Monday 3 July 2017

ငါ့ ဘဝ . ငါ . .အာကသ .. ငါ့ . ကြယ်


နေသည် နောင် ဘီလီယံပေါင်းများစွာ ကြာသည့်တိုင်အောင် ပုံမှန်အတိုင်းတောက်ပနေမည်ဖြစ်သည်။ ထို့နောက်တွင် စတင်၍ ကြီးထွားလာမည်ဖြစ်သည်။ ၄.၆ ဘီလီယံနှစ်မျှကြာသောအခါ နေသည် အလွန်ပင်ကြီးမားသော ကြယ်တစ်ခုအဖြစ်ပြောင်းလဲသွားမည်ဖြစ်သည်။ ထိုသို့ဖြစ်လာပါက ကမ္ဘာကို ဝါးမျိုပစ်နိုင်လောက်သော ပမာဏပင်ဖြစ်ပေါ်လာမည် ဖြစ်သည်။ အစောပိုင်းသိပ္ပံပညာရှင်တို့ကမူ ကမ္ဘာကို နေကဝါးမျိုမသွားနိုင်ပဲ ဆွဲငင်မှု၏ ဒုတိယအား အပြန်အလှန်သက်ရောက်မှု (tidal interaction) မရှိပါက နေတွင်လျော့ကျသွားသော ဒြပ်ထုပမာဏကြောင့် (fraction of loss)သာ ကမ္ဘာပတ်လမ်းကြောင်းကို ၁.ရ အေယူ (Astronomical Unit သို့ အာကာသယူနစ်) သို့ ပြောင်းလဲ ပေးလိမ့်မည်ဟု ဆိုကြသည်။
အကယ်၍ ထိုသို့ဖြစ်ခဲ့လျှင်လည်း လူသားတို့အနေဖြင့် ဆက်လက်ရှင်သန်ရန် မဖြစ်နိုင်ပေ။ အဘယ် ကြောင့် ဆိုသော ကမ္ဘာပေါ်ရှိ ရေအားလုံး အငွေ့ပျံသွားမည် ဖြစ်သောကြောင့်ပင်ဖြစ်ပြီး လေထု၏ အစိတ်အပိုင်း အတော်များများ ဆုံးရှုံးသွားမည် ဖြစ်သည်။ ခေတ်သစ်သိပ္ပံပညာရှင်တို့ကမူ မည်သို့ ပင်ဖြစ် စေကာမူ tidal interaction ကြောင့် ကမ္ဘာကို နေကဝါးမျိုသွားလိမ့်မည် ဟု ဆိုကြသည်။
ကျွန်ုပ်တို့သည် ကျယ်ပြန့်နက်ရှိုင်းလှသော ကမ္ဘာ စိုးစဉ်းမျှ လေ့လာမိကြသောအခါ လူဟူသော ῍ငါ῎ (ဝါ) ကျွန်ုပ်တို့သည် အနတ္တတစ်ကောင်ဖြစ်နေသည် ၊ ရုပ်ဝတ္ထုဖြစ်သော ကမ္ဘာမှပေးသော အဆိုင်အခဲ များ ဒြပ်စင်များဖြစ်သော ရွှေငွေလက်ဝတ်တန်ဆာတို့ကို ချွေးသွေးတို့နှင့် ရင်းနှီးရှာဖွေနေကြသည်။ ယင်းတို့အားလုံးသည် ကမ္ဘာကပေးသော လက်ဆောင်ပဏ္ဍာတစ်ခုသာဖြစ်၍ ကမ္ဘာပင်လျှင်တစ်ဖန်ပြန် လည် ယူဆောင်သွားမည်ကို ῍ငါ῎ (ဝါ) ကျွန်ုပ်တို့သတိမထားမိချပေ။
အထက်က စာရေးသူပြောခဲ့သလို ကမ္ဘာကိုယ်တိုင်က ပရမ်းပတာ နေနေရရှာသည် ၊ ကမ္ဘာသည် အလျှံညီးညီးတောက်လောင်နေသည့် ငွေ့လုံးကြီးဖြစ်သော နေကို ခစားနေရသော မင်းခစား ယောက်ျား တစ်ယောက်သာဖြစ်သည်။ တစ်ချိန်မှာ မည်သည့် သိပ္ပံပညာရှင်တစ်ယောက်တစ်လေကမျှ မခန့်မှန်းမသိရှိနိုင်သော သေဆုံးခြင်းဖြင့် ကမ္ဘာသည် နိဂုံးချုပ်ရပေမည်။
စာရေးသူသည် ငယ်စဉ်ကတည်းက အာကာသကို စူးစမ်းလေ့လာလိုသည် ညတိုင်း ကောင်းကင်က ကြယ်တွေကို ရေရွတ်နေမိသည် ဤမျှ များပြားလှသော အလင်းရောင်စုကြယ်လေးများနေရာသို့ ကိုယ် တိုင်သွားချင်သည် ။ အဲဒီက စ၍ အာကာသနှင့်ကမ္ဘာကို ချစ်ခင်မိသော စိတ်သည် သန္ဓေတည်ခဲ့သည်။ ညအခါ အပြင်ထွက် ဂစ်တာတီးတိုင်း ကောင်းကင်က ကြယ်တွေဆီ ပျံသန်းနေတက်သည်။
ကြာလာတော့ ကြယ်တွေနှင့်စာရေးသူတို့သည် မည်သည့်တက္ကသိုလ်ကမှ သင်ကြားမှုမရှိသော  အပြန် အလှန် ပြောဆိုနားလည်နိုင်သည့်  ဘာသာစကား တစ်မျိုးကို သုံးစွဲမိခဲ့ကြပါသည်။ ထို စကား၏ ကိုယ်ပိုင်အက္ခရာမှာ အလင်းရောင် မှုန်ပြပြလေး တွေပင်ဖြစ်သည်။
အချို့ကြယ်လေးတွေက ῍လင်း῍ကနဲ့ လက်ပြသည် ၊ သေချာသည် ထိုကြယ်လေးသည် စာရေးသူ ၏ ဤညခင်းကို အပြုံးဖြင့် လက်ဆောင်ပေးလိုက်ခြင်းပင်ဖြစ်သည်။ အချို့ ကြယ်လေးတွေကတော့ စာရေးသူ ကြည့်နေနှုတ်ဆက်နေရင်းနှင့်ပင် ငုတ်လျှိုးကွယ်ပသွားကြသည်။ အချို့ ကလည်းလည်း ဖြူ စင်တောက်ပသော အလင်းရောင်တန်းအရှည်ကြီးဖြင့် လင်းလက်ပြသပြီး လုံးဝ ပျောက်ကွယ်သွားပြန် သည်။
ထိုသို့ဖြင့် ကြယ်တွေနှင့် တစတစ ရင်းနှီးလာခဲ့သော စာရေးသူသည် ညတိုင်း အာကသသို့ ပျံသန်းပြီး ကြယ်ဗိမ္မာတွေမှာ မွှေ့လျှော်ခဲ့သည်။ ကြယ်တွေ အကြောင်းကို တကယ်သိဖို့ အကြောင်းအထောက်အ ပံ့မှာ စာရေးသူ၏ ဖခင်ကြီးဦးလှစံပင်ဖြစ်ပါသည်။
သူက စာရေးသူအား ပါဠိစာပေကို သင်ပေးသည် ၊ယင်းနောက် ဇာတ်ကြီးဆယ်ဖွဲ့ ငါးရာငါးဆယ် စ သော ဇာတက ဝတ္ထုထဲသို့ စာရေးသူဘဝကို ဆွဲယူနှစ်သွင်းလိုက်သည်။ ယင်းအချိန်တွင် စာရေးသူ သည် ကြယ်တွေနှင့် အနေဝေးသွားခဲ့သည်။ ဇတကတွေထဲက ဘဝအကြောင်းတွေကို တစ်ပြောင်းတစ် ပြန် လေ့လာနေခဲ့ရသည်။
တကယ်တော့လည်း အကယ်စင်စစ်တော့ စာရေးသူသည် ယင်း ဇာတကတွေရဲ့ အတ္ထုပတ္တိတွေကြား ထဲ ဝင်ရောက်နေခြင်းဟာလည်း ကြယ်တွေအကြောင်းကို သိလိုသောကြောင့်သာဖြစ်ပါသည်။ ကြယ် တွေကို မေ့လို့ ကြယ်တွေကို မုန်းလို့မဟုတ်ပါ။ ကြယ်တွေနှင့် ညဘက် တွေ့ဆုံကြသော်လည်း စာရေး သူမှ ကြယ်တွေရဲ့အတ္ထုပ္ပတ္တိကို မေးမြန်းခွင့်မရပေ။
ကြယ်တွေကလည်း သူတို့၏ ဘဝဇစ်မြစ်ကို မပြောလိုကြဟန်တူသည်။  သူတို့နှင့် စကားလက်ဆုံကျ သော အခါမှာလည်း စာရေးသူအား အပြုံးများ နူးညံ့ သိမ်မွေ့မှုများ ငြိမ်းအေးမှုများ အချိုရောင် အဆိုင် အခဲများ liquid လို့တင်စားလို့ရသော အေးမြသော ဒြပ်စင်အရေများကဲ့သို့ သက်ရှိသာမန်လူသားတို့ မခံစားမသုံးဆောင်နိုင်သော ῍မန῍ ခေါ် ခံစားမှု feeling များကိုသာ ပေးစွမ်းခဲ့သည်။
သူတို့ဘဝ၏ထဲထဲဝင်ကို ဘာတစ်ခုမျှ စာရေးသူအား မပြောခဲ့ပေ။ သို့တိုင်အောင် စာရေးသူသည် ကြယ် တို့ကို စိတ်ဝင်စားမှု မလျှော့ပါးခဲ့ပါ။ မထင်မှတ်ဘဲ အရွယ်ရောက်လာသော စာရေးသူကို ဖခင် ကြီးက ပါဠိစာပေကိုသင်ပေးပြီး ပိဋကတ်ထဲကို ဆွဲခေါ်လိုက်တာမို့ မသွားချင်သွားချင်နှင့်သွားရင်းက စာရေးသူ သိချင်သော ကြယ်တွေအကြောင်းကို တစ်စွန်းတစသိခဲ့ရသည်။
ဆက်ရန်  . ..
ဒိုးကြီး(ဝိဘဇ္ဇ) 03.Jul.2017-1:31Pm

No comments:

Related Posts Plugin for WordPress, Blogger...