Wednesday 31 May 2017

နောက်တက်တဲ့ ဝန်ပုလဲ ဒိုင်းဝန်ထက်ကဲ


အဲဒီ ရှေးဟောင်းစကားပုံလေးကို ဗာဟုသိပ္ပဉ္စ မင်္ဂလာတရားရှိသူတို့ သိကြပါသည်။ ပြောချင်တာကတော့ နဂိုမူ လရှိရင်းစွဲအကောင်းလေးတွေကို နောက်တက်သော အစိုးရများက ထိမ်းသိမ်းစေချင်လို့ပါ။ ရန်ုကုန်မြို့လည် ခေါင်မှာ မီးဟာ အရင်အစိုးရလက်ထက် အနည်းဆုံး 150 အထက်မှာပဲရှိပါတယ် အခုရက်ထဲ ပူးတွဲဓာတ်ပုံပါ အတိုင်း မြင်ရသောမီးအားကြောင့် ရေခဲ့သေတ္တာနဲ့ တီဗီအစရှိတဲ့ လျှပ်စစ်ပစ္စည်းတွေ ဂွမ်းကုန်ပါပြီ ။
ပြည်သူရဲ့ရွေးချယ်မှုတွေဟာ မိုက်မဲ့ခဲ့လို့လားလို့ပဲ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းချင်ပါတယ်။ မြန်မာနိုင်ငံမှာ မီးရတဲ့ရာနှုံးဟာ 50 ရာနှုန်းမပြည့်ဘူးဆိုတာလောက်တော့ အကြမ်းအားဖြင့်သိပါတယ်။ သို့သော် အခုရှိနေတဲ့ နဂိုမူလေးကို ဘာလို့များ ယုတ်လျှော့သွားရတာလဲ? ဆိုတာ ပြည်သူတစ်ယောက်အနေနဲ့ သက်သေဓာတ်ပုံနဲ့ တကွ အန်ချလိုက်ပါတယ်။
ငှက်တွေ ခွေးခြင်္သေ့တွေ ဘာတွေ ညာတွေ ကျနော်နားမလည်ဘူး ပြည်သူတစ်ယောက်ရဲ့ ခံစားရတဲ့ အနေ အထားကိုပဲ တင်ပြခြင်းဖြစ်ပါတယ်။ အခြားသော နယ်တွေကိုမပြောလိုတော့ပါဘူး ရန်ကုန်မြို့လည်ခေါင် မှာကို  အရင်အတိုင်းဖြစ်နေတယ် မီး ရေ အင်တာနက် ဘာမှ သုံးလို့မရဘူး။ တစ်ခုတော့ရှိပါတယ် ခင်ဗျားမှာ ပိုက်ဆံ ချမ်းသာတယ်ဆိုရင်တော့ ကွန်ဒိုမှာ ဝယ်နေပေါ့ အားလုံးအိုကေတယ်။ ဒီတော့က ပိုက်ဆံမရှိတဲ့ ပြည်သူအ များဟာ နောက်ဘုန်းကြီး နှစ်ချက်ခေါက်တာကိုခံနေရတယ်လို့ ခံစားရတယ်။
အခုပြောနေတာတွေက ပိုက်ဆံမရှိတဲ့လူတန်းစားအတွက် ခံစားပြတာနော် ပိုက်ဆံရှိရင်တော့ ရေတွေမီးတွေ လောက်ကို ထည့်မပြောနဲ့ အကုန်လုပ်လို့ရတယ်။
အဘတို့ခေတ်တုန်းကလည်း အဘတို့ခေတ်မို့ အခု အမေ့ခေတ်ရောက်လာပြန်တော့လည်း အမေ့ခေတ်မို့ လို့ ပြောရုံမှအပ ပြည်သူဟာ ဘာမှ မတက်နိုင်ပေ။ အရပ်ထဲမှာပြောနေတဲ့ စကားပုံလိုဖြစ်နေတယ် “ ရှေ့ဘုန်းကြီး က တစ်ချက်ခေါက်ရင် နောက်ဘုန်းကြီးက နှစ်ချက်ခေါက်မယ်῎ အခုအဲဒီလိုများ ဖြစ်နေရော့သလားလို့ အံချ လိုက်ရပါတယ်။

ဒိုးကြီး(ဝိဘဇ္ဇ) 1.Jun.17 – 9;22 am

No comments:

Related Posts Plugin for WordPress, Blogger...