Monday 5 October 2015

ဇာတ်သမား



“ ဇာတ်သမားလာတော့ မှတ်သားစရာပါမယ် ”
 “ ဇာတ်သမားပြန်တော့လည်းမှတ်သားစရာကျန်ရမယ် ”
အထက်ပါ စကားလေးကို ကျွန်တော်ငယ်စဉ်ကတည်းက နားရည်ဝခဲ့ရပါ
တယ်။
အထူးမှာ ၊ ကျွန်တော်မွေးဖွားရာဇာတိမြို့လေးသည် မြစ်ဝကျွန်းပေါ်ဖြစ်
သည့်အလျှောက် သီတင်းကျွတ်သည်နှင့် မြစ်ရေအလျှဉ်တို့ လျှော့ပါးကာ
ဧရာဝတီမြစ်ကမ်းနဖူးတွင် သဲပြင်ဖွေးဖွေးများက ကျယ်ပြန့်စွာနေရာယူ
ထားနှင့်ကြလေသည်။

ထိုနေရာကို မြို့ပေါ်ရှိ သူဌေးသူကြွယ်တို့က နာမည်ကျော်ဇာတ်အဖွဲ့များကို
ငှားရမ်းကာ စီးပွားရှာကြပါသည်။ တွံတေးသိန်းတန်၊ မိုးဝင်း၊နန်းဝင်း၊ ရွှေမန်း
တင်မောင်၊စတဲ့နာမည်ကြီးဇာတ်များဆိုလျှင် ကန်ထရိုက်များမရှုံးဘဲ မြတ်ကြ
သည်ကများသည်။
နောက် ၊ ရာသီဥတုမဖေါက်ပြန်ပါကလည်း တောင်သူဦးကြီးများ၏ စပါးများ
ကောင်းသဖြင့် ဝင်ငွေလေးမှန်သောကြောင်း အားရဝမ်းသာစွာ တစ်မိုးတွင်း
လုံး နွားနှင့်ဖက်ရုန်းရသော ပင်းပန်းမှုများကို ပြေစိမ့်သောငှာမိသားစုလိုက်
ဇာတ်ပွဲကိုလာကြည့်ကြသည်။ ကလသား၊ကာလသမီးတို့ကတော့ ဇာတ်ပွဲဟူ
သည် သူတို့၏ ချစ်ရည်လူးသော ညပေါ့။
(စကားကြွင်း) ကျွန်တော် ဒီအကြောင်းနဲ့ပတ်သတ်ပြီးကဗျာရေးထားခဲ့သည်မှာ
ဆယ်နှစ်လောက်ကြာခဲ့ပါပြီ လုံးခြင်းထုတ်ဖို့ရည်ရွယ်ပြီးအခုထိ သိမ်းထားဆဲ
ပါ။

ကဲ  . . ကျွန်တော်ပြောချင်တဲ့စကားလေးကိုပြန်ကောက်ရင်  . .. ဇာတ်သမား
ပါပဲ။
ဇာတ်သဘင်ဟူသည် ကိလေသာအငွေ့အသက်များပါသော်လည်း ရှေးက
ဇာတ်သမားကြီးများကတော့ ထိုသို့မဟုတ် ဗုဒ္ဓပိဋကတ်တော်လာ ဇာတကနိ
ပါတ်များကိုရှာဖွေဖတ်ရှု့လေ့လာထားကြည့်အလျှောက် သူတို့၏ နောက်ပိုင်း
ဇာတ်လမ်းများနှစ်ပါးသွားများတွင် ထည့်သွင်းပြောဆိုလေ့ရှိကြပါသည်။

ကျွန်တော်က အဲဒါကိုမှတ်ထားမိနေရက်သားဖြစ်သည်။ နှစ်ပါးသွားကပြီးသည်
နှင့် နောက်ပိုင်းဇာတ်တော်ကြီးကို ကပြအသုံးတော်ခံသည်။ ထိုအခါ လူရွှင်
တော်ကြီးများက . . . . .
 “ ဇာတ်သမားလာတော့ မှတ်သားစရာပါမယ် ”
 “ ဇာတ်သမားပြန်တော့လည်းမှတ်သားစရာကျန်ရမယ် ”  ဆိုသောစကား
ကိုကြွေးကြော်ကာ ရွှေပွဲလာပရိတ်သတ်တို့အား ဘုံဘဝတို့၏ မှတ်သား
ဖွယ်ရာသံဝေဃဖြစ်ဖွယ်ရာတို့ကို တင်ဆက်ကပြကြပါသည်။

အခုလည်း  ..
ကျွန်တော်သည် မအားလပ်သည့်ကြားမှ Facebook ပေါ်သို့ရောက်တိုင်း မိမိ၏ဖရင့်များ၏ ဗဟုသုတဖြစ်ဖွယ်ရာ သံဝေဃဆင်ခြင်စရာများကို ကြည့်
မိပါသည်။
ထိုအခါ Ma Kyar Nyohttps://www.facebook.com/photo.php?fbid=746161575488156&set=a.255969594507359.57444.100002829605318&type=3
အကောင့်တွင် သူ၏မိသားစုအကြောင်းကို အားရဝမ်းသာစွာ ဓာတ်ပုံများဖြင့်
တင်ပြထားပါသည်။  ကြည့်မိသော ဖတ်မိသောကျွန်တော်သည် အခုလို
စကားလုံးများပွင့်အံထွက်ကျပါတော့သည်  . .. ။

ဘဝဆိုတဲ့  . . . . အိမ် . .
ထိုအိမ်လေးမှာာ ကျွန်တော်တို့တွေ ခဏတာခိုနားနေကြတာပါ။ ဗုဒ္ဓအဘိ
ဓမ္မာကိုလေ့လာမိတော့ လူ့ဘဝဆိုတာ အခြားသောဘုံဘဝတွေထက်
တကယ်မှ ခဏလေးပါ။ ထိုခဏလေးမှာ မိသားစုတွေ အခုလို ချစ်ချစ်ခင်
ခင်ကြင်နာစွာနေထိုင်ခွင့်ရခြင်းဟာ တကယ့်ကို မင်္ဂလာတစ်ပါးပါ။
 “ မာတာပိတု ဥပဌာနံ ” ဆိုသောစကားအတိုင်း သားသမီးများသည် မိဘတို့အား ကာယသုခစိတ္တသုခဖြစ်အောင် စီမံဖန်တီးပေးခြင်းပင်ဖြစ်သည်။
ဘဝဆိုသောအိမ်လေးတွင် ကျွန်တော်တို့သည် အမိဝမ်းကို အမှီသဟဲပြု၍
ဘဝခန္ဓာကို စတင်တည်ဆောက်ခဲ့ကြပါသည်။ ဗုဒ္ဓက အမိအဘသုတ်သွေးနှင့်
မိမိ၏ကံဟူသော သုံးဦးပေါင်းက ဘဝခန္ဓာအိမ်ကိုစတင်တည်ဆောက်ခွင့်ရ
သည်ဟုဆိုပါသည်။
ဗုဒ္ဓရှင်တော်သည် ဖန်ဆင်းသည်ဟူသောစကားကို ရွံရှာစက်တော်မူပါသည်။
အကြောင်းအကျိုးဆက်ဆက်မှုရှိသော Action or Reaction ကိုသာလက်ခံ
ဟောပြဆိုဆုံးမခဲ့ပါသည်။
အလွယ်လိုက် လူပြိန်းကြိုက် ဖန်ဆင်းရှင်ဟူသော ယုတ္တိမတန်သောစကား
ကိုဗုဒ္ဓရှင်တော်သည် 45 နှစ်သောကာလပတ်လုံးမဟောကြားခဲ့ပါ။ ထို့ကြောင့်
ဘဝခန္ဓာကို စသည်နှင့်အမိသည်လည်းကောင်း အဖသည်လည်းကောင်း
သားသမီး၏ကျေးဇူးတင်ထိုက်သော ကျေးဇူးရှင်ဖြစ်သည်ဟု ဗုဒ္ဓကညွှန်ကြား
တော်မူခဲ့ပါသည်။ ဖန်ဆင်းရှင်ဝါဒသည် မိဘထက် ထိုဖန်ဆင်းရှင်ကိုသာ
အလေးဂရုပြုနေရသည်။
ဤသည်ကား သဘာဝယုတ္တိမကျလှပေ။ အမေက ကိုးလလွယ်၍ ဆယ်လ
ဖွားကာသချိုင်းကုန်းကို ခြေကန်၍ မွေးခဲ့ရသည်။ သို့သော် ထိုဖန်ဆင်းရှင်က
သူဖန်ဆင်းလိုက်သည်ဟု ဆိုသည်။ ထိုသို့သူဖန်ဆင်းလျှင် အမိနှင့်အဖတို့
အားဘာလို့ကျေးဇူးတင်နေရဦးမည်နည်း။
ယုတ္တိဗေဒမဆန်လှသော စကားရပ်တို့အား ဗုဒ္ဓ၏ ပိဋတကက်တွင် စိုးစဉ်းမျှ
မတွေ့ရချေ။ ဗုဒ္ဓသည် ဝိဘဇ္ဇဆန်ဆန် အားလုံးကို ဝေဖန်ပိုင်းခြားကာ
ကမ္ဘာမြေအတွက်လောကသားများအတွက် လမ်းညွှန်မှုကိုပေးခဲ့ပါသည်။
အသက်စတေးမွေးခဲ့ရသော အမိအဖအတွက် ဗုဒ္ဓသည် ကျေးဇူးအထူး
ဆပ်သင့်ကြောင့် တဖွဖွဟောကြားခဲ့သည်မှာ ကျွန်တော်တို့ မျက်မှောက်
ခေတ်မိသားစုများအတွက် ငြိမ်းချမ်းရေးပင်ဖြစ်သည်။
မိသားစုတိုင်းငြိမ်းချမ်းပါက ရပ်ကွက်တိုင်းငြိမ်းချမ်းမည်။ ရပ်ကွက်တိုင်းငြိမ်း
ချမ်းပါကမြို့နယ်တိုင်းငြိမ်းချမ်းမည်  .. ထို့သို့ဖြင့်ကမ္ဘာကြီးသည် တကယ့်ငြိမ်း
ချမ်းသောရွာကြီးပင်ဖြစ်တော့သည်။ ဒါကိုရည်ရော်၍ ဗုဒ္ဓသည် “ မာတာပိတု
ဥပဌာနံ ” ဟူသောမင်္ဂလာတရားတော်ကြီးကို ဟောကြားတော်မူခဲ့ခြင်းဖြစ်
သည်။

ဘဝဟူသည် ခဏလေး  ..
ထိုဘဝခဏလေးတွင် အမိနှင့်အဖတို့၏ ကျေးဇူးကို မျက်ကွယ်မပြုရန်
ဗုဒ္ဓသည်အထူးတလည် ဥပမေယျများဖြင့် ဟောကြားခဲ့သည်။ ကျွန်တော်
စဉ်းစားမိသည်မှာဗုဒ္ဓ၏ အံ့သြဖွယ်ရာ ဉာဏ်တော်ပင်တည်း။
ဗုဒ္ဓ၏စကားတိုင်း၌ ကမ္ဘာကိုထိမ်းသိမ်းစောက်ရှောက်ရန်ပါသည်။ ကမ္ဘာကို
အလေးဂရုပြုရန်ပါသည်။ ကမ္ဘာ၏ရေမြေတောတောင်သဘာဝကို ဗုဒ္ဓသည်
ငြိမ်းချမ်းသောသင်္ကေတအဖြစ်သွင်သင်ခဲ့သလို  . ..  အမိနှင့်အဖတို့ကို
သားသမီးတို့က ချစ်ကြောက်ရိုသေခြင်းသည်လည်း ကမ္ဘာ၏ငြိမ်းချမ်း
ရေးပြယုဂ်ဟု ဆိုသည်။

ဟုတ်ကဲ့  ..  ကျွန်တော်စိတ်ရှိတိုင်း ရေးရပါမူကား ဆုံးဖွယ်ရာမရှိ နိဂုံးချုံ့
လိုက်ပါရစေ အထက်ကပြောခဲ့သော ဇာတ်သမားကြီးတို့၏ စကားရပ်
အတိုင်းပင် ကျွန်တော် Facebook ပေါ်လာရင် မှတ်သားစရာတွေပါမှာပါ။
ကျွန်တော် Facebook ပေါ်က ပြန်ဆင်းသွားရင်လည်း မိတ်ဆွေများအတွက်
မှတ်သားစရာတွေကျန်ရစ်နိုင်ပါတယ်ဟု ကျွန်တော် ယုံကြည်နေမိပါသည်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...