Saturday 25 January 2020

ဇီဝိတဒါန

ဇီဝိတဒါန
      
သူရော ကိုယ်ပါ တကယ် ဒီဗိုင်းရပ်စ် သာ တကယ်ဖြစ်နေပြီ ဆိုပါက အထူးသဖြင့်တော့ ဗမာပြည်အတွက် ရတက်မအေးစရာပါ ခေတ်အဆက်ဆက် အဘ ခေတ်ကစ၍ အခု အမေ့ခေတ် အထိ ကျနုပ်တို့ နေ့စဉ် စား သုံးနေသော အသီးအမျိုးမျိုး အရွက်အမျိုးမျိုး မှအစထား၍ ငါးပုဇွန်အား လုံးတို့ဟာ ဓါတုဆေးဝါးများဖြင့်မကင်းပေ အွန်လိုင်းစာမျက်နှာပေါ်မှာလည်း မြင်နေကြပါ။
အလွန်မတန် “ယုတ်မာကောက်ကျစ်တဲ့ တရုတ်” နဲ့ “ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုတဲ့ လောကဇောတိုက် အကုသိုလ်ကြိုက်ကြသော ဗမာကုန်သည်စီးပွားရေးသမားတွေကြောင့် တရုတ်နှင့် ယိုးဒယားမှ ဝင်လာသော စားသောက်ကုန်များဟာ ဖေါ်လမင် အစရှိသော ဓါတုအဆိပ်များကြောင့် ဆင်းရဲသားပြည်သူနှင့်လူလတ်တမ်းစားပြည်သူလူထုတို့ဟာ နေ့စဉ် သုံးစွဲနေရတာပါ။
သို့သော်လည်းပဲ ဗဟုသုတနည်းပါးခြင်းနဲ့ဆင်းရဲခြင်းဆိုတဲ့ အကြောင်းတရားတွေကြောင့် မြန်မာပြည် ရဲ့ ထိုလူတန်းစားနှစ်ရပ်ဟာ အရွယ်မတိုင်မီ သေခြင်းနှင့် ကင်ဆာကဲ့သို့သော် ရောဂါတို့ကပ်ရောက် နေကြပါပြီ။
ဒါ့ကြောင့် တာဝန်မယူသေးတဲ့အစိုးရတွေ ရှိနေသရွေ့ ဗမာပြည်မှာ လူနေထူထပ်တဲ့မြို့ကြီးများမှ ယင်း ရောဂါဆိုးကို အထူးသတိထားရန်လိုပါတယ်။ စာပေနယ်မှာတော့ (၁) ရောဂန္တရကပ် (၂)သတ္ထန္တရကပ် (၃) ဒုဗ္ဘိကန္တရကပ်ဆိုပြီး ကပ်သုံးပါးရှိတယ်ဟုဆိုပါတယ်။ ဒီကပ်သုံးပါစလုံးဟာလည်း ယနေ့ကမ္ဘာမှာ အသာထား မြန်မာပြည်မှာတင်ဖြစ်နေတာပါ။
ကပ်သုံးပါးစလုံးဟာ တစ်ခုစီ ကန့်ကွက်ပိုင်းခြားထားတာမျိုးမဟုတ်ပါဘူး တစ်ကပ်ဖြစ်ရင် အခြားနှစ်ကပ်က အလိုလို ကပ်ပါလာတာမျိုးပါ။ ဗဟုသုတလိုလားသူများ ကျန်ုပ်ရေးသားသော http://doegyi.blogspot.com/2020/01/2pdf-567-kb.html တွင် လယ်တီဆရာတော်ဘုရားကြီးရေး သားသော ရောဂန္ဓဒီပနီကျမ်းကို ဒေါင်းယူဖတ်ရှု့နိုင်ပါတယ်။ ဒါဆိုရင် ကပ်သုံးပါးနဲ့ ဆက်စပ်ပြီး ဘယ်လိုရှောင်ကွင်းနိုင်မည့်နည်းလမ်း ကောင်းတစ်ခုကိုမလွဲမသွေရမှာသေချာပါတယ်။
http://doegyi.blogspot.com/
ဒိုးကြီး(ဝိဘဇ္ဇ)20.1.2020

No comments:

Related Posts Plugin for WordPress, Blogger...