Thursday 29 October 2015

clouds returning home (တိမ်အပြန်)


နေသည်လည်း အပြန် ၊ တိမ်သည်လည်းအပြန် ၊ ကျွန်တော်သည်လည်းအပြန်၊
အားလုံးအတွက် အပြန်ခရီးဟာ  နီးသထက်နီးလာပြီ  . .။
အခုမှ ကောင်းကင်သို့ သတိထားမိသည် တိမ်ခြေရာတို့ တစ်ရွေ့ခြင်းရွေ့ ၊
ငှက်တို့လည်း ဒီအချိန်အိပ်တန်းဆီသို့ ..
တိမ်တို့အိမ်သို့ပြန်ချိန်မှာ ကျွန်တော်လည်း အိမ်သို့ပြန်လာရာလမ်းပေါ်မှာပါပဲ
ထိုနေရာလေးက ကျောက်ပန်းတောင်းမြို့နဲ့ မိတ္ထိလာနှစ်ခုရဲ့အကြားကပါ။
တိမ်အပြန်ကိုကြည့်ပြီး ကျွန်တော်လည်း အိမ်ကိုပြန်ရဦးမယ်မဟုတ်ပါလား။
ကျွန်တော်တည်းဟူသော သတ္တလောကကြီးတစ်ခုလုံးသည် တစ်ညနေမှ
တစ်နံက်ခင်းသို့ ကူးသန်းရင်း တိမ်တို့အိမ်ပြန်သကဲ့သို့နှယ်  .. ။
ကျွန်တော် ကောင်းကင်ကိုသေချာသတိထားမိတာက တိမ်တွေခြေရာဟာ
ငှက်လေးတစ်ကောင်အိပ်တန်းပြန်နေတဲ့သဏ္ဍာန်လိုပါပဲ။
ယင်းစက္ကန့်ပိုင်းလေးကို အမိအရဓာတ်ပုံရိုက်ရင်း တိမ်တွေရဲ့တီးတိုးရွတ်ဆိုသံကို
ကြားလိုက်ရပါတယ် ။
 “ ဘဝဟူသည် ခဏလေး ”
 “ ထိုအခိုက် အတ္တမာနများကို လွှတ်ချကြ”
 “ ကိုယ်မပိုင်တဲ့ ပြည်သူပိုင်တွေကို ရောင်းမစားနဲ့ ”
 “ သံယံဇာတကနဲ့လည်းလိုက်တဲ့ဒေါ်လာငွေဟာ
စက္ကူအစစ်တွေဆိုတာမင်းနားလည်ပါ”
 “ အာဏာရှင် ခရိုနီဆိုတာ အဖိုးမတန်တဲ့ စက္ကူတွေကို
အဖိုးတန်တဲ့သယံဇာတနဲ့လည်း
   နေတဲ့ ကောင်တွေပါပဲ”
 “ လယ်လုပ်ရင်း ထမင်းငတ်တာ မြန်မာပြည်အာဏာရှင်စနစ်”
 “ ဖောင်စီးရင်း ရေလမ်းပျောက်တာ မြန်မာပြည်အာဏာရှင်စနစ်”
 “ တောင်တွေကို မြေမှုန်ဘဝပြောင်းသွားတာ မြန်မာပြည်အာဏာရှင်စနစ်”
“ ဘိုးဖွားပိုင်မြေမှ တပ်ပိုင်မြေသို့ကူးပြောင်းသွားတာမြန်မာပြည်အာဏာရှင်စနစ်”
“ သစ်တောနှင့်သစ်ပင် ချစ်ခင်တဲ့လူမျိုးဘဝမှတရုတ်ပြည်သို့
ကားပေါ်တင်ခေါ်သွားခံလိုက်ရတာ မြန်မာပြည်အာဏာရှင်စနစ်”
သြော်  ..  .
တိမ်အပြန်  . ..
တိမ်အပြန်  .. .
တိမ်အပြန်  .. .
သူ့ကဗျာက တကယ့် ကဗျာအစစ်ပါလားနော်  . . ။
သဗ္ဗေသတ္တာ မရဏန္တိ
ဒိုးကြီး (ဝိဘဇ္ဇ)

No comments:

Related Posts Plugin for WordPress, Blogger...