Thursday 19 May 2016

ကျမ်းစာအုပ်ထဲက . . .ချိုးငှက်


ချိုးငှက် သားပေါက်လေးဟာ ကျွန်တော်လက်ချောင်း
လေးတွေကို သူခြေထောက်သေးသေးသွယ်သွယ်လေး
တွေနဲ့ ဆုတ်ကိုင်ထားပါတယ်။
ကျွန်တော်ဟာ သူ့ဘဝအတွက် ရန်သူမဟုတ်ဘူးဆိုတာကို
သူ သေချာပေါက်သိနေတယ်။ ဟုတ်တယ်လေ ။ ကျွန်တော်
သူကို လှောင်အိမ်ထဲထည့်ပြီး မွေးဖို့ ရည်ရွယ်ချက်လုံးဝမရှိ
ပါဘူး။ သူ့ကိုယ်လည်းကျွန်တော် တမင်ထောင်ခြောက်ဆင်
ဖမ်းခဲ့တာလည်းမဟုတ်သလို ။ ငှက်ခပ်မုဆိုးတို့ကလည်း
သူ့ကို ဖမ်းဆည်းရောင်းချခဲ့တာမျိုးမဟုတ်ပါဘူး။
ဒီလိုပါ။
19.5.2016 နံက်နက်ခင်း ပုစွန်တောင်ဘက်ကိုထုံးစံအတိုင်း
ကျွန်တော် စက်ဘီးထွက်စီးပါတယ်။ ပုစွန်တောင်ဈေး မြောင်း
ကြီးနားက အမှိုက်တွေနဲ့ရှုတ်နေတယ်လေ။ ကျွန်တော်ကလည်း
အဲဒီနေရာလေးကို စက်ဘီးနင်းရင်း တစ်ရွေ့ရွေ့ ဘာရယ်မသိ
ကြည့်နေမိတယ်။
ငုတ်တုတ်လေး ။ အခု ချိုးငှက်လေးဟာ ။ အမှိုက်မြေလူးနေတဲ့
နေရာကို သူ့အတွက် မြေပထဗြာအလား ကုတ်ကုတ်လေးထိုင်
နေတယ်။
သမ္မာကျမ်းစာတွင်  . .
ချိုးငှက်သည် ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် ရှေ့ဆောင်လမ်း
ပြဖြစ်သည်ဟု ဆိုသည်။ ကမ္ဘာပျက်သောအခါ လူသားတွေ
အတိဒုက္ခရောက်နေချိန် အနာဂါတ်ပျောက်နေချိန်တွင် ။
ချိုးငှက်လေးသည် သံလွင်ခက်ကို ကိုက်ချီပြီး လူသားတွေရှေ့
မှာ ပျံဝဲပြလိုက်သည်။
ထိုအခါ လူသားတွေမှာ အသက်ရှင်လမ်းစရပြီဟု အားရဝမ်း
သာဖြစ်သွားကြပြီး ကုန်းမြေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။
ယင်းသို့ သမ္မာကျမ်းစာတွင် သံလွင်ခက်ကိုကိုက်ချီလာခဲ့
သော ချိုးငှက်ကလေးအကြောင်းကို ကမ္ဘာကျော်ပန်းချီဆရာကြီး
(Pablo Picasso) ပီကာဆိုက တစ်ရေးတစ်ယူ ပန်းချီသရုပ်ဖေါ်
ဆွဲခဲ့ရာကနေ မျက်မှောက်ခေတ်ကမ္ဘာတွင် သံလွင်ခက်ကိုက်
ချီပျံသန်းနေသော ချိုးငှက်လေးသည် ငြိမ်းချမ်းရေး၏သရုပ်ဖေါ်
ပန်းချီ လိုဂို ဖြစ်လာခဲ့ပါသည်။
အခုတွင်  . ..
ချိုးငှက်လေး သေလုမြောပါးဖြစ်နေပြီလို့ ကျွန်တော်ထင်ပြီးစိတ်
ပူသွားတယ်။ စက်ဘီးကိုဒေါက်တောင်မထောက်တော့ဘူး။
ရပ်ပြီး အနားကိုသွားကြည့်တယ်။
ကုတ်ကုတ်လေးနဲ့ သူကလည်းကျွန်တော်ကို ပြန်ကြည့်တယ်။
ကျွန်တော်နဲ့သူအကြည့်ခြင်းဆုံသွားကြပါသည်။
 “ အကြည့်ချင်းဆုံ ရင်တွင်းခုံ မလုံချစ်စိတ်ကြောင့်”
 ကျွန်တော်နဲ့သူဟာတော့ ချစ်စိတ် တော့ချစ်စိတ်ပါပဲ။
ကျွန်တော့ဘက်က သူလေး အသက်ရှင်သန်နိုင်မည့်နည်းလမ်း
ကို စိတ်ကူးနေသလို သူ့ဘက်ကလည်း ဇာတ်မတူတဲ့ကျွန်တော့
ကို ကြောက်ရွံ့နေမယ်။
သူနဲ့ကျွန်တော်နဲ့ နှစ်ယောက်ကြားမှာ တစ်ယောက်ရင်ထဲက
ခံစားရတဲ့အဖြစ်မှန်ကို သိဖို့အမြန်ဆုံးလိုအပ်ပါတယ်။ ဘယ်လို
နည်းနဲ့မှ ကျွန်တော် ချိုးစာကားနားလည်လိမ်မည်မဟုတ်သလို
ချိုးငှက်ကလေးကလည်း ကျွန်တော်ပြောတဲ့ကရုဏာစကားကို
နားမလည်နိုင်။
နောက်ဆုံးကျွန်တော် ပိဋကတ်ကိုသတိရသွားသည်။
ဗုဒ္ဓကို သတိရသွားသည်။ ဟုတ်ပါတယ်။ ဗုဒ္ဓသည် လောက
သုံးပါးရှိသတ္တဝါအပေါ် သားတည်းဟူသောချစ်ခြင်းသော
စိတ်ဖြင့် ဘဝအလင်းကို ရှာဖွေပေးခဲ့သည်မဟုတ်ပါလော။
ထိုကဲ့သို့ ဗုဒ္ဓရဲ့ မဟာကရုဏာတော်မြတ်စိတ်ကြောင့်ပင်
ယနေ့တိုင်အောင် ကမ္ဘာကြီးတွင် ဗုဒ္ဓ၏တရားတော်များ
တည်နေဆဲပင်။
ကျွန်တော်သည် ဗုဒ္ဓ၏ မဟာကရုဏာတော်မြတ်ကိုခံယူပူ
ဇော်ခဲ့ဖူးသည်။ အခုတိုင်လည်း ရင်၌ ကိန်းနေဆဲ။ ဗုဒ္ဓ၏
အတုမရှိမေတ္တာတော်ရိပ်အောက်သို့ အမှတ်မထင်ရောက်
လာသူတိုင်း အအေးကြီးအေးခဲ့ဖူးသည် အငြိမ်းကြီးငြိမ်းခဲ့
ဖူးသည်။
လက်နက်တကာတို့တွင် စွမ်းအားအပြင်းဆုံးလက်နက်ကို
နျူကလီယား ဟု သိပ္ပံပညာရှင်တို့က တစ်ညီတစ်ညွတ်တည်း
လက်ခံကြသော်လည်း ဗုဒ္ဓကမူ မေတ္တာလက်နက်သည်သာ
လောကသုံးပါးတွင် အတုမရှိသော စွမ်းအားပြင်းလက်နက်ဟု
အတိအလင်းထုတ်ဖေါ်ဟောကြားခဲ့သည်။

အခုလည်း သူ့စကားလူမသိ လူစကားသူမသိသော ချိုးငှက်
လေးနဲ့ကျွန်တော်တို့ရဲ့ ကူးလူးဆက်ဆံမှုမှာ မေတ္တာဘာသာ
စကားကိုသာသုံးရပေတော့မည် ။
ချိုးငှက်လေးအား မမှိုတ်သောမျက်လုံးဖြင့်ကျွန်တော်စိုက်ကြည့်
ကာ အခိုလို ပါဠိသက်သက်ကြီး တတွက်တွက်ရွတ်လိုက်ပါ
တယ်။ မျက်လုံးမှိတ်လိုက်ရင် ကျွန်တော်အခြားအာရုံတွေပေါ်
လာမှာစိုးတာကြောင့် မျက်လုံးကို ကျွန်တော်မမှိတ်ဘဲ ချိုးငှက်
လေးကို စူးစူးစိုက်စိုက်ကြည့်ရင်း ပါဠိတော်ကို မမြတ်ရွတ်နေ
မိပါတယ်။
“ န ပရော ပရံ နိကုဗ္ဗေ ထ ၊ နာတိမညေထ ကထ္ထစိ နကိဉ္စိ။
   ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခမိစ္ဆေယျ။”
အတန်ကြာတော့မှ ကျွန်တော်လက်ကလေးကိုသူ့ခြေထောက်
အရှေ့ကို ထိုးခံလိုက်ပါတယ်။ ကျွန်တော့လက်ချောင်းကလေး
များကို သူ့ခြေထောက်လေးများက အလိုလို ကုတ်ယူနေတယ်။
ကျွန်တော်လည်း အလိုက်သင့် နေရင်း စိတ်ထဲကလည်း မပြတ်
 “ န ပရော ပရံ နိကုဗ္ဗေ ထ ၊ နာတိမညေထ ကထ္ထစိ နကိဉ္စိ။
   ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခမိစ္ဆေယျ။”
စာဖတ်သူများ မြန်မာလိုသိရအောင် ကျွန်တော် ရေးပေးလိုက်ပါ
မယ်။ မြန်မာလိုအနက် ပြန်ရာမှာ ကျွန်တော်ကတော့ ကျွန်တော့
စိတ်ကြိုက် ပြန်ဆိုထားတာဖြစ်ကြောင်းဝန်ခံပါရစေ  . .။
“ ပရော ၊ တပါးသောသူအခြားသူသည်။ပရံ၊ တပါးသောသူအခြား
သူကို။န နိကုဗ္ဗေထ၊ ကောက်ကျစ်စဉ်းလဲခြင်း လှည့်ပတ်ခြင်းမပြု
ပါစေလင့်။
ပရော ၊ တပါးသောသူအခြားသူသည်။ပရံ၊ တပါးသောသူအခြားသူ
ကို။ကတ္ထိစိ ၊ မည်သည့်အရပ် မည်သည့်နေရာမှာမဆို။ကိဉ္စိ၊တစုံတ
ယောက်သာသူကို။ နာတိမညေထ၊ မောက်မားနှိပ်စက်လိုသော
အားဖြင့် မထေမဲ့မြင်မပြုပါစေလင့်။ ”
“ပရော ၊ တပါးသောသူအခြားသူသည်။ပရံ၊ တပါးသောသူအခြား
သူကို။ဗျာရောသနာ-ဗျာရောသနာယ၊ ကိုယ်နှုတ်နှစ်ပါးတို့ဖြင့်ထိ
ခိုက်စော်ကားပုတ်ခတ်ခြင်းကိုလည်း အလိုမရှိကြပါစေလင့်။”
“ပရော ၊ တပါးသောသူအခြားသူသည်။ပရံ၊ တပါးသောသူအခြား
သူကို။ ပဋိသည-ပဋိဃသညာယ၊ ဒေါသစိတ်ဖြင့်လည်းကောင်း။
အညမညဿ၊အချင်းချင်း၏ ။ ဒုက္ခံ၊ကိုယ်ဆင်းရဲမှုမှန်သမျှ စိတ်
ဆင်းရဲမှုမှန်သမျှကို ။ နှ ဣစ္ဆေယျ၊ ဘယ်လိုနည်းနဲမှအလိုမရှိကြပါ
စေလင့် . . .။”

သြော်  ..  . မေတ္တာ လက်နက်သည် စွမ်းသကိုး  .. ။

“ကျွန်တော်ကိုယ်တိုင်လည်း ချိုးငှက်လေးကို မထိမဲ့မြင် မပြုပါ။
ကျွန်တော်ကိုလည်း ချိုးငှက်လေးက မထိမဲ့မြင်မပြုပါနှင့်။”

“ ကျွန်တော်ကလည်း ချိုးငှက်လေးကို ကိုယ်နှုတ်ပါးတို့ဖြင့် ထိ
ခိုက်စောက်ကားပုတ်ခတ်ခြင်းကို အလိုမရှိပါ။ ကျွန်တော်ကိုလည်း
ချိုးငှက်လေးက ထိခိုက်စောကကားပုတ်ခတ်ခြင်းကိုအလိုမရှိပါ
စေနှင့်။”

“ ကျွန်တော်ကလည်း ချိုးငှက်လေးကို ဒေါသစိတ်ဖြင့် ဆင်းရဲမှု
မှန်သမျှကို အလိုမရှိပါ။ ချိုးငှက်လေးကလည်းကျွန်တော်အပေါ်
၌ ဒေါသစိတ်များအလိုမရှိပါစေ နှင့်”

မေတ္တာ၏စွမ်းပကားဖြင့် အခုအခါ ချိုးငှက်လေးဟာကျွန်တော်
နဲ့အတူ selfie ရိုက်နေပါပြီ။ သူဟာအကောင်ပေါက်လေးမို့
အပျံသင်းရင်း ပြုတ်ကျနေခြင်းဖြစ်ပါတယ်။ သူ့ကိုကျွန်တော်
လှောင်အိမ်ထဲမှာမထားဘဲ ရေချိုးခန်းလေဝင်လေထွက်
ကောင်းတဲ့နေရာမှာထားပါတယ်။ ရေတွေ အစာတွေကို ချပေး
ထားပါတယ်။ သူအတော်အတန်အားရှိလာရင် ပျံထွက်သွားနိုင်
ဖို့ ကျွန်တော် ပြူတင်းတံခါးကိုလည်း အဆင်သင့်ဖွင့်ပေးထားပါ
တယ်။
ကျွန်တော်က သူ့ကို ချုပ်နှောင်ဖို့မဟုတ်ခဲ့ပါဘူး။ လွတ်လပ်စွာ
ဘဝပျံသန်းနိုင်ဖို့ပါ။ သူက ချိုးမလေးလို့ သိရပါတယ်။ ဒါ့ကြောင့်
သူဘဝမှာ ချိုးဖိုလေးနဲ့ ပျှော်ရွှင်နိုင်ပါစေလို့ ကျွန်တော်ဆုတောင်း
နေပါတယ်။
ကျွန်တော်ကိုယ်တိုင်ကတော့ အတိဘဝရဲ့အကုသိုလ်တွေကြောင့်
ဘဝကို အသက်လေးဆယ်ကျော်တိုင် အထီးကျန်ဆန်စွာနဲ့
ဖျက်သန်းနေရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ။
ချိုးငှက်လေး သက်ရှင်ထမြောက်ပါစေ  ..
ချိုးငှက်လေး ချိုဖိုလေးဖြင့် ဝမ်းမြောက်ပျှော်ရွှင်ပါစေ  ..
ကိုးကား . ..
မေတ္တာသုတ် ပါဠိတော် နှာ။301
ပါဠိနိဿယ
သဇ္ဇနောဒယ ၊ မူ ၊ နှာ 101
20.5.2016 9း 41 Am
ဒိုးကြီး


No comments:

Related Posts Plugin for WordPress, Blogger...