမှ အနော်မာငိုချင်းကဗျာလေးဖြင့် သမိုင်းတစ်ခေတ်အတွက် ဗမာပီသစေရန် နှိုးဆော်လိုက်ရပြန်ပါသည်။
Reference
သုတ္တံ ပိဋကတ်
ဒီဃနိကာယ် ၊ ပါထိကဝဂ္ဂ ပါဠိတော် ၊
သိင်္ဂါလသုတ္တ
ဒိုးကြီး(ဝိဘဇ္ဇ) 30.Apr.17- 12;31Pm


No comments:

Related Posts Plugin for WordPress, Blogger...