Wednesday 30 September 2015

ဆု . . .(Reward)



အို  . . . မြတ်သောသိကြားမင်း
ငါ့၏ရင်မှာ . . . .
လောဘတွေ မဖြစ်ပါရစေနဲ့  . ..
ငါ့၏ရင်မှာ . . . .
ဒေါသတွေ မဖြစ်ပါရစေနဲ့  .. . ။
အို  .. .  မြတ်သောသိကြားမင်း  . .
ငါ၏ ဝန်ကျင်းအနီးအပါး၌ . ..
လူမိုက်ကို မမြင်ရပါလို  . .
လူမိုက်ရှိသည်ဟုလည်း မကြားရပါလို  . . .
လူမိုက်နှင့်မပေါင်းသင်းရပါလို  .. .
လူမိုက်နှင့် စကားမျှပင် မပြောရပါလို  .. ။
အို  . ..  မြတ်သောသိကြားမင်း  . .
ငါသည် ပညာရှိကိုသာ မြင်တွေ့ရပါလို၏
ပညာရှိသည် ဤအရပ်၌နေသည်ဟု ကြားသိရပါလို၏
ပညာရှိနှင့် စကားပြောဟော တသောသောနှင့် ပေါင်းသင်းမှီဝဲရပါလို၏
ထိုပညာရှိသည် ငါ့အား နှစ်သက်ရပါလို၏။
အို  . ..  မြတ်သောသိကြားမင်း  . .
နံက်မိုးသောက်သည်နှင့် . . . . .
မွန်မြတ်သောအစာတို့နှင့် သီလရှိသောအလှူခံပုဂ္ဂိုလ်တို့သည်
ဖြစ်ရှိပါစေ .. .၊ ငါပေးလှူလိုက်သော အလှူဖွယ်တို့သည်
မကုန်ခန်းရပါလို  .. ၊ပေးရသောငါ့အား ပေးလိုက်ရသည်ဟူ၍
နောင်တတစ်
ဖန်မဖြစ်ရပါလို  . .၊
အို  . ..  မြတ်သောသိကြားမင်း  . .
ထိုသောဆုတို့ကို သင်းပေးနိုင်သည်ဆိုက ပေးလော  . . .
ကျမ်းကိုး . . .
သုတ္တာန်ပိဋကတ်၊ ခုဒ္ဒကနိကာယ်၊
ပါဌဇာတ်၊ ဟတရသနိပါတ်ပါဠိတော်နိသျ၊ မိုးထိ- မူ ၊ ပတွဲ နှာ၁၇-
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...