Tuesday 2 May 2017

ရင်ထဲက အမေ


အမေရေ  ..  ῍အမှားကြာရင် အမှန်ဖြစ် ဘုရားစင်စစ် မဟောနိုင်῍ ဆိုတဲ့ သားရဲ့အာစရိယတစ်ဆူ ပြောဖူးတာလေးနဲ့ပဲ စကားချီးလိုက်ပါတယ်  .. ။
အမေ့ရဲ့ အသက်အန္တရာယ်လုံခြုံရေး ၊ သံဃာ့ကိစ္စလုပ်ထုံးလုပ်နည်း ၊ စသော အကြောင်းအရာတွေ ကြောင့် သက်တော် (၉၂) ရှိသော ဆရာတော်ကြီးကို အမေ့အိပ်ထဲသွင်းပြီး ခရီးဦးကြိုဆိုခြင်း နေရာ ပေးခြင်း ရေကြည်ရေအေးဆပ်ကပ်ခြင်း ခြေတော်ဦးခိုက်ခြင်း စသော ဗုဒ္ဓဘာသာဝင်သူတော်ကောင်း တို့၏ ထုံးတမ်းအစဉ်အလာဝတ်ကို အမေ မသိတာလား? မသိခြင်ဟန်ဆောင်တာလား?
သား သုံးသပ်မိတာကတော့ အမေ့ရဲ့ အမေသားတို့ရဲ့ အဖွားဒေါ်ခင်ကြည်ဟာ ခရယာန်ဘာသာကို ယုံကြည်ကိုးကွယ်သူဟု သိရပြီး အမေ၏ အိမ်ထောင်ဖက်ကလည်း အင်္ဂလိပ်လူမျိုးတစ်ဦးဆိုတာကို သားအကြမ်းဖြင်းအားဖြင့်သိရပါတယ်။ ဒီအကြမ်းဖြင်းသိရသော ကိစ္စသည်ပင်လျှင် အမေ့ဟာ မြန်မာ နိုင်ငံရေးကိုကိုင်တွယ်ရာမှာ ဗုဒ္ဓဘာသာအရေးကို တစ်ဘက်ကဏ်းနေသလို သားခံစားရပါတယ်။
အခု အမေ့အိမ်ကို ကြွလာတဲ့ ဘိက္ခုဟာ ဝိနည်းပိဋက်တ်အရပြောရရင် ῍ထေရ နဝ မဇ္ဈိမ῍ဆိုတဲ့ သိက္ခာ တော်အရ တကယ့်ကို ထေရ်ကြီးဝါကြီး သိက္ခာကြီး တစ်ပါးပါ။ ထိုကဲ့သို့ ဘိက္ခုတစ်ပါးဟာ အမေ့အိမ်တော်ကို လာတယ်ဆိုတာကလည်း သူ့ဘဝပေးကံကြမ္မာအရ အမှုအခင်းကိုကိစ္စမို့ ဒုက္ခ သည် အပူသည် ကြီးတစ်ပါးဆိုရင် မမှားပါဘူး။
ပြဿနာတိုင်းကို အမေအချိန်တိုအတွင်း ကိုင်တွယ်ဆုံးဖြတ်ရမယ်လို့ သားဆိုလိုတာမဟုတ်ပါဘူး။ ဒီကိစ္စဟာ ခြစားနေပြီလို့ကမ္ဘာကတောင်သိထားရတဲ့ (မဟန)ကိစ္စမို့ အမေ့အနေနဲ့ကိုင်တွယ်ဖို့ခက်ခဲ့ မယ်ဆိုတာ သားပို၍တောင်သိပါသေးတယ်။
သို့သော် မိမိအိမ်ကို ကြွလာသော ထေရ်ကြီးဝါကြီးတစ်ပါးကို အိမ်အတွင်းမှာ မြင့်သောနေရာမြတ် သောနေရာပေး၍ ဦးမချနိုင်ရင်တောင် ခြံဝင်းအတွင်းသစ်ပင်ရိပ်မှာ ခုံကျယ်လေးတစ်ခုချ ပိုးကတီပါ စလေးတစ်ခုခင်း ပြီး ရေကြည်ရေအေးကပ်ရုံလောက်တော့ အမေလုပ်သင့်ခဲ့ပါတယ်။
အမေရေ  .. .
ဘိက္ခုဟူသော ဂုဏ်ရည်တွေကို သားတို့လို လူတွေကိုမဆိုထားနဲ့ တိရိစ္ဆာန်ဇာတ်မျိုးဖြစ်တဲ့ဆန္ဒဆင် မင်းတောင် သူ့အသက်ကို စတေးခံပြီး သင်္ကန်းခြုံမုဆိုးသောနုတ္ထိုရ် ကို ရန်မမူခဲ့ပါဘူး။  အာဏာရှင်တွေအပြောအရ သင်္ကန်းဝတ်လို့ ရှုတ်ချပြောဆိုကြသော စကားသည် 2007 စက်တင်ဘာ ရွှေဝါရောင်တော်လှန်းရေးမှာ သားစကြားခဲ့ဖူးတာပါ။ သင်္ကန်းဆိုတာ တကယ့်ဗုဒ္ဓစာပေကိုသိမိသူများ အတွက် အလွန်ကြည်ညိုစရာပါအမေ ၊ သား ဥဒါနကထာမှာ ဒီအကြောင်းတွေကို ဖတ်ရှု့ရဖူးပါတယ် အာသဝေါကင်းပြီး ရဟန္တာဖြစ်သွားကြတဲ့ ဘိက္ခုတစ်ပါးဟာ တစ်ခုသောဘဝမှာ လမ်းသွားရင်း လမ်းအ နီးသစ်ပင်တစ်ပင်မှာ အဝတ်စလေးတစ်စ ချိပ်ပြီး လေထဲမှာ လွှင့်နေတယ်။ ဒါကို ခရီးသွားတစ်ယောက် ကမြင်သွားတယ်။
ထိုအဝတ်စလေးဟာ သင်္ကန်းရောင်အစလေးမို့ ထိုခရီးသွားဟာ ခရီးသွားနေရာကနေရပ်ပြီး လွယ်အိပ် ကို ဘေးချကာ ယင်းသင်္ကန်းစလေးကို ဘိက္ခုတစ်ပါးတစ်ဆူအဖြစ် သံဃာ့ဂုဏ်ကိုရည်မှန်းပြီး ရှိခိုး ကန်တော့လိုက်ပါတယ်။ ပြီးတော့ သူခရီးဆက်သွားပါတယ်။
ထိုခရီးသွားဟာ အဲဒီလို သင်္ကန်းရောင်အဝတ်စလေးကို ကန်တော့ပြီးသည့်အချိန် လူ့ဘဝကလာကို အကြောင်းအားလျှော်စွာ စုတေကွယ်လွန်ခဲ့ပါတယ်။ ထိုအချိန်မှစ၍ ယင်းခရီးသွားဟာ အပါယ်ဒုဂ္ဂတိ ကို မလားရောက်ပါဘူး နတ်ပြည် ဗြဟ္မာပြည် စတဲ့သုဂတိဘဝတွေမှာပဲ ကျင်လည်ခဲ့ပါတယ်။ နောက် ဆုံး ဂေါတမမြတ်စွာဘုရားလက်ထက်မှာတော့ ကိလေသာအာသဝေါကင်းသောရဟန္တာကြီးတစ်ဆူ အ ဖြစ် ဘဝနိဂုံးအဆုံးသတ်ခဲ့ရပါတယ်။
ဒါ့ကြောင့်  . .အမေရေ  ..
အမေထံသို့ နောက်နောက်များ ဘိက္ခုတို့ ရောက်လာကြဦးမည်ဆိုပါက လုံခြုံရေးကိုစီစစ်ပြီး ထွက်တွေ့ ပါ ခရီးဦးကြိုဆိုပြုပါ။ မြန်မာနိုင်ငံမှာ ထင်ရှားကြော်ကြားလာခဲ့ကြကုန်သော မင်းတွေဟာ ဗုဒ္ဓဘာသာ ကိုကြည်ညိုကြကုန်သော ဘုန်းကံရှင်တွေပါ။ အမေ့ကိုလည်း အဲလို ဘုန်းကံရှင်တစ်ဆူတစ်ပါးဖြစ်စေ ချင်ပါတယ်။ ဒါ သားဆန္ဒပါ။ သားကတော့ အညတရ ဒိုးကြီးအဖြစ်နဲ့ သိမှီသမျှကို အများဝေနေယျတွေ ဉာဏ်ပွားစေဖို့ အခုလို အားရင်အားသလို စာရေးကာ ဓမ္မဒါန ဓမ္မသာဝန ဓမ္မသာကစ္ဆာအမှုကို ပြုလေ့ ရှိပါတယ်။ အပြောမယ့်သာပြောရတာအမေရယ်  . MPT လိုင်းကမကောင်းသလို သားအတွက် ဖုန်း ဘေလ် ဆိုတာကလည်း ခက်ခဲ့တယ်မဟုတ်ပါလား။ သားတို့ရဲ့ အခြေခံလစာဟာ ဖုန်း ဘေလ်အတွက် ကျပ်တည်းတယ်လေ။
ကဲပါ လေ  .. သားဒုက္ခကို မညည်းတွားတော့ပါဘူး။
မြန်မာနိုင်ငံမှာ အမေ ခေါင်းဆောင်တစ်ဆူဖြစ်ချင်တယ်ဆိုရင် ဂါရဝေါ စ  နိဝါတော စ မ၈င်္လာကို မျက် ကွယ်မပြုမိပါစေနဲ့အမေ ။ ဒီမင်္ဂလာတရားဟာ ဘဝသံသရာတစ်လျှောက်လုံးအတွက် ထင်ပေါ်ကျော် ကြား လူကြည်ညို နတ်ကြည်ညိုတက်သော တရားပါ။
အခုလို အမေထံသို့ သက်ကြီးဝါကြီးသိက္ခာကြီးတစ်ပါးရောက်လာတာကို သူ့ရဲ့ခပ်သိမ်းသောပြဿနာ ရပ်ကို အမေဖြေရှင်းပေးနိုင်ရအောင် အမေက နတ်ဘုရားတစ်ဆူမှမဟုတ်တာဆိုတာ သားသိပါတယ်။ သို့သော် အမေ့လို ကမ္ဘာသိခေါင်းဆောင်တစ်ယောက်အနေနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံရာထုးကိုယူ ထားပြီး နိုင်ငံတော်တွင် အထွဋ်အမြတ်ပြုရသော သက်ကြီးဝါကြီးသိက္ခာကြီးတစ်ပါးရောက်လာတာကို ဒီတစ်ကြိမ်ပဲနောက်ဆုံးထား၍ မှားပါစေအမေ။ နောက်နောင် ကိုရင်လေးပင်ဖြစ်ပါစေ အမေ ခရီးဦး ကြိုဆိုပြုပေးပါ။
တကယ်တော့ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာပြန့်နှံ့လာတယ်ဆိုတာကလည်း အဲဒီလို ခုနှစ်နှစ်အရွယ်ကို ရင်ငယ်လေးတစ်ပါးရဲ့ အစွမ်းသိက္ခာကြောင့်ပါ အမေ။ အမေကြားဖူးမှာပါ  အသောကမင်းကြီးနဲ့ထိပ် တိုက်ရင်ဆိုင်ခဲ့တဲ့ သာမဏေငယ်လေးတစ်ပါးလေ။
ဒါ့ကြောင့် နိဂုံးချုပ်သော်   . ..
အမေ သက်တော်ရှည်၍ ဗုဒ္ဓဘာာသာအကျိုးကို သည်ပိုးနိုင်ပါစေ  . .ဟုသာ  . .
မှတ်ချက်။ ဤဆောင်းပါးသည် နိုင်ငံရေး မဟုတ်ပါ ဗုဒ္ဓဘာသာကို လူအများကြည်ညိုနိုင်စေရန်သာ ရည်ရွယ်ပါသည် ထိုစကားသည်ကား သစ္စာစကားသာဖြစ်၍ မည်သူမဆို လွတ်လွပ်စွာ share နိုင်ပါ သည်။

သားမောင် -- ဒိုးကြီး(ဝိဘဇ္ဇ) 02.May.07- 2.06Pm

No comments:

Related Posts Plugin for WordPress, Blogger...