Wednesday 8 February 2017

ဝိဇ္ဇာလမ်းနှင့် စနေဆန်း(ကျင့်စဉ်)


တစ်နေ့သ၌ ကျွန်ုပ်သည် ဦးရီးတော်စပ်သူ စာရေးဆရာဘုန်းတော်ကြီး ဘဒ္ဒန္တခေမိန္ဒရှိရာသို့ ထွက်လာခဲ့ပါသည်  ကျွန်ုပ်၏ ဦးရီးတော်သည် ဆရာကြီးပါရဂူတို့ ဆရာကြီးအောင်သင်းတို့ဖြင့် များစွာအကျွမ်းဝင်သည့်အလျောက် ကိုရင်ဘ ရဟန်းပျို ဘဝ ရဟန်းအိုဘဝ စသည့်ဖြင့် သာသနာ့ဘောင်တွင် နေရာဒေသများစွာ၌ စာသင်သား ဘဝ စာချဘုန်းကြီးဘဝ စာရေးဆရာဘဝဖြင့် ဘဝမျိုးစုံတွင်းလည်ကျင်လည်လာခဲ့သူမို့ ဗဟုသစ္စဉ္စမင်္ဂလာတ ရားဆည်းပူးလိုလားသော ကျွန်ုပ်အတွက် စားမကုန်နှိုက်မကုန်သော အဟာရသိဒ္ဓိအိုးကြီးနှင့်အလားတူတော့ သည် မှော်ဘီဆရာသိန်းကြီးအာဘော်အရပြောသော အရူးလွယ်အိပ်ကြီးဆိုရင်လည်းမမှားပေ။ ထို့ကြောင့် ကျွန်ုပ်သည် အားလပ်ရပ်များတွင် ဦးရီးတော်ဘုန်းတော်ကြီးထံသို့ ခြေဦးပေါက်လေ့ရှိသည်။
ဦးရီးတော်သည် စာပေသမားပီပီ လေးနက်သောအကြောင်းအရာကိုပင် ရယ်စရာနှော၍ ပြောတက်သည် သူ့ ကျောင်းမှာ စားသောက်အချိုတည်းစရာဘာတစ်မျှမရှိရင်တောင် ထူးထူးခြားခြား အပြုံးတစ်ခုဖြင့်ကျွန်ုပ်အား ဧည့်ခံလေ့ရှိသည် ကျွန်ုပ်ကလည်း အမေပေးထားသော တံတောင်ဖြင့် သူ့ခန္ဓာကိုခြေသလုံးတို့အား ထောင်း ရ နှိပ်ရသည်မှာ ဒတောင်ဆစ်တို့ ပွန်းသည့်ပဲ့သည့်အထိပင် ပေးဆပ်ရပါသည်။
ဤ ကဲ့သို့သောနည်းနာနိဿျည်းတို့ဖြင့် ထိုထိုသောအရပ်ဒေသရှိ အာစရိယတို့ထံ ပညာနည်းခံခဲ့ရသည် ကဲ  ..  ကိုယ့်ဖြစ်စဉ်တွေသာလျှောက်ရေးနေရင် လိုရင်းမရောက်တော့ ဒီတော့က အခု စနေဆန်းစနေကွယ် အစီအရင်ကို အထက်ကပြောခဲ့သော ကျွန်ုပ်၏ ဦးရီတော်ဆရာဘုန်းတော်ကြီးထံမှ ရရှိခဲ့ခြင်းဖြစ်ပါတယ်။
စနေဆန်းအစီအရင်သည် လွယ်ကူသည့်အလျှောက်အကျိုးကျေးဇူးများသည် ကိုယ်တွေ့နှင့်လက်တွေ့များ ကိုနောက်နောင်အလျည်းသင့်သလို ဖေါ်ပြပေးသွားပါမည်။
အစီအရင်လိုအပ်ချက်များ
(၁) လတစ်လ၏ စနေဆန်း စနေကွယ်သောရက်
(၂) ခန္ဓသုတ်ပရိတ်ကိုရွတ်ရခြင်း
(၃) မြွေကို မသတ်ခြင်း အသားမစားခြင်း
ပြုလုပ်ရန်
ထိုစနေဆန်းစနေကွယ်နေ့တွင် ခန္ဓာသုတ်ကို (၉)ခေါက်ရွတ်ရမည် ဘုရားစင်ရှေ့မှမဟုတ် အဆင်ပြေသလို ခရီးသွားရင်းဖြစ်စေ အချိန်မရွေးနေရာမရွေး ရွတ်ရမည် စရွတ်သည့်နေမှစ၍ နေ့စဉ်မပျက်မကွက်တစ်နေ့ကို (၉)ခေါက်ပုံမှန်ရွတ်ရမည်။
အကျိုးကျေးဇူးအကျဉ်းချုပ်
ကမ္ဘာပေါ်ရှိ မည်သည့်အဆိပ်ရှိသောမြွေမဆို မိမိအားလုံးဝမကိုက် အခြားသူတို့ လတ်တလောအကိုက် ခံရ ပါမူကား အစီရင်မိမိသည် မြွေကိုက်ခံရသူလူနာသည်၏ ဒါဏ်ရာအထက်မှနေ၍ ခန္ဓသုတ်ကိုရွတ်ကာအောက် သို့ သတ်ချပါက မြွေဆိပ်ပျက်ပျယ်၍ မွေကိုက်ခံရသူလူနာ အကောင်းပကတိဖြစ်မည်။
လိုရင်းအနှစ်ချုပ်သော် ထိုအစီအရင်ကို ကျင့်သူသည် အဆိပ်ရှိသောမြွေကိစ္စ ပြီးလေသကဲ့သို့ မြွေကိုက် ခံရသူများကိုလည်း ကုသနိုင်သည်။
စာရှု့သူတို့ ကျင့်လိုကကျင့်နိုင်ပါသည်။ မကျင့်လိုကလည်း မကျင့်နိုင်ပါသည် ။ အများကိုသိရှိစေရန် ဝေငှ ခြင်းဖြင့် ဇီဝိတဒါနကုသိုလ်လည်းဖြစ်သကဲသို့ ပညာပါရမီလည်းမြောက်ပါသည် သို့ဖြစ်ပါ၍ Share ပါဟု အတင်း မတိုက်တွန်းပါ ကိုယ်ကုသိုလ်သမားဆိုပါက ကုသိုလ်အလုပ်လုပ် အကုသိုလ်သမားဆိုပါက အကုသိုလ်အလုပ်လုပ်ပါ ၊ မေတ္တာသည် ခရီး သစ္စာသည် စည်း ၊ မေတ္တာပျောက်လျှင် ခရီးဖေါက်တက်သည် ၊ သစ္စာမစောင့်လျှင်လည်း အသေဆိုးဖြင့်သေတက်သည် ဟု အထူးမပြောလိုတော့ပေ။
အထူးပြောချင်တာက စနေဆန်းစနေဆုတ်သည့်ရက်က တစ်နှစ်လုံးမှ တစ်လသာဟုကျွန်ုပ်ခန့်မှန်းမိသည် အခုနှစ် 11.2.2017 ရက်မို့ အချိန်ကပ်နေသည် အခုလလွတ်သွားပါက 2018 ဖေဖေါ်ဝါရီလတစ်လသာရမည် ဖြစ်၍ အချိန်နှင့်ကိုက်ကျင့်ရသောကျင့်စဉ်ဖြစ်၍ အများသိအောင် Share ပေးခြင်းဖြင့်ကုသိုလ်ယူနိုင်ပါသည်

ဒိုးကြီး(ဝိဘဇ္ဇ)7.2.2017-9း29pm  

No comments:

Related Posts Plugin for WordPress, Blogger...