Wednesday 9 September 2015

The benefit to mother.



ကျေးဇူးတရားအစားစားကို မမေ့ရန် ပိဋကတ်စာပေတွင် ဖတ်ရှု့ရသည်။
ဤသည်ပင်လျှင် ပိဋကတ်စာပေအား ကျွန်တော်တို့ ကျေးဇူးတင်ရဦး
မည်ဖြစ်သည်။
ပိဋကတ်တွင် လူသားယဉ်ကျေးမှုများကို ဖေါ်ကျူးထားသည်။ ပိဋကတ်ကို
စူးစူးစိုက်စိုက် ဖတ်ရှု့ဆင်ခြင်နှလုံးသွင်းပွားများမည်ဆိုပါက လူသားတွင်
အကုသိုလ်အညစ်အကြေးတို့ လုံးပါးပါးမည်ဖြစ်သည်။
အကယ်၍ ပိဋကတ်စာပေကို ကမ္ဘာ့လူသားတို့ သင်ကြားလေ့လာကြမည်
ဆိုပါကတတိယကမ္ဘာစစ်ကိုမဆိုထားနှင့် ရပ်ကွက်ကျေးရွာတို့တွင် ခြံတခါး
သော့ပိတ်စရာမလို လယ်သိမ်းယာသိမ်းအာဏာသိမ်းမှုများမရှိ တကယ့်ကို
ငြိမ်းအေးသောဘဝပိုင်ရှင်များအဖြစ် အသက်သွင်းနိုင်မည်ဖြစ်သည်။
ထို့ကြောင့်ပင်မသိ ကျွန်တော့ရင်ဘတ်တွင် အနုပညာမှအပ အခြားပိုင်စိုး
မှုများကို နေရာပေးထားသည်မရှိပေ။ ထမင်းမငတ်သရွေ့ ဤမျှလောက်ပိ
ဋကတ်ကိုချစ်သည်မဟုတ်။ ပိဋကတ်၏ ယဉ်ကျေးမှုကြောင့် ထမင်း
ငတ်ခြင်းသည် သာမညဖြစ်သွားသည်။
ထို့ကြောင့်ပင် ကျွန်တော်သည် အမေ့အား ငွေတစ်ထောင်ကျပ်မျှပင် မ
ကန်တော့ဘူးခဲ့ခြေ။ ကျွန်တော် ရသော ဒေါ်လာအချို့နှင့်ငွေကြေးတို့ကို
ကျွန်တော်လုပ်နေသော အနုပညာထဲသို့ပင် လောင်းချလိုက်ခြင်းကြောင့်
ပင်ဖြစ်ပါသည်။
ဒီနေ့တော့ကျွန်တော်ကံကောင်းသည်။ ကျွန်တော့ထံသို့ ဂျပန်နိုင်ငံမှ
Rina ဆိုသော ပန်းချီဝါသာနာရှင်က ပန်းချီလာသင်သည်။ သူ့ရဲ့ အိုင်
ဖုန်းထဲမှာ ရွှေတိဂုံဘုရားပုံတော်လေးကို အခုလိုတွေ့ရသည်။
ကျွန်တော်ဆွဲခြင်စိတ်ပေါက်လာသည်။ ထို့သို့ဖြင့်အခုလိုချဆွဲခဲ့သည်။
ဆွဲရင်းပိဋကတ်ကိုစဉ်းစားမိသည်။
ပိဋကတ်တွင် စေတီလေးမျိုးရှိသည်။ ဓာတု၊ဓမ္မ၊ဥဒိဿ၊ပရိဘောဂ၊ဟူ၍ဖြစ်
သည်။ အခု ကျွန်တော်ဆွဲလိုက်သော စေတီသည်ကား ထိုလေးမျိုးတို့တွင်
အကျုံးဝင်နေသည်။ စေတီလှူရသောအလှူသည် လောကတွင်မွန်မြတ်သည်
နိဗ္ဗာန်သို့မရောက်မီစပ်ကြား အပါယ်လေးပါးမှလွတ်သည်။ ဒီကောင်း
မှုကြောင့်ဒီဘဝမှအပ နိဗ္ဗာန်သို့မရောက်မီစပ်ကြား ကျွန်တော်သည် မြန်
မာနိုင်ငံလို မိစ္ဆာလူမျိုးတို့ကြီးစိုးအုပ်ချုပ်သောစစ်အာဏာရှင်လက်အောက်
တွင် မနေရတော့ပြီနောက်ဆုံး ယင်းစေတီ၏အကျိုးကြောင့် ဗုဒ္ဓနုဿတိသ
တ္တိဖြင့် ကျွန်တော်သည်နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်မည်ဖြစ်သည်။
ဤသည်ကား စေတီလေးမျိုးတို့ကိုလှူဒါန်းရသောအကျိုးပင်ဖြစ်သည်။
သို့သော်အလှူရှင်သည် သန့်ရှင်းသောငွေဖြစ်ရမည်။ ပြည်သူတို့မျက်
ရည်ကြီးပေါက်ဖြင့်ရအပ်သောငွေ . ခိုးဆိုးလုယက် လိမ်လည်လှည့်ဖြား
သောငွေဖြစ်ပါက အကျိုးဝိပါကသည် မထင်ရှားတော့ချေ။ သာဓကဆောင်
ရသော် မျက်မှောက်ခေတ်မြန်မာနိုင်ငံတွင် မြင်နေရသော ခရိုနီများပင်
တည်း။
ထို့ကြောင့် သန့်ရှင်းသော ကျွန်တော့ရဲ့အနုပညာဖြင့် အမေ့အား ကျွန်
တော်ကျေးဇူးဆပ်ခွင့်ရလိုက်သည်။ အမေသည် သူ့ရဲ့တစ်ဦးတည်းသော
သားမောာင်ဒိုးကြီးရေးဆွဲသော  ဒီရွှေတိဂုံစေတီပုံတူလေးအားညစဉ်တိုင်း
ရှိခိုး၍ ဗုဒ္ဓါနုဿတိဘာဝနာပွားများမည်ဆိုသည်မှာ မြေကြီးလက်နှင့်ခပ်လျှင်
လွဲချေဦးတော့မည်။
ဟုတ်ကဲ့  ..
ကျွန်တော်လူဖြစ်ကျိုးနပ်ခဲ့သည်  .. အမေ့ကိုလည်း အမှောင်ထုထဲမှ
ထမ်းပိုးခွင့်ရခဲ့သည်။
ကျွန်တော်တို့ မိဘကျေးဇူးကို ကျေအောင်ဆပ်နိုင်ကြရင်ဖြင့်  . .. .။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...