Tuesday 28 January 2020

ဂုဏ်တော်ကွန်ချာကို လွယ်ကူစွာရွတ်နည်း

                                                      ဂုဏ်တော်ကွန်ချာ
                                       ဂုဏ်တော်ကွန်ချာကို လွယ်ကူစွာရွတ်နည်း
 (၁)  အရဟံ  (၂) သမ္မာသမ္ဗုဒ္ဓေါ (၃) ဝိဇ္ဇာစရဏ သမ္ပန္နော (၄)သုဂတော (၅) လောကဝိဒူ (၆)အနုတ္တရော ပုရိသ ဒမ္မသာရထိ (၇) သတ္ထာဒေဝမနုဿာနံ (၈) ဗုဒ္ဓေါ (၉) ဘဂဝါ။
နံပါတ်(၁)အရဟံဂုဏ်တော်ကနေ ၂/ ၃ /၄/ ၅ /၆ /၇/ ၈   အစဉ်အတိုင်း နံပါတ်(၉) ဘဂဝါ ဂုဏ်တော် အထိရွတ်ပါ နံပါတ် (၉)ပြီးတာနဲ့ နံပါတ် ရောက်တာနဲ့ နံပါတ် ၅ ၊ ၄ ၊ ၆၊ ၃၊ ၇ ၊၂ ၊ ၈ ၊ ၁ ၊ ၉ ၊ နံပါတ် အတိုင်းရွတ်ဆိုရတာပါ။ အထက်အောက်ပင်ကျော်ပင်ချ ကွန်ချာယက်သကဲ့သို့ ရွတ်ဆိုရတာဖြစ်သော ကြောင့် ဂုဏ်တော်ကွန်ချာအား ရွတ်ဖတ်သရဇ္ဈာယ်သော သူတော်စဉ်၏ အသက်ခန္ဓာပိုင်ဆိုင် ရာမှန် သမျှ ကို အနှိုင်းမဲ့အတုမဲ့သော ဂုဏ်တော်ဟိတ်သတ္တိတို့ကလည်းပဲ ဘေးရန်ရန်ခပ်သိမ်းကို ကွန်ချာဖြင့် အုပ်ဆိုင်းထားသကဲ့သို့ပင်တည်း။
ဂုဏ်တော်ကွန်ချာကို ရှေးအခါက ဘေးမဲ့ဆရာတော်ဘုရားကြီးလောင်လျာမှ တစ်ဆင့်ယခုတိုင်အောင် ရွတ်ဖတ်နေကြခြင်းဖြစ်သည်ဟု တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီးမှ မိန့်ကြားတော်မူဖူး သည်။
အကျွန်ုပ်ဒိုးကြီး(ဝိဘဇ္ဇ)သည် ဖခင်ကြီးဦးလှစံအမြဲရွတ်ဖတ်သရဇ္ဈာယ်သည်ကို လက်ဦးဆရာမည်ထိုက် စွာဆိုသည့်အတိုင်း ကြားဖူးနေရ၏ ထိုသို့သော ကုသိုလ်အား  . . ဣဒံ ပုညံ ဗောဓိဉာဿ ပစ္စယော ဟောတု ၊  ဣဒံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဘာဇေမ ဟု ဖခင်ကြီးအားဦးထိတ်ထား၍ သုံးဆယ့်တစ်ဘုံ သားတို့အား မကျွင်းမကျန်ဝေငှပါသည်  .. .
သာဓု သာဓု သာဓု
သာဓု သာဓု သာဓု
သာဓု သာဓု သာဓု
ဒိုးကြီး(ဝိဘဇ္ဇ)29.1.2020-12း11am

(၁) သော ဘဂဝါ ဣတိပိ အရဟံ ၊
အရဟံ ဝတ သော ဘဂဝါ၊ 
အရဟန္တံ သရဏံ ဂစ္ဆာမိ ၊
အရဟန္တံ သိရသာ နမာမိ၊
ပထမော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ အရဟံ။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ လူနတ်ဗြဟ္မာ သတ္တဝါ အပေါင်းတို့၏ ပူဇော် အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း ၊ အရဟံ အရဟမည်တော်မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး ၊ အရဟံ -လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့ ၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေ၏။
အရဟန္တံ - လူ နတ် ဗြဟ္မာ သတ္တဝါ အပေါင်းတို့၏ ၊ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာ ဘုရားကို သရဏံ - ကိုးကွယ် လည်းလျောင်း ပုံးအောင်းမှီခို အားထားရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ် ပူဇော်ပါ၏ ။
အရဟန္တံ- လူ နတ် ဗြဟ္မာ သတ္တဝါ အပေါင်းတို့၏ ၊ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာ ဘုရားကို ၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
ပထမော- ရှေးဦးစွာသော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ လူနတ်ဗြဟ္မာ သတ္တဝါ အပေါင်းတို့၏ ပူဇော် အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း ၊ အရဟံ -အရဟမည်တော်မူပါပေ၏။

(၂) သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊
သမ္မာသမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ 
သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊
သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ၊
ဒုတိယော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော အကြောင်းကြောင့်လည်း  ၊ သမ္မာသမ္ဗုဒ္ဓေါ - သမ္မာသမ္ဗုဒ္ဓ မည်တော်မူ ပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး၊ သမ္မာသမ္ဗုဒ္ဓေါ- တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်း၍သိမြင်တော်မူပါပေ၏။
သမ္မာသမ္ဗုဒ္ဓံ-တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော မြတ်စွာ ဘုရားကို ၊ သရဏံ - ကိုးကွယ်ရာ အားထားရာဟူ၍ ၊ ဂစ္ဆာမိ-ဆည်းကပ်ပူဇော်ပါ၏။
သမ္မာသမ္ဗုဒ္ဓံ-တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော မြတ်စွာ ဘုရားကို ၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
ဒုတိယော- နှစ်ခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။

(၃) သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော၊
ဝိဇ္ဇာစရဏသမ္ပန္နော ဝတ သော ဘဂဝါ၊ 
ဝိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ ၊
ဝိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ၊
တတိယော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ဝိဇ္ဇာသုံးပါး ဝိဇ္ဇာရှစ်ပါး စရဏတရား တစ်ဆယ့်ငါးပါနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း  ၊ ဝိဇ္ဇာစရဏသမ္ပန္နော- ဝိဇ္ဇာစရဏသမ္ပန္န- မည်တော်မူ ပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး၊ ဝိဇ္ဇာစရဏသမ္ပန္နော- ဝိဇ္ဇာသုံးပါး ဝဇ္ဇာရှစ်ပါး စရဏတရား တစ်ဆယ့်ငါးပါနှင့် ပြည့်စုံတော်မူ ပါပေ၏။
ဝိဇ္ဇာစရဏသမ္ပန္နံ - ဝိဇ္ဇာသုံးပါး ဝဇ္ဇာရှစ်ပါး စရဏတရား တစ်ဆယ့်ငါးပါနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ၊သရဏံ - ကိုးကွယ်ရာ အားထားရာဟူ၍ ၊ ဂစ္ဆာမိ-ဆည်းကပ်ပူဇော်ပါ၏။
ဝိဇ္ဇာစရဏသမ္ပန္နံ - ဝိဇ္ဇာသုံးပါး ဝဇ္ဇာရှစ်ပါး စရဏတရား တစ်ဆယ့်ငါးပါနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
တတိယော- သုံးခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ဝိဇ္ဇာသုံးပါး ဝဇ္ဇာရှစ်ပါး စရဏတရား တစ်ဆယ့်ငါးပါနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း  ၊ ဝိဇ္ဇာစရဏသမ္ပန္နော- ဝိဇ္ဇာစရဏသမ္ပန္န- မည်တော်မူ ပါပေ၏။
(၄) သော ဘဂဝါ ဣတိပိ သုဂတော ၊
သုဂတော ဝတ သော ဘဂဝါ၊ 
သုဂတံ သရဏံ ဂစ္ဆာမိ ၊
သုဂတံ သိရသာ နမာမိ၊
စတုတ္ထော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ သုဂတော။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ နိဗ္ဗာန်သို့ ကြွသွားတော်မူတက်သော အကြောင်းကြောင့်လည်း ၊ အရဟံ အရဟမည်တော်မူပါပေ၏။ (ဝါ-တနည်း)ဤသို့ ကောင်းသော စကားကို ဆိုတော်မူတက်သော အကြောင်းကြောင်းလည်း၊ သုဂတော- သုဂတ မည်တော်မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲ ၊ သုဂတော- နိဗ္ဗာန်သို့ ကြွသွားတော်မူတက်သော အကြောင်းကြောင့်လည်း (ဝါ-တနည်း) ကောင်းသော စကားကို ဆိုတော် မူတက်သော အကြောင်းကြောင်းလည်း၊ သုဂတော- သုဂတ မည်တော်မူပါပေ၏။
သုဂတံ- နိဗ္ဗာန်သို့ သွားတော်မူတက်သော (တနည်း) ကောင်းသောစကားကို ဆိုတော်မူတက်သော မြတ်စွာ ဘုရားကို ၊ သရဏံ - ကိုးကွယ် အားထားရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ်ပူဇော်ပါ၏ ။
သုဂတံ- နိဗ္ဗာန်သို့ သွားတော်မူတက်သော (တနည်း) ကောင်းသောစကားကို ဆိုတော်မူတက်သော မြတ်စွာ ဘုရားကို ၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
စတုတ္ထော- လေးခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ နိဗ္ဗာန်သို့ ကြွသွားတော်မူတက်သော အကြောင်းကြောင့်လည်း၊ (ဝါ-တနည်း) ဤသို့ ကောင်းသော စကားကို ဆိုတော်မူတက်သော အကြောင်းကြောင်းလည်း၊ သုဂတော- သုဂတ မည်တော်မူပါပေ၏။

(၅) သော ဘဂဝါ ဣတိပိ လောကဝိဒူ ၊
လောကဝိဒူ ဝတ သော ဘဂဝါ၊ 
လောကဝိဒုံ သရဏံ ဂစ္ဆာမိ ၊
လောကဝိဒုံ သိရသာ နမာမိ၊
ပဉ္စမော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ လောကဝိဒုံ
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ကာမလောက ရူပလောက အရူပလောက တည်းဟူသော လောကသုံးပါးကို သိတော်မူတက်သော အကြောင်းကြောင့်လည်း ၊ (ဝါ-တနည်း) သတ္တလောက သင်္ခါရလောက သြကာသလောက ဟုဆိုအပ်သော လောကသုံးပါးကို သိတော် မူတက်သော အကြောင်းကြောင့်လည်း၊  လောကဝိဒူ- လောကဝိဒူ မည်တော်မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး ၊ လောကဝိဒူ- ကာမလောက ရူပလောက အရူပလောက တည်းဟူသော လောကသုံးပါးကို သိတော်မူတက်သော အကြောင်း ကြောင့်လည်း ၊ (ဝါ-တနည်း) သတ္တလောက သင်္ခါရလောက သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတက်ပါပေ၏။
လောကဝိဒုံ - ကာမလောက ရူပလောက အရူပလောက တည်းဟူသော လောကသုံးပါးကို သိတော်မူတက်သော အကြောင်းကြောင့်လည်း ၊ (ဝါ-တနည်း) သတ္တလောက သင်္ခါရလောက သြကာသလောက ဟုဆိုအပ်သော လောကသုံးပါးကို သိတော် မူတက်သော မြတ်စွာဘုရားကို သရဏံ - ကိုးကွယ် အားထားရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ်ပူဇော်ပါ၏ ။
လောကဝိဒုံ - ကာမလောက ရူပလောက အရူပလောက တည်းဟူသော လောကသုံးပါးကို သိတော်မူတက်သော အကြောင်းကြောင့်လည်း ၊ (ဝါ-တနည်း) သတ္တလောက သင်္ခါရလောက သြကာသလောက ဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတက်သော မြတ်စွာဘုရားကို ၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
ပဉ္စမော- ငါးခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။

(၆) သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသဒမ္မ သာရထိ ၊
အနုတ္တရော ပုရိသ ဒမ္မသာရထိ ဝတ သော ဘဂဝါ၊ 
အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ ၊
အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သိရသာ နမာမိ၊
ဆဋ္ဌမော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသဒမ္မ သာရထိ ။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ဆုံးမတော်မူသောအရာ၌ အတုမရှိတော်မူသော အကြောင်းကြောင့်လည်း ၊ အနုတ္တရော ပုရိသဒမ္မ သာရထိ - အနုတ္တရော ပုရိသဒမ္မ သာရထိ မည်တော် မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး ၊ အနုတ္တရော ပုရိသဒမ္မ သာရထိ -ဆုံးမတော်မူသောအရာ၌ အတုမရှိမြတ်တော်မူပါပေ၏။
အနုတ္တရော ပုရိသဒမ္မ သာရထိံ- ဆုံးမတော်မူသောအရာ၌ အတုမရှိမြတ်တော်မူသော မြတ်စွာဘုရား ကို၊ သရဏံ - ကိုးကွယ် အားထားရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ်ပူဇော်ပါ၏ ။
အနုတ္တရော ပုရိသဒမ္မ သာရထိံ- ဆုံးမတော်မူသောအရာ၌ အတုမရှိမြတ်တော်မူသော မြတ်စွာဘုရား ကို ၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
ဆဋ္ဌမော- ခြောက်ခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။

(၇) သော ဘဂဝါ ဣတိပိ သတ္ထာဒေဝ မနုဿာနံ ၊
သတ္ထာဒေဝ မနုဿာနံ ဝတ သော ဘဂဝါ၊ 
သတ္ထာရံ ဒေဝ မနုဿာနံ သရဏံ ဂစ္ဆာမိ ၊
သတ္ထာရံ ဒေဝ မနုဿာနံ သိရသာ နမာမိ၊
သတ္တမော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ သတ္ထာဒေဝ မနုဿာနံ ။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ နတ်လူဗြဟ္မာသတ္တဝါတို့၏ ဆရာဖြစ် တော်မူသော  အကြောင်းကြောင့်လည်း၊  သတ္ထာဒေဝ မနုဿာနံ- သတ္ထာ ဒေဝမနုဿာန  မည်တော် မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး ၊ သတ္ထာဒေဝ မနုဿာနံ- နတ်လူဗြဟ္မာသတ္တဝါတို့၏ ဆရာဖြစ်တော်မူပါပေ၏။
သတ္ထာဒေဝ မနုဿာနံ- နတ်လူဗြဟ္မာသတ္တဝါတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားကို၊ သရဏံ - ကိုးကွယ် အားထားပုန်းအောင်းမှီခိုရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ်ပူဇော်ပါ၏ ။
သတ္ထာဒေဝ မနုဿာနံ- နတ်လူဗြဟ္မာသတ္တဝါတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားကို၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
သတ္တမော- ခုနှစ်ခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။

(၈) သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ ၊
ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ 
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊
ဗုဒ္ဓံ သိရသာ နမာမိ၊
အဋ္ဌမော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ ။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ သစ္စာလေးပါးမြတ်တရားကို မိမိကိုယ်တော် တိုင်လည်းသိ သတ္တဝါတို့အားလည်းသိစေတော်မူတက်သောအကြောင်းကြောင့်လည်း ၊ ဗုဒ္ဓေါ-ဗုဒ္ဓ  မည်တော် မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး ၊ ဗုဒ္ဓေါ- သစ္စာလေးပါးမြတ် တရားကို မိမိကိုယ်တော်တိုင်လည်းသိ သတ္တဝါတို့အားလည်းသိစေတော်မူတက်ပါပေ၏။
ဗုဒ္ဓံ- သစ္စာလေးပါးမြတ် တရားကို မိမိကိုယ်တော်တိုင်လည်းသိ သတ္တဝါတို့အားလည်း သိစေတော် မူတက်မြတ်စွာဘုရားကို၊ သရဏံ - ကိုးကွယ် အားထားပုန်းအောင်းမှီခိုရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ် ပူဇော်ပါ၏ ။
ဗုဒ္ဓံ- သစ္စာလေးပါးမြတ် တရားကို မိမိကိုယ်တော်တိုင်လည်းသိ သတ္တဝါတို့အားလည်း သိစေတော် မူတက်မြတ်စွာဘုရားကို၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
အဋ္ဌမော- ခုနှစ်ခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။

(၉) သော ဘဂဝါ ဣတိပိ ဘဂဝါ ၊
ဘဂဝါ ဝတ သော ဘဂဝါ၊ 
ဘဂဝန္တံ သရဏံ ဂစ္ဆာမိ ၊
ဘဂဝန္တံ သိရသာ နမာမိ၊
နဝမော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ ဘဂဝါ ။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ဘုန်းတော်အနန္တ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူတက်သောအကြောင်းကြောင့်လည်း ၊ ဘဂဝါ-ဘဂဝ  မည်တော် မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး ၊ ဘဂဝါ- ဘုန်းတော်အနန္တ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူပါပေ၏။
ဘဂဝန္တံ- ဘုန်းတော်အနန္တ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ သရဏံ - ကိုးကွယ် အားထားပုန်းအောင်းမှီခိုရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ် ပူဇော်ပါ၏ ။
ဘဂဝန္တံ- ဘုန်းတော်အနန္တ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
နဝမော- ခုနှစ်ခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။

(၁၀) သော ဘဂဝါ ဣတိပိ လောကဝိဒူ ၊
လောကဝိဒူ ဝတ သော ဘဂဝါ၊ 
လောကဝိဒုံ သရဏံ ဂစ္ဆာမိ ၊
လောကဝိဒုံ သိရသာ နမာမိ၊
ပဉ္စမော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ လောကဝိဒုံ
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ကာမလောက ရူပလောက အရူပလောက တည်းဟူသော လောကသုံးပါးကို သိတော်မူတက်သော အကြောင်းကြောင့်လည်း ၊ (ဝါ-တနည်း) သတ္တလောက သင်္ခါရလောက သြကာသလောက ဟုဆိုအပ်သော လောကသုံးပါးကို သိတော် မူတက်သော အကြောင်းကြောင့်လည်း၊  လောကဝိဒူ- လောကဝိဒူ မည်တော်မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး ၊ လောကဝိဒူ- ကာမလောက ရူပလောက အရူပလောက တည်းဟူသော လောကသုံးပါးကို သိတော်မူတက်သော အကြောင်း ကြောင့်လည်း ၊ (ဝါ-တနည်း) သတ္တလောက သင်္ခါရလောက သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတက်ပါပေ၏။
လောကဝိဒုံ - ကာမလောက ရူပလောက အရူပလောက တည်းဟူသော လောကသုံးပါးကို သိတော်မူတက်သော အကြောင်းကြောင့်လည်း ၊ (ဝါ-တနည်း) သတ္တလောက သင်္ခါရလောက သြကာသလောက ဟုဆိုအပ်သော လောကသုံးပါးကို သိတော် မူတက်သော မြတ်စွာဘုရားကို သရဏံ - ကိုးကွယ် အားထားရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ်ပူဇော်ပါ၏ ။
လောကဝိဒုံ - ကာမလောက ရူပလောက အရူပလောက တည်းဟူသော လောကသုံးပါးကို သိတော်မူတက်သော အကြောင်းကြောင့်လည်း ၊ (ဝါ-တနည်း) သတ္တလောက သင်္ခါရလောက သြကာသလောက ဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတက်သော မြတ်စွာဘုရားကို ၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
ပဉ္စမော- ငါးခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ကာမလောက ရူပလောက အရူပလောက တည်းဟူသော လောကသုံးပါးကို သိတော်မူတက်သော အကြောင်းကြောင့်လည်း ၊ (ဝါ-တနည်း) သတ္တလောက သင်္ခါရလောက သြကာသလောက ဟုဆိုအပ်သော လောကသုံးပါးကို သိတော် မူတက်သော အကြောင်းကြောင့်လည်း၊  လောကဝိဒူ- လောကဝိဒူ မည်တော်မူပါပေ၏။
(၁၁) သော ဘဂဝါ ဣတိပိ သုဂတော ၊
သုဂတော ဝတ သော ဘဂဝါ၊ 
သုဂတံ သရဏံ ဂစ္ဆာမိ ၊
သုဂတံ သိရသာ နမာမိ၊
စတုတ္ထော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ သုဂတော။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ နိဗ္ဗာန်သို့ ကြွသွားတော်မူတက်သော အကြောင်းကြောင့်လည်း ၊ အရဟံ အရဟမည်တော်မူပါပေ၏။ (ဝါ-တနည်း)ဤသို့ ကောင်းသော စကားကို ဆိုတော်မူတက်သော အကြောင်းကြောင်းလည်း၊ သုဂတော- သုဂတ မည်တော်မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲ ၊ သုဂတော- နိဗ္ဗာန်သို့ ကြွသွားတော်မူတက်သော အကြောင်းကြောင့်လည်း (ဝါ-တနည်း) ကောင်းသော စကားကို ဆိုတော် မူတက်သော အကြောင်းကြောင်းလည်း၊ သုဂတော- သုဂတ မည်တော်မူပါပေ၏။
သုဂတံ- နိဗ္ဗာန်သို့ သွားတော်မူတက်သော (တနည်း) ကောင်းသောစကားကို ဆိုတော်မူတက်သော မြတ်စွာ ဘုရားကို ၊ သရဏံ - ကိုးကွယ် အားထားရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ်ပူဇော်ပါ၏ ။
သုဂတံ- နိဗ္ဗာန်သို့ သွားတော်မူတက်သော (တနည်း) ကောင်းသောစကားကို ဆိုတော်မူတက်သော မြတ်စွာ ဘုရားကို ၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
စတုတ္ထော- လေးခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ နိဗ္ဗာန်သို့ ကြွသွားတော်မူတက်သော အကြောင်းကြောင့်လည်း၊ (ဝါ-တနည်း) ဤသို့ ကောင်းသော စကားကို ဆိုတော်မူတက်သော အကြောင်းကြောင်းလည်း၊ သုဂတော- သုဂတ မည်တော်မူပါပေ၏။
(၁၂) သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသဒမ္မ သာရထိ ၊
အနုတ္တရော ပုရိသ ဒမ္မသာရထိ ဝတ သော ဘဂဝါ၊ 
အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ ၊
အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သိရသာ နမာမိ၊
ဆဋ္ဌမော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသဒမ္မ သာရထိ ။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ဆုံးမတော်မူသောအရာ၌ အတုမရှိတော်မူသော အကြောင်းကြောင့်လည်း ၊ အနုတ္တရော ပုရိသဒမ္မ သာရထိ - အနုတ္တရော ပုရိသဒမ္မ သာရထိ မည်တော် မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး ၊ အနုတ္တရော ပုရိသဒမ္မ သာရထိ -ဆုံးမတော်မူသောအရာ၌ အတုမရှိမြတ်တော်မူပါပေ၏။
အနုတ္တရော ပုရိသဒမ္မ သာရထိံ- ဆုံးမတော်မူသောအရာ၌ အတုမရှိမြတ်တော်မူသော မြတ်စွာဘုရား ကို၊ သရဏံ - ကိုးကွယ် အားထားရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ်ပူဇော်ပါ၏ ။
အနုတ္တရော ပုရိသဒမ္မ သာရထိံ- ဆုံးမတော်မူသောအရာ၌ အတုမရှိမြတ်တော်မူသော မြတ်စွာဘုရား ကို ၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
ဆဋ္ဌမော- ခြောက်ခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ဆုံးမတော်မူသောအရာ၌ အတုမရှိတော်မူသော အကြောင်းကြောင့်လည်း ၊ အနုတ္တရော ပုရိသဒမ္မ သာရထိ - အနုတ္တရော ပုရိသဒမ္မ သာရထိ မည်တော် မူပါပေ၏။
(၁၃) သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော၊
ဝိဇ္ဇာစရဏသမ္ပန္နော ဝတ သော ဘဂဝါ၊ 
ဝိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ ၊
ဝိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ၊
တတိယော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ဝိဇ္ဇာသုံးပါး ဝိဇ္ဇာရှစ်ပါး စရဏတရား တစ်ဆယ့်ငါးပါနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း  ၊ ဝိဇ္ဇာစရဏသမ္ပန္နော- ဝိဇ္ဇာစရဏသမ္ပန္န- မည်တော်မူ ပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး၊ ဝိဇ္ဇာစရဏသမ္ပန္နော- ဝိဇ္ဇာသုံးပါး ဝဇ္ဇာရှစ်ပါး စရဏတရား တစ်ဆယ့်ငါးပါနှင့် ပြည့်စုံတော်မူ ပါပေ၏။
ဝိဇ္ဇာစရဏသမ္ပန္နံ - ဝိဇ္ဇာသုံးပါး ဝဇ္ဇာရှစ်ပါး စရဏတရား တစ်ဆယ့်ငါးပါနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ၊သရဏံ - ကိုးကွယ်ရာ အားထားရာဟူ၍ ၊ ဂစ္ဆာမိ-ဆည်းကပ်ပူဇော်ပါ၏။
ဝိဇ္ဇာစရဏသမ္ပန္နံ - ဝိဇ္ဇာသုံးပါး ဝဇ္ဇာရှစ်ပါး စရဏတရား တစ်ဆယ့်ငါးပါနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
တတိယော- သုံးခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ဝိဇ္ဇာသုံးပါး ဝဇ္ဇာရှစ်ပါး စရဏတရား တစ်ဆယ့်ငါးပါနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း  ၊ ဝိဇ္ဇာစရဏသမ္ပန္နော- ဝိဇ္ဇာစရဏသမ္ပန္န- မည်တော်မူ ပါပေ၏။

(၁၄) သော ဘဂဝါ ဣတိပိ သတ္ထာဒေဝ မနုဿာနံ ၊
သတ္ထာဒေဝ မနုဿာနံ ဝတ သော ဘဂဝါ၊ 
သတ္ထာရံ ဒေဝ မနုဿာနံ သရဏံ ဂစ္ဆာမိ ၊
သတ္ထာရံ ဒေဝ မနုဿာနံ သိရသာ နမာမိ၊
သတ္တမော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ သတ္ထာဒေဝ မနုဿာနံ ။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ နတ်လူဗြဟ္မာသတ္တဝါတို့၏ ဆရာဖြစ် တော်မူသော  အကြောင်းကြောင့်လည်း၊  သတ္ထာဒေဝ မနုဿာနံ- သတ္ထာ ဒေဝမနုဿာန  မည်တော် မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး ၊ သတ္ထာဒေဝ မနုဿာနံ- နတ်လူဗြဟ္မာသတ္တဝါတို့၏ ဆရာဖြစ်တော်မူပါပေ၏။
သတ္ထာဒေဝ မနုဿာနံ- နတ်လူဗြဟ္မာသတ္တဝါတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားကို၊ သရဏံ - ကိုးကွယ် အားထားပုန်းအောင်းမှီခိုရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ်ပူဇော်ပါ၏ ။
သတ္ထာဒေဝ မနုဿာနံ- နတ်လူဗြဟ္မာသတ္တဝါတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားကို၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
သတ္တမော- ခုနှစ်ခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။

(၁၅) သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊
သမ္မာသမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ 
သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊
သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ၊
ဒုတိယော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော အကြောင်းကြောင့်လည်း  ၊ သမ္မာသမ္ဗုဒ္ဓေါ - သမ္မာသမ္ဗုဒ္ဓ မည်တော်မူ ပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး၊ သမ္မာသမ္ဗုဒ္ဓေါ- တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်း၍သိမြင်တော်မူပါပေ၏။
သမ္မာသမ္ဗုဒ္ဓံ-တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော မြတ်စွာ ဘုရားကို ၊ သရဏံ - ကိုးကွယ်ရာ အားထားရာဟူ၍ ၊ ဂစ္ဆာမိ-ဆည်းကပ်ပူဇော်ပါ၏။
သမ္မာသမ္ဗုဒ္ဓံ-တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော မြတ်စွာ ဘုရားကို ၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
ဒုတိယော- နှစ်ခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော အကြောင်းကြောင့်လည်း  ၊ သမ္မာသမ္ဗုဒ္ဓေါ - သမ္မာသမ္ဗုဒ္ဓ မည်တော်မူ ပါပေ၏။

(၁၆) သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ ၊
ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ 
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊
ဗုဒ္ဓံ သိရသာ နမာမိ၊
အဋ္ဌမော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ ။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ သစ္စာလေးပါးမြတ်တရားကို မိမိကိုယ်တော် တိုင်လည်းသိ သတ္တဝါတို့အားလည်းသိစေတော်မူတက်သောအကြောင်းကြောင့်လည်း ၊ ဗုဒ္ဓေါ-ဗုဒ္ဓ  မည်တော် မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး ၊ ဗုဒ္ဓေါ- သစ္စာလေးပါးမြတ် တရားကို မိမိကိုယ်တော်တိုင်လည်းသိ သတ္တဝါတို့အားလည်းသိစေတော်မူတက်ပါပေ၏။
ဗုဒ္ဓံ- သစ္စာလေးပါးမြတ် တရားကို မိမိကိုယ်တော်တိုင်လည်းသိ သတ္တဝါတို့အားလည်း သိစေတော် မူတက်မြတ်စွာဘုရားကို၊ သရဏံ - ကိုးကွယ် အားထားပုန်းအောင်းမှီခိုရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ် ပူဇော်ပါ၏ ။
ဗုဒ္ဓံ- သစ္စာလေးပါးမြတ် တရားကို မိမိကိုယ်တော်တိုင်လည်းသိ သတ္တဝါတို့အားလည်း သိစေတော် မူတက်မြတ်စွာဘုရားကို၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
အဋ္ဌမော- ခုနှစ်ခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ သစ္စာလေးပါးမြတ်တရားကို မိမိကိုယ်တော် တိုင်လည်းသိ သတ္တဝါတို့အားလည်းသိစေတော်မူတက်သောအကြောင်းကြောင့်လည်း ၊ ဗုဒ္ဓေါ-ဗုဒ္ဓ  မည်တော် မူပါပေ၏။

(၁၇) သော ဘဂဝါ ဣတိပိ အရဟံ ၊
အရဟံ ဝတ သော ဘဂဝါ၊ 
အရဟန္တံ သရဏံ ဂစ္ဆာမိ ၊
အရဟန္တံ သိရသာ နမာမိ၊
ပထမော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ အရဟံ။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ လူနတ်ဗြဟ္မာ သတ္တဝါ အပေါင်းတို့၏ ပူဇော် အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း ၊ အရဟံ အရဟမည်တော်မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး ၊ အရဟံ -လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့ ၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေ၏။
အရဟန္တံ - လူ နတ် ဗြဟ္မာ သတ္တဝါ အပေါင်းတို့၏ ၊ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာ ဘုရားကို သရဏံ - ကိုးကွယ် လည်းလျောင်း ပုံးအောင်းမှီခို အားထားရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ် ပူဇော်ပါ၏ ။
အရဟန္တံ- လူ နတ် ဗြဟ္မာ သတ္တဝါ အပေါင်းတို့၏ ၊ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာ ဘုရားကို ၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
ပထမော- ရှေးဦးစွာသော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ လူနတ်ဗြဟ္မာ သတ္တဝါ အပေါင်းတို့၏ ပူဇော် အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း ၊ အရဟံ -အရဟမည်တော်မူပါပေ၏။

(၁၈) သော ဘဂဝါ ဣတိပိ ဘဂဝါ ၊
ဘဂဝါ ဝတ သော ဘဂဝါ၊ 
ဘဂဝန္တံ သရဏံ ဂစ္ဆာမိ ၊
ဘဂဝန္တံ သိရသာ နမာမိ၊
နဝမော ဝဇီရပါကာရော ၊
သော ဘဂဝါ ဣတိပိ ဘဂဝါ ။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ဘုန်းတော်အနန္တ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူတက်သောအကြောင်းကြောင့်လည်း ၊ ဘဂဝါ-ဘဂဝ  မည်တော် မူပါပေ၏။
သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဝတ-စင်စစ် ဧကန်အမှန်မလွဲး ၊ ဘဂဝါ- ဘုန်းတော်အနန္တ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူပါပေ၏။
ဘဂဝန္တံ- ဘုန်းတော်အနန္တ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ သရဏံ - ကိုးကွယ် အားထားပုန်းအောင်းမှီခိုရာဟူ၍ ၊ ဂစ္ဆာမိ -ဆည်းကပ် ပူဇော်ပါ၏ ။
ဘဂဝန္တံ- ဘုန်းတော်အနန္တ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ-ရှိခိုးကန်တော့ပါ၏။
နဝမော- ခုနှစ်ခုမြောက်သော ၊ ဝဇိရပါကာရော- အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြု ခြင်းပါပေတည်း။
သောဘဂဝါ-ထို မြတ်စွာဘုရားသည်၊ ဣတိပိ- ဤသို့ ဘုန်းတော်အနန္တ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူတက်သောအကြောင်းကြောင့်လည်း ၊ ဘဂဝါ-ဘဂဝ  မည်တော် မူပါပေ၏။

No comments:

Related Posts Plugin for WordPress, Blogger...