Saturday 5 September 2015

ငါ့ ကဗျာ . .. .



နီရဲ့နေတဲ့ ကောင်းကင်ယံမှာ . .
ဒေါင်းတစ်ကောင်ပျံသန်းနေတယ် .. ။

အတက်ခက် အဆင်းမလွယ်တဲ့
ခြင်္သေ့တစ်ကောင်ရဲ့ မာန်သံကြားမှာ
ဒေါင်းဆိုတာ ကလျှက်ပါပဲ . .။

စနစ်နဲ့ခေတ်ဆိုတာ
ပုခပ်သံကတည်းက ငါယဉ်ပါးလာခဲ့ရသူလေ
ဒါ့ကြောင့်  . .
11 Billion အကြောင်းလည်း ငါစိတ်မဝင်စားတော့ဘူး
သယံဇာတတွေကိုလည်း အိပ်မက်မက်တော့ဘူး
လက်ကာမပြတဲ့ ချစ်သူအတွက်လည်း စိတ်ကုးမယဉ်တော့သလိုပေါ့။

သက်တောင့်သက်သာမရှိတဲ့ ငါ့ဘဝဟာ
သမ္မတတစ်ယောက်ရဲ့ လွတ်ငြိမ်းချမ်းသာလိုပါပဲ
ကြားလိုက်ရပါတယ်  ..
လွတ်ငြိမ်းတည်းပါတဲ့လူဆိုးက ရဲနှစ်ယောက်ကိုလည်လှီးသွားတယ်တဲ့။

လယ်မလုပ်ဘူး  . .
လုပ်စရာလယ်မြေမရှိတော့လို့  . .. ။

တရုတ်နဲ့ပေါင်းပြီးသစ်ခုတ်စားရင်
တစ်တောလုံးခုတ်ရင်တောင် ထောင် (၈) ရက်ဘဲကျတယ်
မိုက်တယ်ဟေ့  ..
ခေတ်ကောင်းတယ်ဆိုတာ ဒါကိုခေါ်တာပဲ။

ကောင်မလေးတွေ သနပ်ခါးမလိမ်းတော့တာလည်းမပြောနဲ့လေ
သနပ်ခါးပင်ဆိုတာ မြေဝါမှုန့်တွေ . .တဲ့။

စကပ်အတိုတွေဝတ်တာလည်းမပြောနဲ့လေ
ကုန်ဈေးနှုန်းကြီးရင့်မှုကရှိသေးတယ်မဟုတ်လား။

ဆက်ရေးမယ်  . .ဆက်ပြောမယ်
စိတ်ပါလက်ပါရှိတဲ့နေ့မှာပေါ့။

ဟိုက်  . .
ပြောရင်းဆိုရင်း ငါ့ဖုန်းဘေလေးလည်းကုန်ပြန်ပါရော့လား။

ရင်နာစွာဖြင့်
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...