Tuesday 20 October 2015

What For



ဓာတ်ပုံတွေ ပန်းချီတွေ ကဗျာတွေ ဆိုတာ ဖန်တီးသူရဲ့ရင်ဘတ်တစ်ခုပါ။
မိမိကိုယ်တိုင် အကြောင်းမဲ့ ဓာတ်ပုံတစ်ပုံမရိုက်ဖြစ်သလို အဓိပ္ပါယ်ကင်း
မဲ့သော ကဗျာဆောင်းပါးများကိုမရေးသားခဲ့ဘူးပါဘူး။
အခုလည်း ကျွန်တော် ဒီဓာတ်ပုံလေးကိုရိုက်ဖြစ်ခဲ့တာဟာ ရင်ဘတ်ထဲကို
Question တွေ တစ်သီတစ်တန်းကြီးရောက်လာလို့ပါပဲ။ အဲဒီထဲကမှာ
ဒီမေးခွန်းလေးက နံက်အိပ်ယာထတိုင်းကိုယ့်ကိုယ်ကိုယ်ေ မးဖြစ်နေပါ
တယ် “ What For” “ ဘာအတွက်လည်း ”
 ကျွန်တော်တို့တွေရဲ့ အသက်ရှင်သန်ခြင်းဟာ What For ဘာအတွက်
လည်း။ အခုဓာတ်ပုံထဲက အိပ်နေတဲ့ ငှက်လှောင်အိမ်ပိုင်ရှင်အဒေါ်ကြီး
ရယ် လှောင်အိမ်ထဲက အပြစ်မဲ့ ငှက်ကလေးတွေရယ် ဓာတ်ပုံရိုက်လိုက်
တဲ့ကျွန်တော်ရယ်  အခုစာနဲ့ဒီဓာတ်ပုံကိုကြည့်နေတဲ့ ခင်ဗျားရယ်  ..
 “ What For ” အသက်ရှင်နေကြတာလည်း ?
ကျွန်တော်မေးခွန်းလေးကို ကျွန်တော်ကိုယ်တိုင်ပဲ မဖြေနိုင်ခဲ့ပါဘူး။
ကျွန်တော်လိုပဲ သတ္တလောကကြီးတစ်ခုလုံရော “ What For” ဘာအတွက်
အသက်ရှင်နေတာလည်းဆိုတဲ့မေးခွန်းကို ဖြေနိုင်ရန်တုန့်ဆိုင်းနေကြပါ
လိမ့်မည်။
ဒီမေးခွန်းကို လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ငါးရာကျော်ကတည်းက
အတုမရှိဗုဒ္ဓမြတ်စွာသည် ဖြေကြားထားခဲ့ဖူးပါတယ်။
(၁) လောကတ္ထစရိယာ
(၂) ဉာတတ္ထစရိယာ
(၃) ဗုဒ္ဓတ္ထစရိယာ  . . တဲ့။
ဗုဒ္ဓသည် လောကကြီးရဲ့ကောင်းကျိုးအတွက် အသက်ရှင်သန်ခဲ့တယ်
သူ့ရဲ့ဆွေတော်မျိုးတော်တွေ ကောင်းကျိုးအတွက် အသက်ရှင်သန်ခဲ့တယ်
နောက် ဘုရားဖြစ်ဖို့အတွက် အသက်ရှင်သန်ခဲ့တယ်။
သို့သော်လည်းပဲ ကျွန်တော်တို့လို သာမန်လူသားတွေကတော့ ဒီလိုမျိုး
ဆန္ဒသုံးပါးကို ရဲရဲကြီးချတင်းလုပ်ဆောင်နိုင်ခြင်းမရှိကြပါဘူး။
ဒီသုံးပါးဆန္ဒကကြီးကျယ်လွန်းလို့အသာထားပါဦး မိမိတို့ရဲ့ရပ်ရွာကောင်း
ကျိုးကို အားကျိုးမာန်တက်ဆောင်ရွက်ခဲ့ဖူးပါသလား? မိမိမိသားစုကောင်း
ကျိုးကို သည်ပိုးဆောင်ရွက်ခဲ့ဖူးပါသလား ? နောက်ဆုံးဆန္ဒဖြစ်တဲ့မိမိရဲ့
ကောင်းကျိုးကိုယ်ပင် ကျိုးစားခဲ့ဖူးပါသလား? Facebook ပေါ်မှာကိုယ့်
ဓာတ်ပုံကိုယ်တင် အပျိုမြင်လိုက်ငေး တဏှာအရိုးလိုက် ခွေးမိုက်သို့နှယ်
အဓိပ္ပါယ်အချီးအနှီး အကျိုးရှိမည့်ဆောင်းပါးကဗျာဆို ဝေလာမှဝေး
သေးဘေးကိုမစဉ်းစား အမိုက်ကြီးမိုက်နေကြသည်ကို သတိမထားမိကြ
ပေ။
ထို့ကြောင့် ကျွန်တော်သည် အားရင်အားသလို အခုလို အပ္ပမာမဒ ကဗျာ
အပ္ပမာဒ ဓာတ်ပုံ အပ္ပမာဒ ပန်းချီများကိုရေးဆွဲကာ ဓမ္မဒါနဲအဖြစ်
ဝေငှတက်ပါသည်။
သို့ဖြစ်ပါ၍ ကျွန်တော့်ရဲ့ ရင်ဘတ်ထဲက ပွင့်အံထွက်ကျလာသော
အနုပညာများကို ဖတ်ရှု့ခံစားရင်း  .. မိတ်ဆွေသည် .
အာဏာရူးသွပ်ခြင်းဘေးမှလည်းကောင်း  .. .
ပြည်သူတို့၏သယံဇာတကို ခိုးစားသောသူခိုးခရိုနီကြီးအဖြစ်မှလည်းကောင်း
ဗုဒ္ဓစေတီပုထိုးများသဃာတော်များကို သတ်ဖြတ်သောသူယုတ်အဖြစ်မှ၎င်း
ရှောင်ရှားနိုင်ပြီးလျှင် လောကကောင်းကျိုး မိမိကောင်းကျိုးကိုသည်ပိုးနိုင်ပါစေဟု
ဆန္ဒပြုမိပါသည်။
ဒီဓမ္မဒါနကို လွတ်လပ်စွာ Share နိုင်ပါသည်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...