Tuesday 10 May 2016

အမှာစာ (သို့) ယဉ်ကျေးမှုကာဗွန်သက်တမ်း


မှတ်ချက်။ ဤဆောင်းပါးသည် ယဉ်ကျေးမှုသေတမ်းစာအမည်
ရှိစာအုပ်၏ အမှာစာကို ကူးယူဖေါ်ပြထားခြင်းဖြစ်သည်။
လေးစားစွာဖြင့်
ဒိုးကြီး
နည်းပညာတွေ မြင့်မားလာတာနဲ့အမျှ လူသားဆိုင်ရာအသိ
ဉာဏ်ကာရကများဟာလည်း တိုးတက်လာရမှဖြစ်ပါတယ်။
ကမ္ဘာယဉ်ကျေးမှုခေါ်လူသားတို့စတင်ဖြစ်တည်မှုကာလယန္တရား
ကို  Scientific ဖြင့် carbon သက်တမ်းကို သေချာစွာတွက်ချက်
မှတ်တမ်းယူနိုင်ကြပြီဖြစ်ပါသည်။
ထိုနည်းပညာ၏ ကျေးဇူးကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်
တွင် ယဉ်ကျေးမှုအထွန်းကားဆုံးသောနိုင်ငံအဖြစ် သက်သေထူ
နိုင်ခဲ့ပါပြီ။ မြန်မာနိုင်ငံသည် ကိုးကွယ်သောအဓိကဘာသာသည်
ဗုဒ္ဓဘာသာဖြစ်ကြောင်း carbon သက်တမ်းက သက်သေခံနိုင်
ခဲ့သည်မှာ စာရေးအတွက် မျက်ရည်ကျလောက်အောင် ပီတိဖြစ်
ခဲ့ရပါသည်။
မြန်မာနိုင်ငံ၌ တွင်းထွက်သံယံဇာတပေါများသည်ကို စာရေးသူ
မမက်မောခဲ့ပေ။ ယင်းသယံဇာတထက် ယဉ်ကျေးမှုသယံဇာတ
ပေါ်များခဲ့ဖူးသည်ကား ပို၍နှစ်လိုအားကျဖွယ်ရာဖြစ်ပါသည်။
ဒါကို ယနေ့ခေတ်လူငယ်တွေ သတိထားမိစေချင်ပါသည်။
တွင်းထွက်သံယံဇာတသည် တရုတ်နှင့်အာဏာရှင်ခရိုနီတို့ပူး
ပေါင်းကာ သင်းကွပ်ခံလိုက်ရသော်လည်း ယဉ်ကျေးမှုသယံဇာ
တများသည်ကား အချို့အဝက်ကျန်ရှိနေပါသေးသည်။
ဤသို့ဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် နိုင်ငံတွင်းနေလူသားတို့၏
ယဉ်ကျေးမှုစရိုက်လက္ခဏာများ သိသိသာသာပြောင်းလည်းတိုး
တက်လာခဲ့ပါသော်လည်း “အာဏာရှင်”များကြီးစိုးမင်းမူသော
နိုင်ငံနှင့် “အစွန်းရောက်ဘာသာရေးမူဝါဒ” များလွှမ်းမိုးသောနိုင်
ငံတို့တွင်မူ လူသားယဉ်ကျေးမှုသည် အထင်အရှားဆုပ်ယုတ်
ပျက်ပြားလာခဲ့သည်။
ထို့ကြောင့် စာရေးသူသည် ယဉ်ကျေးမှုသေတမ်းစာ စာအုပ်
လေးအား ပြုစုရေးသားလိုက်ရခြင်းဖြစ်ပါသည်။
သိပ္ပံပညာရှင်အသီးသီးတို့က နည်းပညာစနစ်မျိုးခွဲပေါင်းများစွာ
ဖြင့် လူသားယဉ်ကျေးမှုကို ဂဟေဆက်ပေးသည်။ အာဏာရှင်
နှင့် အစွန်းရောက်ဘာသာရေးဂိုဏ်းသားများက လူသားယဉ်
ကျေးမှုကို သင်းကွပ်ခဲ့သည်။ သာဓကသက်သေပြယုဂ်မှာမူ
မြန်မာနိုင်ငံအဝှမ်းရှိ ရှေးဟောင်းသာသနိကအဆောက်အဦများ
ဖျက်ဆီးခံလိုက်ရခြင်းပင်ဖြစ်သည်။
ယင်း၏ဆိုးကျိုးရလဒ်က မြန်မာနိုင်ငံနှင့်မြန်မာလူမျိုးအများစုကိုး
ကွယ်ယုံကြည်သော ဗုဒ္ဓဝါဒသည် မှေးမှိန်စေခဲသည်။ 2013ခုနှစ်
လောက်က လက်ပံတောင်းတောင်တွင် “လယ်တီသိမ်စေတီ”ဆို
တာရှိခဲ့သည်။ ယခုတော့မရှိတော့ပေ။ လယ်တီသိမ်စေတီဟူ
သည် သေးသည်ကြီးသည် ပဓာနမကျ နှစ်ထမ်းကြာရှည်မှုသက်
သေအဖြစ် ဗုဒ္ဓဝါဒ၏ သမိုင်းမှတ်တိုင်တစ်ခုပင်ဖြစ်ပါသည်။ယင်း
ကို အာဏာရူးများ ခရိုနီများ သတိမမူခဲ့ကြပေ။ လောကဇော
တိုက် ဒေါ်လာနောက်လိုက်ကာ လယ်တီယဉ်ကျေးမှုသမိုင်းမှတ်
တိုင်ကို bulldozer (မြေထိုးစက်)ကြီးဖြင့် ဖျက်ဆီးလိုက်ကြသော
ကြောင့် 30.4.2014 ရက်နေ့တွင် လူသားတို့ အပူဇော်ခံရသော
ဓာတု၊ဓမ္မ၊ပရိဘောဂ၊ဥဒိဿ၊စေတီဘဝမှ လူသားတို့အနင်းခံ
မြေမှုန်ဘဝသို့ လားရောက်ရရှာလေသည်။
ထို့ကြောင့် ကမ္ဘာကြီးနိုင်ငံအသီးသီးရှိ ဗာဟုသိပ္ပဉ္စမင်္ဂလာရှိသော
ပညာရှင်အသီးသီးတို့သည်အာဏာရှင်စနစ်ဆိုးနှင့်အစွန်းရောက်
ဘာသာရေးအယူဝါဒဆိုးကို စက်ဆုပ်ရွံရှာတော်မူကြခြင်းဖြစ်ပါ
သည်။
ယဉ်ကျေးမှုဟူသည် ကမ္ဘာ၏သက်တမ်းပင်ဖြစ်သည်။ယင်းယဉ်
ကျေးမှုတို့ကို သင်းကွပ်ခံရပါက ယင်းယဉ်ကျေးမှုနှင်စပ်ယှဉ်
သော ဘာသာတရားသည်လည်း သေဆုံးခြင်းသို့ဆိုက်
ရောက်ရလေသည်။
စာရေးသူသည် သေးဆုံးသွားခဲ့သော ပုဂံယဉ်ကျေးမှုကို လက်
လှမ်းမိသလောက်မှတ်သားစုစည်း၍ ယဉ်ကျေးမှုသေတမ်းစာ
များ စာအုပ်လေးကို မိမိဘဝ၏ သေတမ်းစာအဖြစ် ရေးသား
လိုက်ရခြင်းဖြစ်ပါသည်။
ဒိုးကြီး


No comments:

Related Posts Plugin for WordPress, Blogger...