Saturday 14 May 2016

နွေနေ


နွေနေဟာ ပူလွန်းမက ပူလာတဲ့အခါ အေးရာငြိမ်းရာ အပူကင်း
ကင်းရာကို ရှာလိုကြပါတယ်။ သဘာဝက ရက်ရက်စက်စက်
ကြီး ပေးလိုက်သော နွေနေကြောင့် ဘယ်သဘာဝသစ်ပင်ရိပ်
ကမှ အအေးဓာတ်ကို ပေးစွမ်းနိုင်တော့ပါဘူး။
အဲဒီအခါ အသိဉာဏ်ရှိသောလူသားဟာ သဘာဝကိုလွန်သော
အအေးဓာတ်များကို ဖန်တီးကြရပါတယ်။ ဒါကလည်းလွယ်ကူ
တာတော့မဟုတ်။ ဒီသဘာဝလွန်အအေးဓာတ်သုခကိုရဖို့အ
တွက် ငွေလိုသည်။ ထိုသဘာဝလွန်အအေးကို ငွေနှင့်ပေးဝယ်
မှရသည်မဟုတ်ပါလော  . .. ။
ထိုအခါ  ..  လက်လှုပ်မှ ပါးစပ်စားရသော ကြောမွဲလူတန်းစား
တစ်ရပ်နှင့် လူလတ်တန်းစားခေါ် စားလောက်ရုံသောက်
လောက်ရုံ ဟုခေါ်သော လူတန်းစားနှစ်ရပ်တို့သည် နွေနေအ
ပူ၏ ဒုက္ခဆိုးကျိုးခေါ် ဒေသတွင်း သောက်သုံးရေပြတ်လတ်
ခြင်း စတဲ့ ဒုက္ခအမျိုးမျိုးကိုမရှု့မလှခံစားလိုက်ရပါသည်။
ယင်းဒုက္ခကို အာဏာရှင်နှင့်ခရိုနီတို့ကတော့ တိုက်ရိုက်ကြီး
မသိမခံစားကြရပေ။
သဘာဝတရားဟူသည် သဘာဝ၏အလိုကျ ဖေါက်လွဲဖေါက်
ပြန်ဖြစ်တက်သည်ကား မငြင်းလို သို့သော် ယင်းဖေါက်လွဲ
ဖေါက်ပြန်မှုကို အားပေးအားမြောက်ပြုသော အဓမ္မအမှုသည်
ကား ရှိသေး၏။
ထိုသည်ကား အဘယ်နည်း  ..  အာဏာရှင်နှင့်ခရိုနီတို့ နှစ်ဦး
သားပူပေါင်းကြံစည်ကာ သဘာဝအရင်းအမြစ် အအေးဓာတ်
၏ မူလဘူတ သစ်ပင်ကြီးများအား လိုအပ်သည်ထက်ပိုမိုခုတ်
ယူရောင်းစားကိုယ်ကျိုးရှာခြင်းကြောင့်ပင်ဖြစ်ပါသည်။
နေနွေအပူကို ထိမ်းကွပ်နိုင်သော မြေတောင် ကျောက်တောင်
အစရှိသော တောင်ကြီးများအား တူးဖြို၍ ဓာတ်သတ္တုများကို
တရုတ်နိုင်ငံအား ရောင်းစားခြင်း၏ ဒုက္ခက အခု ငါတို့တတွေ
ပူလောင်နေကြ ရေငတ် ရေပြတ်နေကြပြီ မဟုတ်ပါလော။
ဒါကို ပြည်သူများအားလုံးမှ တပြေးညီ အချိန်မီသိရှိကြပြီး ယင်း
ပြည်သူများမှ ပြည်သူ့အကျိုးကို အမှန်တကယ်လိုလားသော NLD 
ပါတီနှင့် ပူးပေါင်းကာ ကာကွယ်နိုင်မှသာ မြန်မာနိုင်ငံ၏
အာဏာရှင်အမွေဆိုးဖြစ်သော နေနွေကို အံတုနိုင်ကြမည်ဟု
ထင်မြင်သုံးသပ်မိပါသည်။
ဒိုးကြီး




No comments:

Related Posts Plugin for WordPress, Blogger...