Thursday 8 October 2015

ဘယ်မှာလည်း . . . သစ်ပင် (Where Trees)



“ သစ်တော နဲ့ သစ်ပင် ”
 “ ခုတ်ထွင်တဲ့ ခရိုဆိုး”
 “ တောင်မကျန်ဖြိုကာ ဗျင်း‛တယ် ”
 “ ထောင် ရှစ်ရက် မျိုး ”
ဒိုးကြီး (ဝိဘဇ္ဇ)
အာဏာရှင်နဲ့ ခရိုနီတို့ရဲ့ မိုက်ကြွေးတွေက မြန်မာနိုင်ငံရှိပြည်သူတွေ
အတွက် အခုလိုသစ်ပင်တွေရှားပါးနေခြင်းပါပဲ။သစ်ပင်ဆိုတာကျွန်တော်
တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်တင်လိုအပ်နေတာမျိုးမဟုတ်ပါ
ဘူးကမ္ဘာကြီးအတွက်ပါ မရှိမဖြစ်လိုအပ်နေတာပါ။
ပြည်သူအချို့က သစ်ပင်တွေကို အခုလိုစိုက်ပျိုးနေချိန်မှာ တောကြီး
တောင်ကြီးထဲကသစ်ပင်တွေကတော့ တရုတ်ပြည်ထဲကို ပြောင်းရွေသွား
ကြတယ်။
အားလုံးဟာ နိယာမတရားအရ သေဆုံးပျောက်ကွယ်ကြရမည်ဖြစ်သော်
လည်း ကမ္ဘာ့ရာသီဥတုကို ထိမ်းညိစေနိုင်ဖို့အတွက် အားလုံးမှာတာဝန်ရှိ
ပါတယ်။ ကိုယ်တိုင်လည်း တာဝန်ရှိတယ်ထင်လို့ အခုလိုစာရေးနေတာပါ
ဒီကနေ့ ရန်ကုန်မြို့ပြတစ်ခုမှာ အခုလိုသစ်ပင်စိုက်နေတာကိုတွေ့တာနဲ့
ဒီပိုစ့်လေးတင်မိပါတယ်။
အားလုံးသစ်ပင်ကိုချစ်မြတ်နိုးကြပါစေ  ..
“ သစ်တော နဲ့ သစ်ပင် ”
 “ ခုတ်ထွင်တဲ့ ခရိုဆိုး”
 “ တောင်မကျန်ဖြိုကာ ဗျင်း‛တယ် ”
 “ ထောင် ရှစ်ရက် မျိုး ”
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...